ထိုသူတို့မနာလို၍ယေရှုအားမိမိလက်သို့ အပ်နှံကြကြောင်းကိုပိလတ်မင်းသိသတည်း။
တမန်တော်ဝတ္ထု 25:10 - Common Language Bible ပေါလုက ``အကျွန်ုပ်သည်ယခုဧကရာဇ် ဘုရင်တရားခွင်တွင် အစစ်အဆေးခံနိုင် ခွင့်ကိုတောင်းဆိုပါ၏။ အရှင်အမှန်သိတော် မူသည်အတိုင်းအကျွန်ုပ်သည် ယုဒအမျိုး သားတို့အားအဘယ်သို့မျှမပြစ်မှားခဲ့ ပါ။- Garrad Bible ပေါ လု က ကျွန် တော် သည် စီ ရင် ခံ သင့် ရာ ကဲ သာ မင်း၏ တ ရား ခွင် တွင် ယ ခု ရပ် လျက် ရှိ နေ ပါ သည်။ ကိုယ် တော် မှန် ကန် စွာ သိ သည့် အ တိုင်း ယု ဒ လူ မျိုး တို့ ကို အ လျှင်း ပြစ် မှား ဖူး သည် မ ဟုတ် ပါ။ Judson Bible ပေါလုကလည်း၊ ကဲသာဘုရင်၏ တရားပလ္လင်ရှေ့မှာ အကျွန်ုပ်ရပ်ပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ်အမှုကို စီရင်အပ်ပါ၏။ ကိုယ်တော်သည် အမှန်သိတော်မူသည်အတိုင်း၊ အကျွန်ုပ်သည် ယုဒလူတို့ကို အလျှင်းမပြစ်မှားပါ။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေါလုက “အကျွန်ုပ်သည် ဆီဇာဧကရာဇ်၏တရားခွင်၌ ရပ်နေသည်ဖြစ်၍ ထိုနေရာတွင် အကျွန်ုပ်ကို စစ်ဆေးစီရင်သင့်ပါသည်။ အရှင်လည်း ကောင်းစွာသိသည့်အတိုင်း ဂျူးလူမျိုးတို့ကို အကျွန်ုပ်မပြစ်မှားခဲ့ပါ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်ပေါလုက “အကျွန်ုပ်သည် ဆီဇာဘုရင်၏တရားခွင်တွင် အယူခံဝင်ထားသဖြင့် ဤနေရာ၌သာ စစ်ဆေးခံသင့်ပါ၏။ အရှင်ကောင်းစွာသိသည့်အတိုင်း ဂျူးလူမျိုးတို့ကို အကျွန်ုပ်မပြစ်မှားခဲ့ပါ။ |
ထိုသူတို့မနာလို၍ယေရှုအားမိမိလက်သို့ အပ်နှံကြကြောင်းကိုပိလတ်မင်းသိသတည်း။
ပိလတ်မင်းသည်တရားခွင်တွင်ထိုင်လျက်နေစဉ် သူ၏ဇနီးသည်လူတစ်ယောက်ကိုစေလွှတ်၍ ``ထို အပြစ်ကင်းသူနှင့်ပတ်သက်၍မည်သည့်အရာ ကိုမျှမပြုပါနှင့်။ အကျွန်ုပ်သည်ယမန်ညက အိပ်မက်တွင်သူ၏အတွက်စိတ်ဒုက္ခများစွာ ရောက်ရပါ၏'' ဟုပြောစေ၏။
ယုဒအမျိုးသားတို့သည်သူ့ကိုမိမိတို့၏ ပညတ်တရားဆိုင်ရာပြဿနာများနှင့်ပတ် သက်၍ပြစ်တင်စွပ်စွဲကြပါသည်။ သူ့မှာသေ ဒဏ်ခံထိုက်သောအပြစ်၊ သို့မဟုတ်ထောင်ဒဏ် ခံထိုက်သောအပြစ်တစ်စုံတစ်ရာမျှမရှိ ကြောင်းကိုအကျွန်ုပ်တွေ့ရှိပါ၏။-
သို့ဖြစ်၍သူတို့သည်ဤမြို့သို့လာရောက်သော အခါ အကျွန်ုပ်သည်မဆိုင်းမငံ့ဘဲနောက်တစ် နေ့၌တရားခွင်မှာထိုင်၍ထိုသူကိုအခေါ် ခိုင်းပါ၏။-
သူသည်သေဒဏ်ခံထိုက်သောအပြစ်တစ်စုံ တစ်ရာကိုမျှမကူးလွန်ကြောင်းကို ကျွန်ုပ် အနေဖြင့်သိပါ၏။ သို့ရာတွင်သူကိုယ်တိုင် ကဘုရင်ဧကရာဇ်မင်းထံတွင်အယူခံ ပါမည်ဟုဆိုသဖြင့် သူ့ကိုဘုရင်မင်းမြတ် ထံတော်သို့ပို့ဆောင်ပေးရန်ကျွန်ုပ်ဆုံးဖြတ် ခဲ့ပါ၏။-
ဘုရင်ခံမင်းသည်ယေရုရှလင်မြို့တွင်ရှစ် ရက်ဆယ်ရက်နေပြီးနောက် ကဲသရိမြို့သို့ ထွက်ခွာသွားလေသည်။ နောက်တစ်နေ့၌ တရားခွင်တွင်ထိုင်ကာပေါလုအားခေါ် သွင်းရန်အမိန့်ပေး၏။-
သူတို့သည်ထိုနေရာမှထွက်ခွာသွားပြီး နောက် ``ဤသူသည်သေဒဏ်သို့မဟုတ်ထောင် ဒဏ်ခံထိုက်သည့်ပြစ်မှုတစ်စုံတစ်ရာကိုမျှ မကူးလွန်'' ဟုအချင်းချင်းပြောဆိုကြ၏။-
ထိုသူတို့သည်ငါ့ကိုစစ်ဆေးမေးမြန်းပြီး နောက် ငါ၏အမှုတွင်သေဒဏ်ပေးထိုက်သော အကြောင်းတစ်စုံတစ်ရာမျှမတွေ့ရ သဖြင့်ငါ့အားလွှတ်လိုကြ၏။-
ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။-