ပေါလုအတွက်မြင်းများကိုလည်းအသင့် ပြင်ထားလော့။ သူ့ကိုဘုရင်ခံမင်းဖေလဇ် ထံသို့ကြပ်မတ်၍ပို့ကြလော့'' ဟုအမိန့် ပေး၏။-
တမန်တော်ဝတ္ထု 25:14 - Common Language Bible ထိုမြို့တွင်ရက်အတော်ကြာမျှတည်းခိုနေ ကြစဉ် ဖေတ္တုသည်ပေါလု၏အမှုကိုမင်းကြီး အားပြောပြ၏။ ဖေတ္တုက ``ဤအရပ်တွင်ဖေ လဇ်အကျဉ်းချထားခဲ့သည့်လူတစ်ယောက် ရှိပါ၏။- Garrad Bible နေ့ ရက် များ စွာ စံ နေ ကြ ရာ၊ ဖေ တ္ထု မင်း သည် ပေါ လု အ မှု ကို ထို ဘု ရင် အား ဖော် ပြ သည် မှာ ဖေ လစ် မင်း ထား ခဲ့ သော အ ကျဉ်း သား တစ် ယောက် ရှိ သ ဖြင့်၊ Judson Bible အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည် ပေါလု၏အကြောင်းကို မင်းကြီးအား ကြားပြောသည်မှာ၊ ဖေလဇ်မင်းသည် အကျဉ်းထားရစ်စေသော လူတစ်ယောက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိုမြို့၌ ရက်အတန်ကြာနေကြသဖြင့် ဖေတ္တုမင်းသည် ပေါလုနှင့်ပတ်သက်သောအမှုများကို မင်းကြီးအားတင်ပြလျက် “ဖေလဇ်မင်းထားရစ်ခဲ့သော အကျဉ်းသားတစ်ဦးရှိပါသည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမြို့တွင် သူတို့သည် ရက်အတန်ကြာနေကြသောကြောင့် ဖေတ္တုမင်းသည် ပေါလု၏ကိစ္စကို အဂြိပ္ပမင်းကြီးထံ၌တင်ပြလေ၏။ ဖေတ္တုမင်းက “ဖေလဇ်မင်း ချန်ထားခဲ့သောအကျဉ်းသားတစ်ဦး ရှိပါ၏။ |
ပေါလုအတွက်မြင်းများကိုလည်းအသင့် ပြင်ထားလော့။ သူ့ကိုဘုရင်ခံမင်းဖေလဇ် ထံသို့ကြပ်မတ်၍ပို့ကြလော့'' ဟုအမိန့် ပေး၏။-
မြင်းတပ်သားများသည်ကဲသရိမြို့သို့ရောက် သောအခါ တပ်မှူး၏စာကိုဘုရင်ခံမင်းအား ပေးဆက်ကာပေါလုကိုရှေ့တော်သို့သွင်း ကြ၏။-
နောက်နှစ်နှစ်မျှကြာသော်ဖေလဇ်၏ဘုရင်ခံ ရာထူးကိုပေါကိဖေတ္တုဆက်ခံရ၏။ ဖေလဇ် သည်ယုဒအမျိုးသားတို့ထံမှမျက်နှာရ လိုသဖြင့် ပေါလုအားဆက်လက်၍အကျဉ်း ချထားခဲ့၏။