ပေါလုနှင့်အပေါင်းဖော်များသည်ပါဖုမြို့မှ သင်္ဘောလွှင့်၍ ပံဖုလိပြည်ပေရဂေမြို့သို့ရောက် ကြ၏။ ထိုအခါယောဟန်မာကုသည်သူတို့ နှင့်ခွဲခွာ၍ယေရုရှလင်မြို့သို့ပြန်လေ၏။-
တမန်တော်ဝတ္ထု 27:5 - Common Language Bible ထိုနောက်ကိလိကိပြည်နှင့်ပံဖုလိပြည်ပင် လယ်ပြင်ကိုဖြတ်၍ကူးကြရာ လုကိပြည် မုရမြို့သို့ရောက်ကြ၏။- Garrad Bible ကိ လိ ကိ ပြည်၊ ပံ ဖု လိ ပြည်၊ ပင် လယ် ကို ဖြတ် ကူး မိ သော် လု ကိ ပြည် မု ရ မြို့ သို့ ဆိုက် ကြ၏။ Judson Bible ပမ်ဖုလိပြည်နှင့် စပ်သောပင်လယ်ကိုကူး၍၊ လုကိပြည်၊ မုရမြို့သို့ ရောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဆီလီဆီးယားပြည်နှင့်ပံဖုလိပြည်၏ပင်လယ်ပြင်ကို ရွက်လွှင့်ပြီး လုကိပြည်၊ မုရမြို့သို့ရောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ဆီလီဆီးယားပြည်နှင့် ပံဖုလိပြည်၏ပင်လယ်ပြင်ကိုဖြတ်၍ ရွက်လွှင့်ပြီးနောက် လုကိပြည်ရှိမုရမြို့သို့ ရောက်ကြ၏။ |
ပေါလုနှင့်အပေါင်းဖော်များသည်ပါဖုမြို့မှ သင်္ဘောလွှင့်၍ ပံဖုလိပြည်ပေရဂေမြို့သို့ရောက် ကြ၏။ ထိုအခါယောဟန်မာကုသည်သူတို့ နှင့်ခွဲခွာ၍ယေရုရှလင်မြို့သို့ပြန်လေ၏။-
ထိုသူနှစ်ဦး၏လက်ဖြင့်စာတစ်စောင်ပို့လိုက် ကြ၏။ ထိုစာတွင်၊ ``သင်တို့၏ညီအစ်ကိုများဖြစ်ကြသောတမန် တော်များ၊ အသင်းတော်လူကြီးများကအန္တိ အုတ်မြို့နှင့်ရှုရိပြည်၊ ကိလိကိပြည်ရှိလူမျိုး ခြားသားများဖြစ်ကြသောညီအစ်ကိုများ အား နှုတ်ခွန်းဆက်သလိုက်ပါသည်။-
သို့သော်ပေါလုကမိမိတို့နှင့်သာသနာ ပြုခရီးအဆုံးတိုင်အောင်မလိုက်ဘဲ ပံဖုလိ ပြည်တွင်မိမိတို့ထံမှထွက်ခွာသွားခဲ့သူ ကိုခေါ်ဆောင်ရန်မသင့်လျော်ဟုယူဆ၏။-
ပေါလုသည်ထိုအရပ်မှရှုရိပြည်နှင့်ကိလိ ကိပြည်သို့သွားရောက်၍အသင်းတော်ကို ခိုင်ခံ့စေ၏။
ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အီဂျစ်ပြည်များမှ လည်းကောင်း၊ ကုရေနေမြို့အနီးလိဗုနယ်ပယ် များမှလည်းကောင်းလာကြသူများဖြစ်၏။ အချို့သောငါတို့သည်ရောမမြို့မှရောက် လာသော၊-
ပေါလုက ``အကျွန်ုပ်သည်ယုဒအမျိုးသားဖြစ် ပါသည်။ ကိလိကိပြည်၊ တာရှုမြို့တွင်ဖွားမြင်ခဲ့ ၍ထင်ရှားသောမြို့ကြီးသားဖြစ်ပါ၏။ အကျွန်ုပ် ကိုကျေးဇူးပြု၍လူတို့အားစကားပြောခွင့် ပြုပါ'' ဟုဆို၏။
ပေါလုကဆက်လက်၍ ``အကျွန်ုပ်သည်ကိလိကိ ပြည်၊ တာရှုမြို့တွင်မွေးဖွားသူယုဒအမျိုးသား ဖြစ်ပါ၏။ ယေရုရှလင်မြို့တွင်ကြီးပြင်း၍ဘိုး ဘေးတို့လိုက်လျှောက်ကျင့်သုံးသည့်ပညတ်တရား တော်ကို ဂါမလျေလ၏ခြေရင်း၌တိကျစွာ ဆည်းပူးခဲ့ပါ၏။ ယခုသင်တို့သည်ဘုရား သခင်၏အမှုတော်ကိုထမ်းဆောင်ရန်စိတ်အား ထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်းစိတ် အားထက်သန်ခဲ့ပါ၏။-
သို့ရာတွင်လူအချို့တို့သည်သူ့ကိုအတိုက် အခံပြုကြ၏။ ထိုသူတို့ကားကုရေနေနှင့် အာလေဇန္ဒြူယမြို့ရှိယုဒအမျိုးသားတို့ ပါဝင်သည့်လွတ်လပ်သူများ ၏တရားဇရပ်အဖွဲ့ဝင်များဖြစ်၏။ ထိုသူတို့နှင့် တကွကိလိကိပြည်နှင့်အာရှပြည်မှ ယုဒအမျိုး သားအချို့တို့သည်သတေဖန်နှင့်စတင်ငြင်းခုံ ကြ၏။-