အဒေါနိယနှင့်သူ၏ဧည့်သည်တော်တို့သည် မိမိ တို့စားသောက်ပွဲပြီးခါနီး၌ထိုအသံကိုကြား ကြ၏။ ယွာဘသည်တံပိုးခရာမှုတ်သံကိုကြား သော်``မြို့ထဲ၌ဤအသံကားအဘယ်သို့နည်း'' ဟုမေး၏။-
တမန်တော်ဝတ္ထု 21:31 - Common Language Bible သူတို့သည်ပေါလုကိုသတ်ရန်ကြိုးစားနေ စဉ်ရောမတပ်မှူးသည် ယေရုရှလင်မြို့တစ် မြို့လုံးရုံးရင်းဆန်ခတ်ဖြစ်လျက်နေသည် ဟုသတင်းရသဖြင့်၊- Garrad Bible ပေါ လု ကို သတ် မည် ပြု ကြ စဉ် ယေ ရု ရှ လင် တစ် မြို့ လုံး အုတ် အုတ် သဲ သဲ ဖြစ် ကြောင်း ကို ထောင် တပ် ဗိုလ် ချုပ် ထံ သ တင်း ရောက် သ ဖြင့်၊ Judson Bible ပေါလုကိုသတ်မည်ဟု အားထုတ်ကြသောအခါ၊ ယေရုရှလင်မြို့တစ်မြို့လုံး မငြိမ်မသက် ရုန်းရင်းခတ်မျှဖြစ်သည်ဟု လူတစ်ထောင်ကို အုပ်ချုပ်သော စစ်သူကြီးသည် သတင်းကြားလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ပေါလုကိုသတ်ရန် ကြိုးစားနေကြစဉ် ဂျေရုဆလင်တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ဟူသောသတင်းသည် တပ်ဖွဲ့တစ်ဖွဲ့၏တပ်မှူးကြီးထံ ရောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ပေါလုကိုသတ်ရန် ကြိုးပမ်းနေကြစဉ် ဂျေရုဆလင်တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်နေသောသတင်းသည် ရောမတပ်ဖွဲ့တစ်ဖွဲ့၏တပ်မှူးကြီးထံ ရောက်လေ၏။ |
အဒေါနိယနှင့်သူ၏ဧည့်သည်တော်တို့သည် မိမိ တို့စားသောက်ပွဲပြီးခါနီး၌ထိုအသံကိုကြား ကြ၏။ ယွာဘသည်တံပိုးခရာမှုတ်သံကိုကြား သော်``မြို့ထဲ၌ဤအသံကားအဘယ်သို့နည်း'' ဟုမေး၏။-
သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည် ကိုစိုးရိမ်စရာရှိသဖြင့်ပွဲတော်ရက်အတွင်း ၌မဖမ်းမဆီးကြနှင့်'' ဟုဆိုကြ၏။
ပိလတ်မင်း၏စစ်သားများသည်သခင်ယေရှုကို ဘုရင်ခံမင်းအိမ်တော်သို့ခေါ်ဆောင်သွားကြ၏။ ထိုနောက်ခြေလျင်တပ်ခွဲတစ်တပ်လုံးသည်ကိုယ် တော်ပတ်လည်စုရုံးလာကြ၏။-
သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်စရာရှိသဖြင့် ပွဲတော်ရက်အတွင်း၌ မဖမ်းဆီးကြနှင့်'' ဟုဆိုကြ၏။
သင်တို့သည်တရားဇရပ်များမှနှင်ထုတ်ခြင်း ခံရလိမ့်မည်။ သင်တို့ကိုသတ်ဖြတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ခြင်း ပင်ဖြစ်သည်ဟု လူတို့ထင်မှတ်သည့်အချိန် ကာလမုချကျရောက်ပေအံ့။-
ထိုနောက်ရောမတပ်သားများနှင့်ယုဒအမျိုး သားအစောင့်တပ်သားများသည်ကိုယ်တော်ကို ဖမ်းဆီးချည်နှောင်ပြီးလျှင်အန္နတ်မင်းထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။-
ကဲသရိမြို့တွင်ကော်နေလိနာမည်ရှိသူလူ တစ်ယောက်ရှိ၏။ သူသည် ``ဣတလိတပ်'' ဟု ခေါ်သောတပ်မှတပ်ခွဲမှူးတစ်ယောက်ဖြစ်၏။-
သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။-
ယနေ့ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းသည် ငါတို့ ကြောင့်ဖြစ်ရသည်ဟုအစွပ်အစွဲခံရစရာ ရှိ၏။ ဤသို့ရုတ်ရုတ်သဲသဲဖြစ်စရာအကြောင်း မရှိ။ ရုတ်ရုတ်သဲသဲဖြစ်ရသည်ကို ငါတို့ခိုင် လုံသည့်အကြောင်းပြချက်ပေးနိုင်ကြမည် မဟုတ်'' ဟုဆို၏။-
မကြာသေးမီအခါကပုန်ကန်ထကြွလျက် သူ ပုန်လေးထောင်ကိုခေါင်းဆောင်၍ တောကန္တာရသို့ ခေါ်ဆောင်သွားသူအီဂျစ်အမျိုးသားပင် မဟုတ်လော'' ဟုမေး၏။
လူတို့သည်ဤမျှကြာအောင်နားထောင်နေ ကြပြီးနောက် ဤသို့ပေါလုပြောဆိုသည်ကို ကြားသောအခါ ``ဤသူအားကမ္ဘာမြေကြီး ပေါ်မှသုတ်သင်ပယ်ရှင်းလော့။ သူ့အားသတ် လော့။ သူသည်အသက်ရှင်ရန်မသင့်'' ဟု အသံကုန်ဟစ်အော်ကြ၏။-
ပေါလုသည်တပ်ခွဲမှူးတစ်ယောက်ကိုခေါ် ၍ ``ဤလူငယ်ကိုတပ်မှူးထံသို့ခေါ်ဆောင် သွားပါ။ တပ်မှူးအားလျှောက်ထားရန်ကိစ္စ တစ်ခုရှိပါသည်'' ဟုပြော၏။-
ဖေလဇ်သည်လမ်းစဉ်တော်အကြောင်းကို ကောင်းစွာသိရှိထားသူဖြစ်သဖြင့် အမှု စစ်ဆေးကြားနာမှုကိုထိုအချိန်၌ရပ် နားလိုက်၏။ သူက ``တပ်မှူးလုသိ ရောက်ရှိလာသောအခါမှသင်တို့အမှု ကိုငါစီရင်ချက်ချမှတ်မည်'' ဟုဆို၏။-
ဗိမာန်တော်ကိုလည်းညစ်ညမ်းစေရန်ကြိုးစား အားထုတ်သဖြင့် သူ့အားအကျွန်ုပ်တို့ဖမ်းဆီး ခဲ့ကြပါ၏။ (သူ့အားအကျွန်ုပ်တို့သည်ပညတ် တရားအရစစ်ဆေးစီရင်ရန်အလိုရှိသော် လည်း၊-
သို့ဖြစ်၍နောက်တစ်နေ့၌အဂြိပ္ပမင်းနှင့်မိ ဖုရားဗေရနိတ်တို့သည် ခမ်းနားကြီးကျယ် သောအဆောင်အယောင်များနှင့်တကွတပ်မှူး များ၊ မြို့ပေါ်ရှိဂုဏ်အသရေရှိလူကြီးများ နှင့်အတူကြွလာလျက် ညီလာခံခန်းမကြီး သို့ဝင်တော်မူ၏။ ထိုအခါဖေတ္တု၏အမိန့် အရ ပေါလုအားခေါ်သွင်းကြ၏။-
ထို့ကြောင့်ယုဒအမျိုးသားတို့သည် အကျွန်ုပ် ကိုဗိမာန်တော်ထဲတွင်ဖမ်းဆီး၍သတ်ရန် ကြိုးစားကြပါ၏။-