ခုနစ်ရက်ကြာလျှင်ဖန်ဆင်းခဲ့သမျှသော သတ္တဝါများကိုသေကြေပျက်စီးစေခြင်းငှာ ကမ္ဘာမြေကြီးပေါ်၌အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးကိုငါရွာစေမည်'' ဟု မိန့်တော်မူ၏။-
တမန်တော်ဝတ္ထု 28:14 - Common Language Bible ထိုမြို့တွင်ယုံကြည်သူအချို့တို့ကိုတွေ့၍ သူတို့က မိမိတို့နှင့်ခုနစ်ရက်မျှနေရန် တောင်းပန်သည်အတိုင်းနေပြီးနောက် ရောမမြို့သို့ခရီးဆက်ကြ၏။- Garrad Bible ထို မြို့ တွင် ညီ အစ် ကို များ ကို တွေ့ သော် ခု နစ် ရက် တည်း ခို စေ ရန် ငါ တို့ ကို ပင့် ခေါ် ကြ၏။ ထို သို့ ပင် ငါ တို့ သည် ရော မ မြို့ သို့ ရောက် ကြ သ တည်း။ Judson Bible ထိုမြို့၌ ညီအစ်ကိုအချို့တို့ကိုတွေ့၍ ခုနစ်ရက်နေကြပါဟု သူတို့သည်တောင်းပန်သည်အတိုင်း နေပြီးမှ၊ ရောမမြို့သို့ ခရီးသွားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုမြို့တွင် ညီအစ်ကိုတို့ကိုတွေ့ရှိလျှင် သူတို့သည် ငါတို့ကို ခုနစ်ရက်ခန့်နေထိုင်ရန် ဖိတ်ခေါ်ကြ၏။ ဤသို့ဖြင့် ငါတို့သည် ရောမမြို့သို့ရောက်လာကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမြို့တွင် ယုံကြည်သူတို့ကိုတွေ့သော် သူတို့က ခုနစ်ရက်ခန့် နေရန် တောင်းပန်သည့်အတိုင်း နေပြီးနောက် ကျွန်ုပ်တို့သည် ရောမမြို့သို့သွားကြ၏။ |
ခုနစ်ရက်ကြာလျှင်ဖန်ဆင်းခဲ့သမျှသော သတ္တဝါများကိုသေကြေပျက်စီးစေခြင်းငှာ ကမ္ဘာမြေကြီးပေါ်၌အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးကိုငါရွာစေမည်'' ဟု မိန့်တော်မူ၏။-
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေကို ခံသူအပေါင်းနှင့် ဥပဒေသတော်တို့ကိုကင့်သုံးစောင့်ထိန်းသူ အပေါင်းတို့၏မိတ်ဆွေဖြစ်ပါ၏။
``မည်သည့်မြို့ရွာသို့မဆိုသင်တို့ဝင်သောအခါ သင်တို့အားကြိုဆိုလက်ခံမည့်သူကိုရှာကြလော့။ ထိုမြို့ရွာမှထွက်ခွာ၍မသွားမချင်းထိုသူ၏ ထံတွင်တည်းခိုကြလော့။-
သို့ဖြစ်၍ထိုတပည့်တော်သည်သေရတော့ မည်မဟုတ်ဟူသောသတင်းသည်တပည့် တော်တို့အထဲတွင်ပျံ့နှံ့သွား၏။ သို့ရာ တွင်သခင်ယေရှုကထိုတပည့်တော်သည် မသေရဟုမိန့်တော်မူသည်မဟုတ်။ ``ငါ ကြွလာသည်အထိသူ့အားအသက်ရှင် စေရန်ငါအလိုရှိလျှင်သင်နှင့်မည်သို့မျှ မသက်ဆိုင်'' ဟူ၍သာမိန့်တော်မူသတည်း။
ရက်အနည်းငယ်ကြာသောအခါတစ်ရာ့နှစ်ဆယ် ခန့်သောတပည့်တော်ညီအစ်ကိုတို့သည်စုဝေး လျက်ရှိကြ၏။ ထိုအချိန်၌ပေတရုသည်ထ၍၊-
ကောရိန္သုမြို့တွင်အာပေါလုရှိနေစဉ်ပေါလု သည် အထက်ပါဒေသတစ်လျှောက်သို့လှည့်လည် ပြီးနောက် ဧဖက်မြို့သို့ရောက်ရှိလာ၏။ ထိုမြို့တွင် တပည့်တော်အချို့တို့ကိုတွေ့၍၊-
ကျွန်ုပ်တို့မူကားတဆေးမဲ့မုန့်ပွဲလွန်သော အခါ ဖိလိပ္ပုမြို့မှသင်္ဘောလွှင့်၍လာရာငါး ရက်ကြာသော် သူတို့ရှိရာတရောမြို့သို့ ရောက်၍ထိုမြို့တွင်ခုနစ်ရက်မျှနေကြ၏။
ထိုအရပ်တွင်ယုံကြည်သူအချို့တို့ကိုတွေ့ သဖြင့် ကျွန်ုပ်တို့သည်သူတို့နှင့်အတူခုနစ် ရက်မျှနေကြ၏။ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် ပေါလုအား ယေရုရှလင်မြို့သို့ဆက်၍မသွားရန်ပြော ကြားကြ၏။-
ထိုမြို့မှရွက်လွှင့်ပြန်ရာရေဂျုန်မြို့သို့ရောက် ကြ၏။ နောက်တစ်နေ့၌တောင်လေလာသဖြင့် နှစ်ရက်ကြာသော်ပေါတယောလိမြို့သို့ရောက် ကြ၏။-
ထိုရောမမြို့ရှိယုံကြည်သူများသည် ကျွန်ုပ် တို့လာသည့်အကြောင်းကိုကြားသိကြသဖြင့် အပ္ပိစျေးသို့တိုင်အောင်လည်းကောင်း၊ တည်းခို ရိပ်သာသုံးဆောင်သို့တိုင်အောင်လည်းကောင်း လာရောက်ကြိုဆိုကြ၏။ ပေါလုသည်ထိုသူ တို့ကိုမြင်သောအခါ ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၍အားတက်လာ၏။
ထိုသူတို့က ``ငါတို့သည်သင်၏အကြောင်း ယုဒပြည်မှစာတစ်စောင်မျှမရခဲ့ကြပါ။ ငါတို့ယုဒအမျိုးသားညီအစ်ကိုတစ်စုံတစ် ယောက်မျှလည်း လာရောက်၍သင်၏အကြောင်း မကောင်းသတင်းမပြောပါ။-
ညီအစ်ကိုတို့၊ သင်တို့အထဲမှသင်တို့နှစ်သက် သူ လူခုနစ်ယောက်ကိုရွေးချယ်ကြလော့။ ဤ တာဝန်ကိုထမ်းဆောင်စေရန်ထိုသူတို့အား ငါတို့ခန့်ထားမည်။ သူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ ဉာဏ်ပညာနှင့် လည်းကောင်းပြည့်ဝလျက်အသရေရှိသူ များဖြစ်ရမည်။-
ထိုအကြောင်းကိုညီအစ်ကိုတို့ကြားသိသော အခါ သူ့ကိုကဲသရိမြို့သို့ပို့ဆောင်ပြီးလျှင် ထိုမှတစ်ဖန်တာရှုမြို့သို့ထွက်ခွာသွားစေ ကြ၏။
ညီအစ်ကိုတို့၊ ယုဒလူမျိုးမဟုတ်သူလူ မျိုးခြားထံတွင်အမှုတော်ဆောင်ရာ၌ အောင် မြင်ခဲ့သည့်နည်းတူသင်တို့ထံတွင်လည်းအောင် မြင်နိုင်ရန် ငါသည်သင်တို့ထံသို့လာရန်အဖန်ဖန် ကြံစည်ခဲ့၏။ သို့သော်လည်းအကြောင်းမညီ ညွတ်သဖြင့်မလာဖြစ်ခဲ့ကြောင်းကိုသင်တို့ အားသိစေလို၏။-