ထိုအခါရုဗင်က``ငါသည်သင်တို့အားသူငယ် ကို ဘေးဒုက္ခမရောက်စေပါနှင့်ဟူ၍သတိပေး ခဲ့သော်လည်းသင်တို့သည်နားမထောင်ကြ။ ထို့ ကြောင့်ငါတို့သည်ယခုဝဋ်လည်နေရကြပြီ'' ဟုဆိုလေ၏။-
တမန်တော်ဝတ္ထု 27:21 - Common Language Bible လူတို့သည်ကာလကြာမြင့်စွာအစာ မစားဘဲနေကြပြီးနောက် ပေါလုသည် သူတို့အလယ်တွင်ရပ်၍ ``အချင်းတို့၊ သင် တို့သည်ငါ့စကားကိုနားထောင်၍ ကရေ တေကျွန်းမှမထွက်မခွာဘဲနေသင့်ကြ၏။ သို့နေခဲ့ကြမူဤသို့ပျက်စီးဆုံးရှုံးမှု နှင့်ရင်ဆိုင်ကြရမည်မဟုတ်။- Garrad Bible မ စား မ သောက် ရ ဘဲ ကာ လ ရှည် စွာ ရှိ နေ ကြ ပြီး မှ ပေါ လု သည် အ လယ် တွင် ထ ရပ် လျက် အ ချင်း တို့၊ သင် တို့ သည် ငါ့ စ ကား ကို နာ ယူ၍ က ရေ တေ ကျွန်း မှ မ လွှင့် ခဲ့ ကြ လျှင် ဤ သို့ ပျက် စီး ဆုံး ပါး ခြင်း မ ရှိ ခဲ့ လေ။ Judson Bible အစာကိုမစားဘဲ ကြာမြင့်စွာ နေကြပြီးမှ၊ ပေါလုသည် ထိုသူတို့၏ အလယ်၌ထ၍၊ အချင်းလူတို့၊ ငါ့စကားကို နားထောင်၍ ကရေတေကျွန်းမှ မလွှင့်ဘဲနေလျှင် ဤပျက်စီးဆုံးရှုံးခြင်းနှင့် ကင်းလွတ်ရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ကြာမြင့်စွာအစာမစားဘဲနေကြသောအခါ ပေါလုသည် သူတို့အလယ်၌ရပ်လျက် “အို မိတ်ဆွေတို့၊ သင်တို့သည် အကျွန်ုပ်၏စကားကိုနားထောင်၍ ကရေတေကျွန်းမှမထွက်ခွာဘဲ နေသင့်ပေသည်။ သို့ပြုလျှင် ဤဘေးအန္တရာယ်နှင့်ဆုံးရှုံးမှုတို့မှ ကင်းလွတ်ခဲ့ရကြပေလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် အချိန်ကြာမြင့်စွာ အစာမစားဘဲနေကြပြီးနောက် ပေါလုက သူတို့အလယ်တွင် ရပ်လျက် “မိတ်ဆွေတို့… သင်တို့သည် ကျွန်ုပ်၏အကြံပြုချက်ကိုလက်ခံ၍ ကရေတေကျွန်းမှရွက်မလွှင့်လျှင် ဤပျက်စီးဆုံးရှုံးမှုနှင့် ကြုံရမည်မဟုတ်ပါ။ |
ထိုအခါရုဗင်က``ငါသည်သင်တို့အားသူငယ် ကို ဘေးဒုက္ခမရောက်စေပါနှင့်ဟူ၍သတိပေး ခဲ့သော်လည်းသင်တို့သည်နားမထောင်ကြ။ ထို့ ကြောင့်ငါတို့သည်ယခုဝဋ်လည်နေရကြပြီ'' ဟုဆိုလေ၏။-
ဤဆိပ်ကမ်းတွင်ဆောင်းကာလပတ်လုံးရပ်နား ရန်မသင့်သဖြင့် လူများစုကဤဆိပ်ကမ်းမှ ထွက်ခွာပြီးလျှင် ဖြစ်နိုင်ပါကဖိနိတ်မြို့သို့ ရောက်အောင်သွား၍ဆောင်းရာသီအတွက်ရပ် နားလိုကြ၏။ ဖိနိတ်ဆိပ်ကမ်းကားကရေတေ ကျွန်းတွင်ရှိ၍ အနောက်တောင်နှင့်အနောက် မြောက်သို့မျက်နှာမူလျက်ရှိသတည်း။
တောင်လေပြေကလေးစ၍တိုက်ခတ်လာသော အခါ သင်္ဘောသားတို့သည်မိမိတို့၏အကြံ အောင်မည်ဟုထင်မှတ်လျက် ကျောက်ဆူးကိုနုတ် ပြီးလျှင်သင်္ဘောကိုကရေတေကမ်းခြေတစ် လျှောက်ကပ်နိုင်သမျှကပ်၍ရွက်လွှင့်ကြ၏။-
ကျွန်ုပ်တို့သည်ရက်ပေါင်းများစွာနေနှင့် ကြယ်နက္ခတ်များကိုမတွေ့မမြင်နိုင်ကြ။ လေသည်ဆက်၍အရှိန်ပြင်းစွာတိုက်ခတ် လျက်ရှိ၏။ နောက်ဆုံး၌ကျွန်ုပ်တို့သည် သေ ဘေးမှလွတ်မြောက်နိုင်တော့မည်မဟုတ် ဟုစိတ်လျှော့လိုက်ကြ၏။
ကျွန်ုပ်တို့သည်တရွေ့ရွေ့ရက်ပေါင်းများစွာရွက် လွှင့်ပြီးနောက် ကနိဒ်မြို့အနီးသို့ခက်ခက်ခဲခဲ နှင့်ရောက်ကြ၏။ လေမသင့်၍ရှေ့သို့မသွား နိုင်သဖြင့်ကျွန်ုပ်တို့သည်သာလမုန်အငူ အနီးမှဖြတ်၍ ကရေတေကျွန်းတောင်ဘက် လေရိပ်ကိုခိုလျက်ရွက်လွှင့်ကြ၏။-