သူတို့သည်ထိုကျွန်းကိုဖြတ်၍ပါဖုမြို့ အထိလျှောက်သွားကြ၏။ ထိုမြို့တွင်ယုဒ အမျိုးသားမိစ္ဆာပရောဖက်ဖြစ်သောမှော် ဆရာတစ်ယောက်ကိုတွေ့ကြ၏။ သူ၏နာမည် မှာဗာယေရှုဖြစ်၏။-
တမန်တော်ဝတ္ထု 28:1 - Common Language Bible ကျွန်ုပ်တို့သည်ဘေးကင်းစွာကုန်းပေါ်သို့ ရောက်ကြသောအခါ ထိုကျွန်းကိုမေလိတေ ကျွန်းဟုခေါ်ကြောင်းသိရှိကြ၏။- Garrad Bible ထို သို့ ဘေး လွတ် ပြီး မှ ထို ကျွန်း ကို မော် လ တ ခေါ် ကြောင်း သိ ကြ၏။ Judson Bible ကုန်းပေါ်သို့ ရောက်သောအခါ၊ ထိုကျွန်းကား မေလိတေကျွန်းဖြစ်သည်ကို သိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ဘေးကင်းစွာရောက်ရှိကြသောအခါ ထိုကျွန်းကို မေလိတေကျွန်းဟုခေါ်ကြောင်း သိရကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ကျွန်းပေါ်သို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိသောအခါ ထိုကျွန်းကိုမေလိတေကျွန်းဟု ခေါ်ကြောင်းသိရှိရ၏။ |
သူတို့သည်ထိုကျွန်းကိုဖြတ်၍ပါဖုမြို့ အထိလျှောက်သွားကြ၏။ ထိုမြို့တွင်ယုဒ အမျိုးသားမိစ္ဆာပရောဖက်ဖြစ်သောမှော် ဆရာတစ်ယောက်ကိုတွေ့ကြ၏။ သူ၏နာမည် မှာဗာယေရှုဖြစ်၏။-
ဤသို့ဗျာဒိတ်ရူပါရုံကိုပေါလုမြင်ပြီးနောက် ချက်ချင်းပင်ကျွန်ုပ်တို့သည်မာကေဒေါနိပြည် သို့သွားရန်ပြင်ဆင်ကြ၏။ အဘယ်ကြောင့်ဆို သော်မာကေဒေါနိပြည်သားတို့အားသတင်း ကောင်းကိုဟောပြောရန် ကျွန်ုပ်တို့အားဘုရား သခင်စေခိုင်းတော်မူသည်ဟုဆုံးဖြတ်ချက် ချကြခြင်းကြောင့်ဖြစ်၏။
ဖေတ္တုသည်ကျွန်ုပ်တို့ကိုဣတလိပြည်သို့ သင်္ဘောဖြင့်ပို့ရန်ဆုံးဖြတ်ပြီးနောက် ပေါလု နှင့်အခြားအကျဉ်းသားအချို့တို့ကို ဧက ရာဇ်မင်းတပ်တော်ဟုခေါ်သောတစ်ထောင်တပ် မှတပ်မှူးယုလလက်သို့ပေးအပ်လိုက်၏။-
သို့ရာတွင်ငါတို့သင်္ဘောသည်ကျွန်းတစ်ခု တွင်သောင်တင်လိမ့်မည်'' ဟုဆို၏။
မိုးလင်းသောအခါသင်္ဘောသားတို့သည် မိမိ တို့မည်သည့်အရပ်သို့ရောက်ရှိနေမှန်းမသိ ကြသော်လည်း ပင်လယ်ကွေ့ကမ်းခြေတစ်ခုကို တွေ့မြင်ကြသဖြင့် ဖြစ်နိုင်ပါကထိုကမ်းခြေ ပေါ်သို့သင်္ဘောကိုထိုးတင်ရန်ဆုံးဖြတ်ကြ၏။-
ထို့နောက်ကျန်သောသူတို့အားပျဉ်ပြားများ ကိုသော်လည်းကောင်း၊ သင်္ဘောပျက်မှသင်္ဘောအပိုင်း အစများကိုသော်လည်းကောင်းစီး၍ကူးကြ ရန်အမိန့်ပေး၏။ ဤနည်းအားဖြင့်ကျွန်ုပ်တို့ အားလုံးပင်ဘေးလွတ်၍ကုန်းပေါ်သို့ရောက် ကြသတည်း။