``ငါ့ကိုမေ့လျော့သူတို့၊ဤအချက်ကို ဆင်ခြင်ကြလော့။ သို့မပြုပါမူငါသည်သင်တို့အားသုတ်သင် ဖျက်ဆီးမည်။ သင်တို့အားကယ်မည့်သူလည်းတစ်ဦးတစ်ယောက် မျှ ရှိလိမ့်မည်မဟုတ်။
တမန်တော်ဝတ္ထု 23:10 - Common Language Bible ငြင်းခုံမှုသည်အလွန်ပြင်းထန်၍လာသဖြင့် ပေါလုကိုအပိုင်းပိုင်းဆုတ်ဖြတ်မည်ကိုတပ်မှူး သည်စိုးရိမ်သဖြင့် စစ်သားများအားဆင်းသွား ၍ပေါလုအားထိုသူတို့ထံမှထိန်းသိမ်းပြီး လျှင်ရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်အမိန့် ပေး၏။ Garrad Bible ထို သို့ ငြင်း ခုံ ခြင်း ပွား များ သည့် အ တွက် ပေါ လု ကို အ ပိုင်း ပိုင်း ဆွဲ ဖြတ် ကြ မည် စိုး သော ကြောင့် ဗိုလ် ချုပ် က ထို သူ တို့ အ ထဲ မှ နုတ် သိမ်း ရန် ဆင်း ပြီး လျှင် ခံ မြို့ ထဲ သို့ ပြန် သွင်း စေ ဟု စစ် သည် တို့ အား အ မိန့် ရှိ၏။ Judson Bible အချင်းချင်း ငြင်းခုံခြင်းများသောအခါ၊ ထိုသူတို့သည် ပေါလုကို ဆွဲငင်၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့်၊ စစ်သူရဲများ၊ ဆင်းကြ၊ ပေါလုကို အရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း သဘောထားကွဲလွဲမှုပြင်းထန်လာ၍ သူတို့သည် ပေါလုအား အပိုင်းပိုင်းဆွဲဖြတ်ကြမည်ကို တပ်မှူးကြီးသည် စိုးရိမ်သဖြင့် စစ်သားများအား ဆင်းသွား၍ ပေါလုကို သူတို့ထံမှ အတင်းခေါ်ဆောင်လာပြီး စခန်းထဲသို့ခေါ်သွားရန် အမိန့်ပေးလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငြင်းခုံမှုပို၍ပြင်းထန်လာသဖြင့် တပ်မှူးကြီးက ပေါလုအပိုင်းပိုင်းဆွဲဖြတ်ခံရမည်ကို စိုးရိမ်လေ၏။ ထို့ကြောင့် သူက “ပေါလုကို သူတို့ထံမှ အတင်းခေါ်ဆောင်လာ၍ စခန်းအတွင်းသို့ ခေါ်ဆောင်သွားကြလော့” ဟု စစ်သားများအား အမိန့်ပေးလေ၏။ |
``ငါ့ကိုမေ့လျော့သူတို့၊ဤအချက်ကို ဆင်ခြင်ကြလော့။ သို့မပြုပါမူငါသည်သင်တို့အားသုတ်သင် ဖျက်ဆီးမည်။ သင်တို့အားကယ်မည့်သူလည်းတစ်ဦးတစ်ယောက် မျှ ရှိလိမ့်မည်မဟုတ်။
ကယ်ဆယ်တော်မမူပါလျှင်သူတို့သည်ခြင်္သေ့ကဲ့သို့ ကျွန်တော်မျိုးအားကယ်မည့်သူမရှိသည့်အရပ်သို့ဆွဲယူကာအပိုင်းပိုင်းကိုက်ဖြတ်ကြပါလိမ့်မည်။
သင်တို့သည်ငါ့လူမျိုးတော်၏အသားကို စားကြ၏။ သူတို့၏အရေကိုခွာ၍အရိုး များကိုချိုးလျက်အမဲဟင်းလျာသဖွယ် ဋ္ဌားဖြင့်စဉ်းကြ၏။-
ပေါလုသည်မိမိအားရဲတိုက်ထဲသို့ခေါ်ဆောင် သွားမည်ပြုသောအခါ တပ်မှူးအား``သင်နှင့် အကျွန်ုပ်စကားအနည်းငယ်ပြောပါရစေ'' ဟုဆို၏။ ``သင်သည်ဂရိဘာသာစကားကိုပြောတတ် ပါသလော။-
ထိုအခါရောမတပ်မှူးသည်ပေါလုကိုတပ် စခန်းရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်နှင့် အဘယ်ကြောင့်ဤသို့လူတို့ဆူပူဟစ်အော်ရ ကြောင်းကိုပေါလုအားရိုက်၍စစ်ဆေးရန် အမိန့်ပေး၏။-
သို့သော်ထိုအကြံအစည်ကိုပေါလုနှမ၏ သားသည်ကြားသိသွားသဖြင့် ရဲတိုက်ထဲ ကိုဝင်ပြီးလျှင်ပေါလုအားပြောကြား၏။-
ယုဒအမျိုးသားတို့သည်ဤသူ့ကိုဖမ်းဆီး ၍သတ်မည်ပြုကြပါ၏။ သူသည်ရောမနိုင်ငံ သားဖြစ်ကြောင်းကိုအကျွန်ုပ်ကြားသိရ သဖြင့် စစ်သားများနှင့်အတူသွား၍သူ့ အားကယ်ဆယ်ခဲ့ပါ၏။-
အကျွန်ုပ်သည်သူ့အားယုဒအမျိုးသားတို့ အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြကြောင်းကိုသိလို သဖြင့် သူတို့၏တရားလွှတ်တော်သို့ခေါ်ဆောင် သွားပါ၏။-
နောက်တစ်နေ့၌ခြေလျင်တပ်သားများသည် ရဲတိုက်သို့ပြန်လာခဲ့ကြ၏။ မြင်းတပ်သား များသည်ပေါလုနှင့်အတူဆက်လက်ခရီး ပြုရန်ဖြစ်၏။-
ငါသည်ခရီးအကြိမ်ကြိမ်ပြုရာတွင်မြစ် ရေလျှံသည့်ဘေး၊ ဋ္ဌားပြများ၏ဘေး၊ ငါ့ လူမျိုးများဖြစ်သောယုဒပြည်သူတို့၏ ဘေး၊ လူမျိုးခြားတို့၏ဘေး၊ မြို့ကြီးများ တွင်တွေ့ရတတ်သည့်ဘေး၊ တောကျေးလက် ၌ဆိုက်ရောက်တတ်သည့်ဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်တို့၏ဘေးများ နှင့်ကြုံတွေ့ခဲ့ရ၏။-
ချစ်သောညီအစ်ကိုတို့၊ ဤအချက်ကိုမှတ် သားထားကြလော့။ သင်တို့အားလုံးသည် ကြားနာမှုတွင်လျင်မြန်ကြစေ။ ပြောဆို မှုနှင့်အမျက်ထွက်မှုတွင်မူနှေးကြစေ။-
သို့သော်အကယ်၍သင်တို့စိတ်နှလုံးတွင် နာကြည်းစိတ်၊ မနာလိုစိတ်၊ တစ်ကိုယ်ကောင်း စိတ်များရှိလျှင်မိမိဉာဏ်ပညာအတွက် ကြွားဝါပြောဆိုခြင်းအားဖြင့်သမ္မာတရား ကိုမဆန့်ကျင်နှင့်။-