``လူတို့သည်သင်တို့ကိုတရားဇရပ်များသို့ လည်းကောင်း၊ မင်းများအာဏာပိုင်များရှေ့သို့ လည်းကောင်း ခေါ်ဆောင်လာကြသောအခါ အဘယ်သို့ပြောဆိုရမည်ကိုမစိုးရိမ်ကြ နှင့်။-
တမန်တော်ဝတ္ထု 22:1 - Common Language Bible ``ညီအစ်ကိုများနှင့်ဖခင်တို့၊ ယခုအကျွန်ုပ် ထုချေမည့်စကားကိုနားထောင်ကြပါ'' ဟု ဆို၏။- Garrad Bible အ ချင်း ညီ အစ် ကို အ ဘ တို့၊ ယ ခု ထု ချေ မည့် စ ကား ကို ကြား နာ ကြ ကုန် ဟု ဟစ် သည့် ကာ လ၊ Judson Bible ညီအစ်ကို၊ အဘတို့၊ အကျွန်ုပ်သည် ကိုယ်အပြစ်ဖြေရာ စကားကို သင်တို့ရှေ့မှာ ယခုပြောစဉ်တွင် နားထောင်ကြပါဟု ဆိုလေသော်၊- မြန်မာ့စံမီသမ္မာကျမ်း “ညီအစ်ကိုတို့နှင့်အဖတို့၊ ယခု သင်တို့ရှေ့၌ အကျွန်ုပ်ချေပပြောဆိုသောစကားကို နားထောင်ကြပါ”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေါလုက “ညီအစ်ကိုတို့နှင့် ဖခင်တို့… ယခု သင်တို့ရှေ့တွင်ပြောဆိုမည့် ကျွန်ုပ်၏ချေပချက်ကို နားထောင်ကြပါ” ဟု အစချီသော် |
``လူတို့သည်သင်တို့ကိုတရားဇရပ်များသို့ လည်းကောင်း၊ မင်းများအာဏာပိုင်များရှေ့သို့ လည်းကောင်း ခေါ်ဆောင်လာကြသောအခါ အဘယ်သို့ပြောဆိုရမည်ကိုမစိုးရိမ်ကြ နှင့်။-
ထို့ကြောင့်မိမိတို့မည်သို့ချေပရမည်ကို မစိုးရိမ်ရန်ကြိုတင်၍စိတ်ပြဋ္ဌာန်းကြလော့။-
``အာဗြဟံ၏သားမြေးဖြစ်သူငါ့ညီအစ်ကို တို့နှင့် ဘုရားသခင်ကိုကိုးကွယ်သူအခြား အမျိုးသားတို့၊ ဤကယ်တင်ခြင်းဆိုင်ရာ တရားကိုငါတို့ထံသို့ရောက်ရှိလာစေ၏။-
လူများစုသည်မိမိတို့အဘယ်ကြောင့်စုဝေး လျက်နေကြသည်ကိုမသိကြ။ ယုဒအမျိုး သားတို့သည်အာလေဇန္ဒြုကိုလူပရိသတ်ရှေ့ သို့သွားစေသဖြင့် လူထုအထဲမှလူအချို့ တို့ကထိုသူသည်ဖြစ်ပေါ်လျက်ရှိသည့်အရေး အခင်းနှင့်ပတ်သက်သူဖြစ်မည်ဟုယူဆ ကြ၏။ အာလေဇန္ဒြုသည်ပရိသတ်အား ဆိတ်ငြိမ်ရန်လက်ရိပ်ပြ၏။ ချေပပြောဆို ရန်ကြိုးစား၏။-
ပေါလုသည်ယုဒတရားလွှတ်တော်အဖွဲ့ဝင် များကိုစေ့စေ့ကြည့်လျက် ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယနေ့တိုင်အောင်တစ်သက်လုံး ဘုရားသခင်၏ရှေ့တော်တွင်သြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်နေထိုင်ပြုကျင့်ခဲ့ပါ၏'' ဟုပြော၏။-
သူသည်တရားလွှတ်တော်အဖွဲ့ထဲတွင်လူ တစ်စုက ဖာရိရှဲများဖြစ်၍အခြားတစ်စု ကဇဒ္ဒုကဲများဖြစ်ကြောင်းကိုသိမြင်သော အခါ ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ဖာရိရှဲ ဖြစ်ပါ၏။ ဖာရိရှဲ၏သားလည်းဖြစ်ပါ၏။ သေသူတို့သည်ရှင်ပြန်ထမြောက်မည်ကို မျှော်လင့်သူဖြစ်သဖြင့် ယခုအကျွန်ုပ်သည် အစစ်အဆေးခံနေရခြင်းဖြစ်ပါ၏'' ဟု တရားလွှတ်တော်တွင်ကြွေးကြော်လေ ၏။
ဘုရင်ခံမင်းသည်လက်ရိပ်ပြ၍ပေါလုအား တင်လျှောက်ခွင့်ပြုသောအခါပေါလုက၊ ``အရှင်သည်ဤလူမျိုးအပေါ်၌နှစ်ပေါင်း များစွာ တရားစီရင်လျက်နေခဲ့သူဖြစ်ကြောင်း အကျွန်ုပ်သိပါ၏။ ထို့ကြောင့်အကျွန်ုပ်မှာအပြစ် မရှိကြောင်းကို အရှင်အားလျှောက်လဲရသည့် အတွက်ဝမ်းမြောက်ပါ၏။-
အကျွန်ုပ်ကတရားခံတစ်ယောက်အားတရားလို များနှင့်မျက်နှာစုံညီတွေ့ဆုံ၍ သူတို့၏စွပ်စွဲ ချက်ကိုချေပခွင့်မပေးဘဲအပြစ်ဒဏ်စီရင် ခြင်းမှာ ရောမဋ္ဌလေ့ထုံးစံမဟုတ်ကြောင်းသူ တို့အားဖြေကြားခဲ့ပါ၏။-
ပေါလုက ``အကျွန်ုပ်သည်ယုဒအမျိုးသား တို့၏ပညတ်တရားကိုဖြစ်စေ၊ ဗိမာန်တော် ကိုဖြစ်စေ၊ ရောမဧကရာဇ်မင်းကိုဖြစ်စေ ပြစ်မှားမှုတစ်စုံတစ်ခုကိုမျှမကူးလွန် ခဲ့ပါ'' ဟုချေပပြောဆို၏။
ဤသို့လျှောက်လျက်နေစဉ်ဖေတ္တုက ``ပေါလု၊ သင်သည်ရူးသွပ်လေပြီ။ အတတ်လွန်ကဲ၍ သူရူးဖြစ်လေပြီတကား'' ဟုအော်၍ပြော ၏။
နောက်သုံးရက်ကြာလျှင်ပေါလုသည် မြို့ပေါ်ရှိ ယုဒအမျိုးသားခေါင်းဆောင်များကိုဖိတ်ခေါ် ၏။ ထိုသူတို့လာရောက်စုဝေးလျက်ရှိသော အခါပေါလုက ``ညီအစ်ကိုတို့၊ ငါသည်မိမိ အမျိုးသားတို့အားလည်းကောင်း၊ ဘိုးဘေး တို့၏ထုံးတမ်းစဉ်လာများအားလည်းကောင်း ဆန့်ကျင်သည့်အမှုတစ်စုံတစ်ရာကိုမျှ မပြုလုပ်ခဲ့သော်လည်း ယုဒအမျိုးသားတို့ သည်ယေရုရှလင်မြို့တွင် ငါ့ကိုဖမ်းဆီးပြီး လျှင်ရောမအမျိုးသားတို့၏လက်သို့အပ် ကြ၏။-
သတေဖန်က``ညီအစ်ကိုများနှင့်ဖခင်တို့၊ နားထောင်ကြပါလော့။ ငါတို့အဖအာဗြဟံ သည်ခါရန်မြို့သို့သွား၍မနေထိုင်မီ မေသော ပေါတာမိပြည်တွင်ရှိစဉ် ဘုန်းအသရေနှင့် ပြည့်စုံတော်မူသောဘုရားသခင်အား ဗျာဒိတ်ရူပါရုံတွင်ဖူးမြင်ရလေသည်။-
ပညတ်တရား၏ပြဋ္ဌာန်းချက်များသည်ထို သူတို့၏နှလုံးသားတွင်ရေးသားထားလျက် ရှိကြောင်း သူတို့၏အပြုအမူများကထောက် ခံ၏။ သူတို့၏သြတ္တပ္ပစိတ်ကလည်းထောက်ခံ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏စိတ်နှလုံး သည် တစ်ခါတစ်ရံသူတို့ကိုပြစ်တင်၍ တစ်ခါ တစ်ရံလည်းသူတို့ကိုထောက်ခံသောကြောင့် ဖြစ်၏။-
ငါတို့သည်ယခုတစ်ချိန်လုံးမိမိတို့ကိုယ် ကိုကွယ်ကာပြောဆိုလျက်နေကြသည်ဟု သင်တို့ထင်ကောင်းထင်ကြလိမ့်မည်။ ငါတို့ သည်ထိုသို့ပြောဆိုနေခြင်းမဟုတ်။ ခရစ် တော်သွန်သင်ပေးသည့်အတိုင်းဘုရား သခင်ရှေ့တော်မှောက်တွင်ပြောဆိုနေခြင်း သာဖြစ်၏။ ချစ်သူတို့၊ ငါတို့ပြုသမျှ သောအမှုအရာတို့သည်သင်တို့၏ အကျိုးအတွက်ဖြစ်ပေသည်။-
ဘုရားသခင်သည်သင်တို့၏ဝမ်းနည်းမှုကိုမည် သို့အသုံးပြုတော်မူသည်ကိုကြည့်ရှုကြလော့။ သင်တို့သည်စိတ်ထက်သန်၍လာကြလေပြီ။ မိမိတို့၌အပြစ်ကင်းကြောင်းဖော်ပြရန်အလွန် လိုလားကြလေပြီ။ လွန်စွာဒေါသထွက်ကြ လေပြီ။ လွန်စွာစိုးရိမ်ကြလေပြီ။ လွန်စွာတမ်း တကြလေပြီ။ လွန်စွာစေတနာထက်သန် ကြလေပြီ။ အပြစ်ရှိသူကိုဒဏ်ပေးရန် လိုလားကြလေပြီ။ သင်တို့သည်ဤအမှု တွင်မိမိတို့အပြစ်ကင်းကြောင်းကိုထင်ရှား စေကြလေပြီ။
အခြားသောသူတို့သည်ကားခရစ်တော်၏ အကြောင်းကိုစိတ်ရိုးသဘောရိုးဖြင့်မဟုတ်ဘဲ ကျော်ကြားလိုသောဆန္ဒဖြင့်ဟောပြောကြ၏။ သူတို့၏အကြံမှာအကျဉ်းခံနေရသူငါ့ အားပို၍စိတ်ဒုက္ခရောက်စေရန်ပင်ဖြစ်၏။
သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။-
ငါ၏အမှုကိုပထမအကြိမ်စစ်ဆေးရာတွင် ငါ့ ကိုထောက်ခံရန်အဘယ်သူမျှမလာကြ။ လူတိုင်း ပင်ငါ့ကိုစွန့်ပစ်သွားကြ၏။ ထိုသူတို့ဤသို့ပြု ကြသည်ကိုသခင်ဘုရားသည်သူတို့၏အပြစ် ကိုမှတ်တော်မမူပါစေနှင့်။-
သို့ရာတွင်သင်တို့စိတ်နှလုံးတွင်ခရစ်တော် ကိုရိုသေကိုင်းရှိုင်း၍အရှင်သခင်အဖြစ်ဖြင့် ခံယူကြလော့။ သင်တို့ခံယူရရှိသည့်မျှော် လင့်ချက်အကြောင်းကိုစစ်ဆေးမေးမြန်းလာ သူအားအချိန်မရွေးရှင်းလင်းဖော်ပြရန် အသင့်ရှိကြလော့။-