ယေဟုသည်မိမိ၏အဖော်တပ်မှူးများထံ သို့ပြန်လာသောအခါ ထိုသူတို့က``အစစ အရာရာအဆင်ပြေပါ၏လော။ ထိုသူရူး သည်အဘယ်ကိစ္စနှင့်သင့်ထံသို့လာပါ သနည်း'' ဟုမေးကြ၏။ ယေဟုက``သူ၏ကိစ္စကိုသင်တို့သိပါ၏'' ဟု ဖြေ၏။
တမန်တော်ဝတ္ထု 26:24 - Common Language Bible ဤသို့လျှောက်လျက်နေစဉ်ဖေတ္တုက ``ပေါလု၊ သင်သည်ရူးသွပ်လေပြီ။ အတတ်လွန်ကဲ၍ သူရူးဖြစ်လေပြီတကား'' ဟုအော်၍ပြော ၏။ Garrad Bible ထို သို့ ထု ချေ သော်၊ ဖေ တ္ထု မင်း က အို ပေါ လု၊ သင် ရူး ပြီ။ အ တတ် ကြူး၍ ရူး လေ ပြီ ဟု ကျယ် သော အ သံ နှင့် ဆို ရာ၊ Judson Bible ထိုသို့ပေါလုသည် အပြစ်ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တုမင်းက၊ ပေါလု၊ သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကိုသင်၍ သူရူးအဖြစ်သို့ရောက်ခဲ့ပြီဟု ကြီးသော အသံနှင့်ဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ပေါလုသည် ဤသို့ချေပပြောဆိုနေစဉ် ဖေတ္တုမင်းက “ပေါလု၊ သင်သည်ရူးသွပ်နေပြီ။ သင်၏လွန်ကဲသောကျမ်းဂန်လေ့လာမှုသည် သင့်ကို သူရူးဖြစ်စေပြီ”ဟု ကျယ်လောင်သောအသံဖြင့် ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ပေါလုချေပလျှောက်ထားနေစဉ် ဖေတ္တုမင်းက “ပေါလု… သင်ရူးနေပြီ။ အတတ်ကြူး၍ အရူးဖြစ်ပြီ” ဟု ကျယ်လောင်စွာ ပြောဆိုလေ၏။ |
ယေဟုသည်မိမိ၏အဖော်တပ်မှူးများထံ သို့ပြန်လာသောအခါ ထိုသူတို့က``အစစ အရာရာအဆင်ပြေပါ၏လော။ ထိုသူရူး သည်အဘယ်ကိစ္စနှင့်သင့်ထံသို့လာပါ သနည်း'' ဟုမေးကြ၏။ ယေဟုက``သူ၏ကိစ္စကိုသင်တို့သိပါ၏'' ဟု ဖြေ၏။
``ထာဝရဘုရားသည်သင့်အားယောယဒ နေရာတွင် ယဇ်ပုရောဟိတ်အဖြစ်ခန့်ထားသည် ဖြစ်၍ ယခုသင်သည်ဗိမာန်တော်အုပ်ချုပ်ရေး မှူးဖြစ်၍လာလေပြီ။ ပရောဖက်ဟန်ဆောင် သည့်သူရူးမှန်သမျှကို သံပတ်တပ်၍သံကြိုး နှင့်ချည်နှောင်ထားရန်အလုပ်မှာသင်၏တာဝန် ပင်ဖြစ်ပေသည်။-
ထိုက်သင့်သောအပြစ်ဒဏ်ကိုသူတို့ခံရ မည့်အချိန်ရောက်လာပြီ။ ထိုအချိန်ရောက် လာသောအခါ ဣသရေလပြည်သားတို့ သိကြလိမ့်မည်။ သင်တို့က``ဤပရောဖက် သည်သူရူးဖြစ်၏။ ဝိညာဉ်တော်သက်ရောက် သူသည်စိတ်မနှံ့သူဖြစ်၏'' ဟုဆိုကြ၏။ သင်တို့သည်ကြီးလေးသောအပြစ်ကို ကူးလွန်သောကြောင့်ငါ့ကိုအလွန်မုန်း တီးကြ၏။-
လူအချို့တို့က ``ကိုယ်တော်သည်စိတ်ဖောက်ပြန် သွားပြီ'' ဟုပြောဆိုနေကြ၏။ ဤအကြောင်းကို ကိုယ်တော်၏မိသားစုတို့ကြားကြလျှင် ကိုယ်တော် ကိုစောင့်ရှောက်ရန်အထံတော်သို့လိုက်လာကြ၏။
ယုဒအာဏာပိုင်တို့သည်လွန်စွာအံ့သြကြ လျက် ``ဤသူသည်အဘယ်သင်တန်းကျောင်း ကိုမျှမတက်ဘူးဘဲ ဤအသိပညာများကို အဘယ်သို့ရရှိပါသနည်း'' ဟုဆိုကြ၏။
သူတို့က ``သင်သည်ရှမာရိအမျိုးသားဖြစ် သည်ဟူ၍လည်းကောင်း၊ နတ်မိစ္ဆာစွဲကပ်သူဖြစ် သည်ဟူ၍လည်းကောင်းငါတို့စွပ်စွဲသည်မှာ မမှန်ပါလော'' ဟုဆိုကြ၏။
ယုဒအမျိုးသားတို့က ``သင်သည်နတ်မိစ္ဆာ စွဲကပ်နေသူဖြစ်ကြောင်းယခုအခါငါတို့ သိကြပါပြီ။ အာဗြဟံကားသေလွန်လေ ပြီ။ ပရောဖက်များသည်လည်းထို့အတူပင်။ သို့ပါလျက်သင်က `ငါ၏စကားကိုနာယူ သူသည်အဘယ်အခါမျှသေရလိမ့်မည် မဟုတ်' ဟုဆိုချေသည်။-
သူသေတို့ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကိုကြားသောအခါ လူအချို့တို့သည်ပြောင် လှောင်ကြ၏။ သို့ရာတွင်အချို့သောသူတို့က မူ ``သင်ပြောဆိုနေသည့်အကြောင်းအရာကို ငါတို့တစ်ဖန်ကြားလိုပါသည်'' ဟုဆိုကြ၏။-
``ညီအစ်ကိုများနှင့်ဖခင်တို့၊ ယခုအကျွန်ုပ် ထုချေမည့်စကားကိုနားထောင်ကြပါ'' ဟု ဆို၏။-
သို့ရာတွင်ပေါလုသည်ကောင်းမြတ်ခြင်း အကြောင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်း အကြောင်းကိုလည်းကောင်း၊ သက်ရောက်လတ္တံ့ သောတရားစီရင်တော်မူရာနေ့ရက် အကြောင်းကိုလည်းကောင်း ဟောပြောသော အခါဖေလဇ်သည်ကြောက်လန့်သဖြင့် ``ယခု သင်သွားနိုင်ပြီ။ နောင်အခွင့်ကြုံသည့်အခါ သင့်ကိုငါခေါ်ဦးမည်'' ဟုဆို၏။-
နောက်နှစ်နှစ်မျှကြာသော်ဖေလဇ်၏ဘုရင်ခံ ရာထူးကိုပေါကိဖေတ္တုဆက်ခံရ၏။ ဖေလဇ် သည်ယုဒအမျိုးသားတို့ထံမှမျက်နှာရ လိုသဖြင့် ပေါလုအားဆက်လက်၍အကျဉ်း ချထားခဲ့၏။
တရားဇရပ်များတွင်သူတို့အားကြိမ်ဖန် များစွာအပြစ်ဒဏ်ပေးစေပြီးလျှင် သူတို့ ၏အယူဝါဒကိုစွန့်လွှတ်ကြစေရန်ကြိုး စားဆောင်ရွက်ခဲ့ပါ၏။ သူတို့အပေါ်၌ ဒေါသစိတ်မွှန်၍နေသဖြင့် အကျွန်ုပ်သည် နိုင်ငံရပ်ခြားမြို့များသို့ပင်သွားရောက် ၍သူတို့ကိုညှဉ်းဆဲခဲ့ပါ၏။''
ငါတို့ကမူလက်ဝါးကပ်တိုင်တွင်အသေခံ တော်မူသောခရစ်တော်၏အကြောင်းကိုဟော ပြောကြေညာကြ၏။ ထိုအကြောင်းအရာသည် ယုဒအမျိုးသားတို့အတွက်မနှစ်မြို့စရာ၊ လူမျိုးခြားတို့အတွက်အနက်အဋ္ဌိပ္ပါယ်မရှိ သည့်အရာဖြစ်၏။-
ငါတို့သည်ခရစ်တော်အတွက်လူမိုက်ဖြစ် ရ၏။ သင်တို့ကားခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်သူပညာရှိများဖြစ်ကြ သည်။ ငါတို့သည်ချည့်နဲ့သူ၊ သင်တို့ကား စွမ်းသန်သူ၊ ငါတို့သည်အသရေမဲ့သူ၊ သင်တို့ကားအသရေရှိသူများဖြစ်ကြ ပါသည်တကား။-
ငါတို့သည်ရူးသွပ်လေပြီလော။ ရူးသွပ်လျှင် ဘုရားသခင်အဖို့ဖြစ်၏။ အကယ်၍မရူး မသွပ်လျှင်လည်းသင်တို့အဖို့ဖြစ်၏။-
သင်ငယ်ရွယ်စဉ်အခါမှစ၍အသိပညာ ကိုပေး၍ခရစ်တော်ယေရှုကိုယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းရရှိစေရန်လမ်းညွှန်သော ကျမ်းစာတော်မြတ်ကိုကောင်းစွာသိရှိခဲ့သူ ဖြစ်ကြောင်းကိုသင်သိ၏။-