နောက်တစ်နေ့၌ခြေလျင်တပ်သားများသည် ရဲတိုက်သို့ပြန်လာခဲ့ကြ၏။ မြင်းတပ်သား များသည်ပေါလုနှင့်အတူဆက်လက်ခရီး ပြုရန်ဖြစ်၏။-
နောက် နေ့ ၌ မြင်း စီး သူ ရဲ တို့ ကို ဆက် လက် ပို့ စေ ပြီး လျှင် ခံ မြို့ သို့ ပြန် ကြ ၏။
နက်ဖြန်နေ့၌ မြင်းစီးသူရဲတို့ကို ပေါလုနှင့်တကွ သွားစေခြင်းငှာ လွှတ်လိုက်၍ မိမိတို့သည် ရဲတိုက်သို့ ပြန်ကြ၏။-
နောက်တစ်နေ့တွင် မြင်းတပ်သားတို့ကို ပေါလုနှင့်အတူခရီးဆက်သွားစေ၍ သူတို့သည် စခန်းသို့ပြန်လာကြ၏။
နောက်တစ်နေ့တွင် စစ်သားတို့သည် ပေါလုကိုမြင်းစီးတပ်သားတို့နှင့်အတူ ခရီးဆက်သွားစေ၍ သူတို့သည်စခန်းသို့ ပြန်ကြ၏။
ငြင်းခုံမှုသည်အလွန်ပြင်းထန်၍လာသဖြင့် ပေါလုကိုအပိုင်းပိုင်းဆုတ်ဖြတ်မည်ကိုတပ်မှူး သည်စိုးရိမ်သဖြင့် စစ်သားများအားဆင်းသွား ၍ပေါလုအားထိုသူတို့ထံမှထိန်းသိမ်းပြီး လျှင်ရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်အမိန့် ပေး၏။
သို့သော်ထိုအကြံအစည်ကိုပေါလုနှမ၏ သားသည်ကြားသိသွားသဖြင့် ရဲတိုက်ထဲ ကိုဝင်ပြီးလျှင်ပေါလုအားပြောကြား၏။-
ထိုနောက်တပ်မှူးသည်တပ်ခွဲမှူးနှစ်ယောက်ကို ခေါ်၍ ``ယနေ့ညကိုးနာရီအချိန်၌ကဲသရိ မြို့သို့သွားရန်စစ်သားနှစ်ရာ၊ မြင်းတပ်သား ခုနစ်ဆယ်နှင့်လှံတပ်သားနှစ်ရာတို့ကိုယနေ့ ညကိုးနာရီ၌ထွက်ခွာရန်အသင့်ရှိစေကြ လော့။-
စစ်သားတို့သည်တပ်မှူး၏အမိန့်အတိုင်း ဆောင်ရွက်ကြ၏။ သူတို့သည်ပေါလုကိုခေါ် ၍ထိုည၌ပင်အန္တိပတရိမြို့အထိပို့ ဆောင်ကြ၏။-