ကျွန်တော်မျိုးတို့နှင့်ကိုယ်တော်ရှင်ပြုထားသည့် ပဋိညာဉ်တော်ကိုသတိရတော်မူပါ။ တိုင်းပြည်ရှိမှောင်ကျရာအရပ်တိုင်းတွင် အကြမ်းဖက်မှုရှိပါ၏။
တမန်တော်ဝတ္ထု 27:42 - Common Language Bible ထိုအခါစစ်သားများသည်အကျဉ်းသားတို့ ရေကူး၍ထွက်ပြေးမည်ကိုစိုးရိမ်သဖြင့် သူ တို့အားအသေသတ်ရန်ကြံစည်ကြ၏။- Garrad Bible ထို အ ခါ အ ကျဉ်း သား တို့ ကူး ပြေး မည် စိုး ရိမ် သည့် အ တွက် အ သေ သတ် ရန် စစ် သည် တို့ အ ကြံ ပေး ကြ ရာ၊ Judson Bible ထိုအခါ အကျဉ်းခံသောသူတို့သည် ကုန်းသို့ကူး၍ ပြေးမည်ကို စိုးရိမ်သောကြောင့် စစ်သူရဲတို့သည် သတ်မည်ဟုအကြံရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း စစ်သားတို့သည် အကျဉ်းသားတစ်စုံတစ်ဦးမျှ ရေကူး၍မထွက်ပြေးစေရန် သူတို့ကိုသတ်မည်ဟုကြံစည်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း စစ်သားများသည် အကျဉ်းသားများ ကုန်းသို့ ရေကူး၍ထွက်ပြေးမည်ကို စိုးသောကြောင့် သတ်ရန်ကြံစည်ကြ၏။ |
ကျွန်တော်မျိုးတို့နှင့်ကိုယ်တော်ရှင်ပြုထားသည့် ပဋိညာဉ်တော်ကိုသတိရတော်မူပါ။ တိုင်းပြည်ရှိမှောင်ကျရာအရပ်တိုင်းတွင် အကြမ်းဖက်မှုရှိပါ၏။
ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက် ကို နှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာ အရာ၌ပင် ကြမ်းကြုတ်တတ်၏။
နေအောက်မှာ ပြုသမျှသောအမှု၌ပါသော ဝမ်း နည်းစရာဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တခုတည်း သောအမှုနှင့် တွေ့ကြုံရကြ၏။ အကယ်စင်စစ် လူသားတို့ ၏ စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက် ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန် သေသွားတတ်ကြ၏။
ဟေရုဒ်မင်းသည်ပေတရုကိုရှာစေရာမတွေ့ သဖြင့် အစောင့်စစ်သားတို့အားစစ်ဆေးမေး မြန်း၍ သေဒဏ်ပေးရန်အမိန့်ချမှတ်လိုက်လေ သည်။ ထိုနောက်ဟေရုဒ်မင်းသည် ယုဒပြည်မှထွက်ခွာ ၍ ကဲသရိမြို့တွင်ကာလအနည်းငယ်စံနေ တော်မူ၏။
`ပေါလု၊ မကြောက်နှင့်။ သင်သည်ဧကရာဇ်ဘုရင် ရှေ့တော်သို့ရောက်ရမည်။ ဘုရားသခင်သည်သင့် ကိုထောက်ထားတော်မူသဖြင့် သင်နှင့်အတူ သင်္ဘောစီးခဲ့ကြသူအပေါင်းတို့အားသေဘေး မှလွတ်မြောက်စေတော်မူလိမ့်မည်' ဟုဆိုပါ၏။-
သို့ရာတွင်သင်္ဘောသည်ရေတိမ်ရာသို့ရောက်၍ သောင်တင်နေတော့၏။ သင်္ဘောဦးသည်သောင်တွင် စိုက်လျက်နေသဖြင့်လှုပ်ရှား၍မရ။ သင်္ဘော ပဲ့ပိုင်းမှာမူလှိုင်းလုံးများရိုက်သဖြင့်ကျိုး ပျက်စပြုလာ၏။
ငါသည်ခရီးအကြိမ်ကြိမ်ပြုရာတွင်မြစ် ရေလျှံသည့်ဘေး၊ ဋ္ဌားပြများ၏ဘေး၊ ငါ့ လူမျိုးများဖြစ်သောယုဒပြည်သူတို့၏ ဘေး၊ လူမျိုးခြားတို့၏ဘေး၊ မြို့ကြီးများ တွင်တွေ့ရတတ်သည့်ဘေး၊ တောကျေးလက် ၌ဆိုက်ရောက်တတ်သည့်ဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်တို့၏ဘေးများ နှင့်ကြုံတွေ့ခဲ့ရ၏။-