``မည်သည့်မြို့ရွာသို့မဆိုသင်တို့ဝင်သောအခါ သင်တို့အားကြိုဆိုလက်ခံမည့်သူကိုရှာကြလော့။ ထိုမြို့ရွာမှထွက်ခွာ၍မသွားမချင်းထိုသူ၏ ထံတွင်တည်းခိုကြလော့။-
တမန်တော်ဝတ္ထု 21:4 - Common Language Bible ထိုအရပ်တွင်ယုံကြည်သူအချို့တို့ကိုတွေ့ သဖြင့် ကျွန်ုပ်တို့သည်သူတို့နှင့်အတူခုနစ် ရက်မျှနေကြ၏။ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် ပေါလုအား ယေရုရှလင်မြို့သို့ဆက်၍မသွားရန်ပြော ကြားကြ၏။- Garrad Bible တ ပည့် တော် တို့ ကို ရှာ တွေ့၍ ခု နစ် ရက် နေ ကြ၏။ ထို တ ပည့် တော် တို့ က ပေါ လု ကို ယေ ရု ရှ လင် မြို့ သို့ မ သွား စေ ရန် ဝိ ညာဉ် တော် အား ဖြင့် ကန့် ကွက် ကြ သော် လည်း၊ Judson Bible တပည့်တော်တို့ကိုတွေ့၍ ငါတို့သည် ခုနစ်ရက်နေကြ၏။ ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည် အကြောင်း၊ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်အားဖြင့် ပြောကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် တပည့်တော်တို့ကိုတွေ့၍ ထိုအရပ်၌ ခုနစ်ရက်နေကြ၏။ သူတို့သည် ပေါလုအား ဂျေရုဆလင်မြို့သို့တက်မသွားရန် ဝိညာဉ်တော်အားဖြင့် ပြောကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာတွင် ကျွန်ုပ်တို့သည် တပည့်တော်တချို့ကို ရှာတွေ့သဖြင့် သူတို့နှင့်အတူ ခုနစ်ရက်နေကြ၏။ သူတို့က သန့်ရှင်းသောဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ မသွားရန်ပြောကြ၏။ |
``မည်သည့်မြို့ရွာသို့မဆိုသင်တို့ဝင်သောအခါ သင်တို့အားကြိုဆိုလက်ခံမည့်သူကိုရှာကြလော့။ ထိုမြို့ရွာမှထွက်ခွာ၍မသွားမချင်းထိုသူ၏ ထံတွင်တည်းခိုကြလော့။-
သူ့ကိုတွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။ သူတို့ နှစ်ဦးသည်တစ်နှစ်ပတ်လုံးအသင်းတော်ဝင်တို့ နှင့်တွေ့ဆုံ၍ များစွာသောလူပရိသတ်တို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည်ပထမဆုံး အကြိမ်ခရစ်ယာန်ဟုခေါ်ဝေါ်သမုတ်ခြင်းခံ ကြရသည့်အရပ်မှာအန္တိအုတ်မြို့ဖြစ်သတည်း။
ကောရိန္သုမြို့တွင်အာပေါလုရှိနေစဉ်ပေါလု သည် အထက်ပါဒေသတစ်လျှောက်သို့လှည့်လည် ပြီးနောက် ဧဖက်မြို့သို့ရောက်ရှိလာ၏။ ထိုမြို့တွင် တပည့်တော်အချို့တို့ကိုတွေ့၍၊-
ကဲသရိမြို့မှတပည့်တော်အချို့တို့သည် ကျွန်ုပ်တို့နှင့်အတူလိုက်ခဲ့ပြီးလျှင် ကျွန်ုပ်တို့ အားကုပရုကျွန်းသားတပည့်တော်ဟောင်း တစ်ဦးဖြစ်သူမနာသုန်၏အိမ်သို့တည်းခို ရန်ခေါ်သွားကြ၏။
ထိုမြို့တွင်ယုံကြည်သူအချို့တို့ကိုတွေ့၍ သူတို့က မိမိတို့နှင့်ခုနစ်ရက်မျှနေရန် တောင်းပန်သည်အတိုင်းနေပြီးနောက် ရောမမြို့သို့ခရီးဆက်ကြ၏။-
ငါ၏နာမတော်အတွက်ကြောင့်သူခံရမည့် ဒုက္ခဆင်းရဲအကြောင်းကို သူ့အားငါကိုယ် တိုင်ဖော်ပြမည်'' ဟုမိန့်တော်မူ၏။
သခင်ဘုရားနေ့၌ဝိညာဉ်တော်သည် ငါ့ အပေါ်သို့သက်ရောက်တော်မူလျက် ငါသည် တံပိုးခရာသံနှင့်တူသောအသံကြီး တစ်ခုကိုငါ့နောက်၌ကြားရ၏။-