ထိုသူတို့သည်ငါ့ကိုစစ်ဆေးမေးမြန်းပြီး နောက် ငါ၏အမှုတွင်သေဒဏ်ပေးထိုက်သော အကြောင်းတစ်စုံတစ်ရာမျှမတွေ့ရ သဖြင့်ငါ့အားလွှတ်လိုကြ၏။-
စစ် မေး ပြီး နောက် သေ ပြစ် မ တွေ့ သ ဖြင့်၊ ငါ့ ကို လွှတ် လို ကြ ရာ တွင်
ရောမလူတို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ၊ သေထိုက်သော အပြစ်တစ်စုံတစ်ခုကိုမျှ မတွေ့သဖြင့် လွှတ်ခြင်းငှာ အလိုရှိကြ၏။-
ရောမလူမျိုးတို့သည် အကျွန်ုပ်ကိုစစ်ဆေးကြရာ အကျွန်ုပ်၌ သေထိုက်သောပြစ်မှုမတွေ့သောကြောင့် အကျွန်ုပ်ကိုပြန်လွှတ်လိုကြသည်။
ရောမအစိုးရတို့သည် ကျွန်ုပ်ကိုစစ်ဆေးကြသောအခါ သေဒဏ်ခံထိုက်သောပြစ်မှုမတွေ့သောကြောင့် ကျွန်ုပ်အားပြန်လွှတ်လိုကြ၏။
တပ်မှူးသည်ပေါလုအားယုဒအမျိုးသားတို့ က အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြသည်ကိုအသေ အချာသိလို၏။ သို့ဖြစ်၍နောက်တစ်နေ့၌ ပေါလုအားချည်နှောင်ထားသည့်သံကြိုးကို ဖယ်ရှားစေပြီးလျှင် ယဇ်ပုရောဟိတ်ကြီး များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင် အပေါင်းတို့ကိုစုဝေးကြရန်အမိန့်ပေး လေသည်။ ထိုနောက်ပေါလုကိုခေါ်ဆောင်ကာ ထိုသူတို့ရှေ့တွင်ရပ်စေ၏။
ယုဒအမျိုးသားတို့သည်သူ့ကိုမိမိတို့၏ ပညတ်တရားဆိုင်ရာပြဿနာများနှင့်ပတ် သက်၍ပြစ်တင်စွပ်စွဲကြပါသည်။ သူ့မှာသေ ဒဏ်ခံထိုက်သောအပြစ်၊ သို့မဟုတ်ထောင်ဒဏ် ခံထိုက်သောအပြစ်တစ်စုံတစ်ရာမျှမရှိ ကြောင်းကိုအကျွန်ုပ်တွေ့ရှိပါ၏။-
ဘုရင်ခံမင်းသည်လက်ရိပ်ပြ၍ပေါလုအား တင်လျှောက်ခွင့်ပြုသောအခါပေါလုက၊ ``အရှင်သည်ဤလူမျိုးအပေါ်၌နှစ်ပေါင်း များစွာ တရားစီရင်လျက်နေခဲ့သူဖြစ်ကြောင်း အကျွန်ုပ်သိပါ၏။ ထို့ကြောင့်အကျွန်ုပ်မှာအပြစ် မရှိကြောင်းကို အရှင်အားလျှောက်လဲရသည့် အတွက်ဝမ်းမြောက်ပါ၏။-
ဖေလဇ်သည်လမ်းစဉ်တော်အကြောင်းကို ကောင်းစွာသိရှိထားသူဖြစ်သဖြင့် အမှု စစ်ဆေးကြားနာမှုကိုထိုအချိန်၌ရပ် နားလိုက်၏။ သူက ``တပ်မှူးလုသိ ရောက်ရှိလာသောအခါမှသင်တို့အမှု ကိုငါစီရင်ချက်ချမှတ်မည်'' ဟုဆို၏။-
သူသည်သေဒဏ်ခံထိုက်သောအပြစ်တစ်စုံ တစ်ရာကိုမျှမကူးလွန်ကြောင်းကို ကျွန်ုပ် အနေဖြင့်သိပါ၏။ သို့ရာတွင်သူကိုယ်တိုင် ကဘုရင်ဧကရာဇ်မင်းထံတွင်အယူခံ ပါမည်ဟုဆိုသဖြင့် သူ့ကိုဘုရင်မင်းမြတ် ထံတော်သို့ပို့ဆောင်ပေးရန်ကျွန်ုပ်ဆုံးဖြတ် ခဲ့ပါ၏။-