တံခါးအနီးကွပ်လပ်တွင်မိုးလင်းခါစမှ မွန်းတည့်ချိန်တိုင်အောင်ဖတ်ပြ၏။ လူအပေါင်း တို့သည်အာရုံစိုက်၍နားထောင်ကြ၏။
တမန်တော်ဝတ္ထု 20:7 - Common Language Bible ကျွန်ုပ်တို့သည်စနေနေ့ညနေ၌မိတ်သဟာ ယစားပွဲဝင်ရန်အတွက်စုဝေးကြ၏။ ပေါလု သည်နောက်တစ်နေ့တွင်ထိုမြို့မှထွက်ခွာသွား ရန်အကြံရှိသဖြင့် သန်းခေါင်အချိန်တိုင် အောင်လူတို့အားဟောပြောလျက်နေ၏။- Garrad Bible သိ တင်း ဦး နေ့၌ ငါ တို့ သည် မုန့် ဖဲ့ ဝတ် ကို ပြု ရန် စည်း ဝေး လျက် နေ ကြ သော် နောက် နေ့၌ သွား မည့် အ ကြံ ရှိ သော ပေါ လု သည် ငါ တို့ စည်း ဝေး ရာ အ ထက် ခန်း တွင် မီး ခွက် များ စွာ ထွန်း သည် နှင့် သန်း ခေါင် တိုင် အောင် သင် ကြား ဟော ပြော စဉ်၊ Judson Bible ခုနစ်ရက်တွင် ပထမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှာ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည်ဖြစ်၍၊ သန်းခေါင်တိုင်အောင် ဟောပြောလျက် နေလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ရက်သတ္တပတ်၏ပထမနေ့တွင် ငါတို့သည် မုန့်ကိုဖဲ့ရန် စုဝေးကြ၏။ ပေါလုသည် သူတို့နှင့်ဆွေးနွေးပြောဆိုလျက်နေ၏။ သူသည် နောက်တစ်နေ့တွင် ထွက်ခွာရန်ကြံရွယ်ထားသည်ဖြစ်၍ သန်းခေါင်အချိန်တိုင်အောင် တရားစကားကို ဆက်၍ဟောပြောလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရက်သတ္တပတ်၏ပထမနေ့ရက်၌ ကျွန်ုပ်တို့သည် မုန့်ကိုချိုးဖဲ့ရန် အတူတကွစုဝေးကြ၏။ ပေါလုသည် နောက်တစ်ရက်တွင် ထိုမြို့မှ ထွက်ခွာရန် ရည်ရွယ်ထားသောကြောင့် ညသန်းခေါင်အချိန်ထိ တရားတော်ကို ဟောပြောလျက်နေ၏။ |
တံခါးအနီးကွပ်လပ်တွင်မိုးလင်းခါစမှ မွန်းတည့်ချိန်တိုင်အောင်ဖတ်ပြ၏။ လူအပေါင်း တို့သည်အာရုံစိုက်၍နားထောင်ကြ၏။
သူတို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏ပညတ်ကျမ်းစာတော်ဖတ်ရွတ်သည် ကို သုံးနာရီခန့်နားထောင်ကြပြီးလျှင်နောက် ထပ်သုံးနာရီမျှ မိမိတို့အပြစ်များကို ဖော်ပြဝန်ခံကာ မိမိတို့၏ဘုရားသခင် ထာဝရဘုရားအားဝတ်ပြုရှိခိုးကြလေ သည်။
[တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။-
ထိုနောက်ကိုယ်တော်သည်မုန့်ကိုယူ၍ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်ကိုဖဲ့၍တပည့်တော်တို့အား ပေးတော်မူ၏။ ကိုယ်တော်က ``ဤမုန့်ကားသင် တို့အတွက်စွန့်သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့သတိရရန်ဤသို့ပြု ကြလော့'' ဟုမိန့်တော်မူ၏။-
ထိုနောက်ထိုသူနှစ်ယောက်တို့သည်လမ်းတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကိုလည်း ကောင်း၊ မုန့်ကိုဖဲ့တော်မူစဉ်တွင်ကိုယ်တော်မှန်း သိရှိလာကြောင်းကိုလည်းကောင်းပြောကြ၏။
တနင်္ဂနွေနေ့မိုးမလင်းမီမှောင်လျက်နေသေး စဉ်အခါမာဂဒလမြို့သူမာရိသည်သင်္ချိုင်း တော်သို့လာရာဂူဝမှကျောက်တုံးကိုဖယ် ရှားထားသည်ကိုတွေ့ရ၏။-
တပည့်တော်တို့သည်ယုဒအာဏာပိုင်တို့ကို ကြောက်သဖြင့်တနင်္ဂနွေနေ့ညဦးအချိန်၌ အိမ်တံခါးပိတ်၍စုဝေးနေကြ၏။ ထိုအခါ သခင်ယေရှုသည်ကြွလာတော်မူ၍ထိုသူတို့ အလယ်မှာရပ်တော်မူလျက် ``သင်တို့၌ငြိမ် သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော်မူ၏။-
ထိုနောက်ရက်သတ္တတစ်ပတ်ကြာသော်တပည့် တော်တို့သည် အိမ်အတွင်းမှာစုဝေးလျက်ရှိ ကြ၏။ သောမလည်းသူတို့နှင့်အတူရှိ၏။ တံခါးများပိတ်ထားလျက်ရှိ၏။ သို့ရာတွင် သခင်ယေရှုသည်ကြွလာတော်မူ၍သူတို့ ၏အလယ်တွင်ရပ်တော်မူပြီးလျှင် ``သင်တို့ ၌ငြိမ်သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော် မူ၏။-
ဤသို့ဗျာဒိတ်ရူပါရုံကိုပေါလုမြင်ပြီးနောက် ချက်ချင်းပင်ကျွန်ုပ်တို့သည်မာကေဒေါနိပြည် သို့သွားရန်ပြင်ဆင်ကြ၏။ အဘယ်ကြောင့်ဆို သော်မာကေဒေါနိပြည်သားတို့အားသတင်း ကောင်းကိုဟောပြောရန် ကျွန်ုပ်တို့အားဘုရား သခင်စေခိုင်းတော်မူသည်ဟုဆုံးဖြတ်ချက် ချကြခြင်းကြောင့်ဖြစ်၏။
ထိုသူတို့သည်တမန်တော်တို့၏ဆုံးမသြဝါဒ ကိုခံယူခြင်း၊ စုပေါင်းနေထိုင်စားသောက်ခြင်း၊ ပွဲ တော်မင်္ဂလာဝင်ခြင်း၊ အတူတကွဆုတောင်းပတ္ထနာ ပြုခြင်းတို့ဖြင့်အချိန်ကိုကုန်လွန်စေကြ၏။
သူတို့သည်နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင် စုဝေးကြ၏။ မိမိတို့အိမ်များတွင်နှိမ့်ချ သောစိတ်ဖြင့်ဝမ်းမြောက်စွာအတူတကွ အစာအာဟာရကိုသုံးဆောင်ကြ၏။-
ပေါလုသည်အိမ်ပေါ်သို့ပြန်တက်ပြီးလျှင် တပည့်တော်တို့နှင့်အတူမိတ်သဟာယ စားပွဲဝင်၏။ အစားအစာသုံးဆောင်ပြီး သော်သူသည်အရုဏ်တက်သည်တိုင်အောင် ထို သူတို့နှင့်ကြာမြင့်စွာစကားပြောလျက် နေလေသည်။ ထိုနောက်ထိုမြို့မှထွက်ခွာ သွား၏။-
သို့ဖြစ်၍သတိနှင့်နေကြလော့။ ငါသည်သင် တို့အပေါင်းအားသုံးနှစ်ပတ်လုံးနေ့ညမပြတ် မျက်ရည်ကျလျက်ဆုံးမသွန်သင်ခဲ့သည်ကို သတိရကြလော့။''
ထိုသူတို့သည်ကြိုတင်သွားနှင့်ကြပြီး နောက်ကျွန်ုပ်တို့အား တရောမြို့တွင်စောင့် နေကြ၏။-
ဥတုခုဆိုသူလူငယ်လူရွယ်တစ်ယောက်သည် ပြူတင်းပေါက်ဘောင်ပေါ်တွင်ထိုင်လျက်နေ၏။ ပေါလုဆက်၍ဟောပြောနေစဉ်သူသည်ငိုက် မြည်းလာပြီးလျှင် နောက်ဆုံး၌အိပ်ပျော်သွား ကာအိမ်၏တတိယအထပ်မှမြေသို့လိမ့် ကျလေသည်။ လူတို့သည်သူ့ကိုပွေ့ချီလိုက် ရာသေနေသည်ကိုတွေ့ကြ၏။-
ထိုသူတို့သည်ရက်ချိန်းပေးကြ၏။ ချိန်းသည့်နေ့ ၌ ပေါလုတည်းခိုရာသို့လူအမြောက်အမြား လာရောက်ကြ၏။ ပေါလုသည်နံနက်မှညနေ ချမ်းတိုင်အောင် ဘုရားသခင်၏နိုင်ငံတော်ဆိုင် ရာတရားတော်အကြောင်းကိုရှင်းလင်းဖော် ပြ၏။ သခင်ယေရှု၏အကြောင်းတော်ကိုလည်း မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များမှကောက်နုတ်ကာ ထိုသူတို့နားလည် သဘောပေါက်လာစေရန်ကြိုးစား၍ဟော ပြော၏။
ငါတို့သည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ ပွဲတော်ခွက်ဖလားမှစပျစ်ရည်ကို သောက်ကြသောအခါ ခရစ်တော်၏သွေးတော်ကို ဆက်ဆံသုံးဆောင်ကြသည်မဟုတ်လော။ မုန့်ကို စားသောအခါ၌လည်း ခရစ်တော်၏ကိုယ်ခန္ဓာ တော်ကိုဆက်ဆံသုံးဆောင်ကြသည်မဟုတ် လော။-
သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည်ယခုအခြေအနေသို့ရောက်ရှိ၏။ ငါ့ အားကိုယ်တော်ပေးသနားတော်မူသောကျေးဇူး တော်သည်လည်းအကျိုးမဲ့မဖြစ်။ ငါသည်အခြား တမန်တော်တို့ထက်ပို၍ကြိုးစားလုပ်ဆောင်၏။ ဤသို့လုပ်ဆောင်နိုင်ခြင်းမှာငါ၏စွမ်းရည်ကြောင့် မဟုတ်။ ငါနှင့်အတူလုပ်ဆောင်သောဘုရားသခင် ၏ကျေးဇူးတော်ကြောင့်ဖြစ်၏။-
ငါရောက်ရှိလာသောအခါအလှူငွေကောက်ခံဖို့ မလိုစေရန် တနင်္ဂနွေနေ့တိုင်းသင်တို့တစ်ဦးစီ သည် မိမိ၏ဝင်ငွေနည်းများအလိုက်လှူဒါန်းရန် စုဆောင်းထားကြလော့။-
(အချိန်အခါသင့်သည်ဖြစ်စေ၊ မသင့်သည် ဖြစ်စေ) တရားတော်ကိုဟောပြောကြေညာ လော့။ ကြားနာသူတို့အားနားလည်သဘော ပေါက်စေလော့။ ဆုံးမလော့။ အားပေးတိုက်တွန်း လော့။ စိတ်ရှည်စွာသွန်သင်လော့။-
သခင်ဘုရားနေ့၌ဝိညာဉ်တော်သည် ငါ့ အပေါ်သို့သက်ရောက်တော်မူလျက် ငါသည် တံပိုးခရာသံနှင့်တူသောအသံကြီး တစ်ခုကိုငါ့နောက်၌ကြားရ၏။-