ကလောဒေခေါ်ကျွန်းငယ်တောင်ဘက်သို့ရောက်ရှိ သောအခါ လေပြင်းဒဏ်မှအနည်းငယ်အကွယ် အကာရရှိကြ၏။ ထိုအရပ်တွင်သင်္ဘောနောက် မှအသက်ကယ်လှေငယ်ကိုမပျက်စီးစေရန် အနိုင်နိုင်ကြိုးစားကြ၏။-
တမန်တော်ဝတ္ထု 27:17 - Common Language Bible သင်္ဘောသားတို့သည်ထိုလှေကိုဆွဲတင်ပြီးလျှင် သင်္ဘောဝမ်းကိုကြိုးများဖြင့်ပတ်၍ခိုင်ခန့်အောင် ပြုကြ၏။ သူတို့သည်သုရတိသောင်တွင်သင်္ဘော တင်မည်စိုးသဖြင့် ရွက်ကိုလျှော့ချလိုက်ပြီး လျှင်သင်္ဘောကိုလေတိုက်ရာသို့မျောပါစေ ကြ၏။ Garrad Bible သင်္ဘော ခိုင် ခံ့ စေ ရန် ကျောက် ကြိုး များ နှင့် ပတ် စည်း ပြီး နောက် သု ရ တိ သောင် ပေါ် တွင် တင် မည် စိုး သော ကြောင့် ရွက် မ ကို ချ လျက် တိုက် သွား ကြ၏။ Judson Bible သင်္ဘောပေါ်သို့ တင်ပြီးလျှင်၊ သင်္ဘောကိုခိုင်ခံ့စေခြင်းငှာ ကြိုးနှင့်ပတ်စည်းကြ၏။ သောင်ပေါ်မှာ တင်မည်ကိုလည်း စိုးရိမ်သောကြောင့် ရွက်ကိုသိမ်းသဖြင့် လေတိုက်ရာသို့ပါလွင့်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိုလှေကို သင်္ဘောပေါ်တင်ပြီးလျှင် သင်္ဘောကိုခိုင်ခံ့စေရန် ကြိုးဖြင့်ပတ်စည်းကြ၏။ ဆိတစ်သဲသောင်ပေါ်၌ သောင်တင်မည်ကို စိုးရိမ်သောကြောင့် ရွက်ကိုလျှောချလျက် လေတိုက်ရာသို့ မျောပါသွားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုလှေငယ်ကို သင်္ဘောပေါ်သို့တင်ပြီးသောအခါ သင်္ဘောကိုယ်ထည်ခိုင်ခံ့စေရန် ကြိုးဖြင့်ပတ်ချည်ထားကြ၏။ ဆိတင်သဲသောင်တွင် သောင်တင်မည်ကိုလည်းစိုးရိမ်သောကြောင့် သင်္ဘောရွက်ထည်ကို သိမ်းသဖြင့် လေတိုက်ရာသို့ လွင့်ပါကြရ၏။ |
ကလောဒေခေါ်ကျွန်းငယ်တောင်ဘက်သို့ရောက်ရှိ သောအခါ လေပြင်းဒဏ်မှအနည်းငယ်အကွယ် အကာရရှိကြ၏။ ထိုအရပ်တွင်သင်္ဘောနောက် မှအသက်ကယ်လှေငယ်ကိုမပျက်စီးစေရန် အနိုင်နိုင်ကြိုးစားကြ၏။-
သို့ရာတွင်ငါတို့သင်္ဘောသည်ကျွန်းတစ်ခု တွင်သောင်တင်လိမ့်မည်'' ဟုဆို၏။
သူတို့သည်ကျောက်ဆောင်နှင့်တိုက်မိမည်စိုး သဖြင့် သင်္ဘောပဲ့ပိုင်းမှကျောက်ဆူးလေးခု ကိုချပြီးလျှင် ``မိုးလင်းပါစေ'' ဟုဆုတောင်း ကြ၏။-
သူတို့သည်ကျောက်ကြိုးကိုဖြတ်၍ကျောက်ဆူး များကိုပင်လယ်ထဲသို့ချလိုက်ကြ၏။ တစ်ချိန် တည်းမှာပင်ပဲ့ထိန်းတက်များမှကြိုးတို့ကို လည်းဖြေကြ၏။ ထိုနောက်သင်္ဘောဦးမှရွက် ကိုတင်၍ကမ်းခြေဘက်သို့ရွက်တိုက်ကြ၏။-
သို့ရာတွင်သင်္ဘောသည်ရေတိမ်ရာသို့ရောက်၍ သောင်တင်နေတော့၏။ သင်္ဘောဦးသည်သောင်တွင် စိုက်လျက်နေသဖြင့်လှုပ်ရှား၍မရ။ သင်္ဘော ပဲ့ပိုင်းမှာမူလှိုင်းလုံးများရိုက်သဖြင့်ကျိုး ပျက်စပြုလာ၏။