ပိလတ်မင်းသည်လူပရိသတ်ကိုကျေနပ်စေလို သဖြင့် ဗာရဗ္ဗကိုလွှတ်၍သခင်ယေရှုကိုကြိမ် ဒဏ်ခတ်ပြီးလျှင် လက်ဝါးကပ်တိုင်တွင်တင်၍ သတ်ရန်အပ်လိုက်၏။
တမန်တော်ဝတ္ထု 25:9 - Common Language Bible ဖေတ္တုသည်ယုဒအမျိုးသားတို့ထံမှမျက် နှာရလိုသဖြင့်``သင်သည်ယေရုရှလင်မြို့ သို့သွား၍ ငါ၏ရှေ့တွင်ဤစွပ်စွဲချက်များ နှင့်စပ်လျဉ်း၍အစစ်အဆေးခံပါမည် လော'' ဟုပေါလုအားမေး၏။ Garrad Bible သို့ ရာ တွင် ဖေ တ္ထု မင်း သည် ယု ဒ လူ မျိုး တို့ ထံ မှ မျက် နှာ ရ လို၍ ပေါ လု အား ယေ ရု ရှ လင် မြို့ သို့ သွား ပြီး လျှင် ဤ အ ချက် များ နှင့် စပ်၍ ငါ ရှေ့ တွင် စီ ရင် ခံ လို သ လော ဟု မေး ရာ၊ Judson Bible သို့သော်လည်း၊ ဖေတ္တုမင်းက၊ သင်သည် ယေရုရှလင်မြို့သို့သွား၍၊ ငါ့ရှေ့မှာ ဤအမှုစီရင်ခြင်းကို ခံမည်လောဟု ယုဒလူတို့ကို ကျေးဇူးပြုလိုသော စိတ်ရှိလျက် ပေါလုအားမေး၏။- မြန်မာ့စံမီသမ္မာကျမ်း ဖေတ္တုမင်းသည် ဂျူးလူမျိုးတို့ကို ကျေးဇူးပြုလိုသဖြင့် ပေါလုအား “သင်သည် ဂျေရုဆလင်မြို့သို့တက်သွား၍ ထိုမြို့၌ ငါ၏ရှေ့တွင် ဤအမှုများနှင့်ပတ်သက်ပြီး စစ်ဆေးစီရင်ခံလိုသလော”ဟု မေးလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဖေတ္တုမင်းသည် ဂျူးတို့ကို ကျေးဇူးပြုလိုသဖြင့် ပေါလုအား “သင်သည် ဂျေရုဆလင်မြို့သို့ တက်သွား၍ ထိုမြို့၌ ငါ့ရှေ့တွင် ဤစွပ်စွဲချက်များနှင့်ပတ်သက်၍ စစ်ဆေးခံလိုသလော” ဟု မေးလေ၏။ |
ပိလတ်မင်းသည်လူပရိသတ်ကိုကျေနပ်စေလို သဖြင့် ဗာရဗ္ဗကိုလွှတ်၍သခင်ယေရှုကိုကြိမ် ဒဏ်ခတ်ပြီးလျှင် လက်ဝါးကပ်တိုင်တွင်တင်၍ သတ်ရန်အပ်လိုက်၏။
ထိုအမှုကိုယုဒအမျိုးသားတို့နှစ်သက်ကြ သဖြင့် သူသည်ပေတရုကိုလည်းဖမ်းဆီး၏။ (ထိုအချိန်ကားတဆေးမဲ့မုန့်ပွဲတော်အခါ ဖြစ်၏။)-
နောက်နှစ်နှစ်မျှကြာသော်ဖေလဇ်၏ဘုရင်ခံ ရာထူးကိုပေါကိဖေတ္တုဆက်ခံရ၏။ ဖေလဇ် သည်ယုဒအမျိုးသားတို့ထံမှမျက်နှာရ လိုသဖြင့် ပေါလုအားဆက်လက်၍အကျဉ်း ချထားခဲ့၏။
ထိုပြဿနာများကိုဖြေရှင်းရန်ကျွန်ုပ်မှာ မကျွမ်းသဖြင့် ပေါလုအား `သင်သည်ယေရု ရှလင်မြို့သို့သွားပြီးလျှင် ဤစွပ်စွဲချက်များ နှင့်စပ်လျဉ်း၍အစစ်အဆေးခံလိုပါ သလော' ဟုမေးပါ၏။-
သူတို့သည်ပေါလုကိုလမ်းတွင်ချောင်းမြောင်း ၍သတ်ရန် လျှို့ဝှက်ကြံစည်ထားကြပြီးဖြစ် ပေသည်။ သို့ဖြစ်၍မိမိတို့အားကျေးဇူးပြု သည့်အနေဖြင့် ပေါလုကိုယေရုရှလင်မြို့ သို့ခေါ်ဆောင်ပေးရန်ဖေတ္တုအားမေတ္တာရပ်ခံ ကြ၏။-