ငါခံယူရမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှု ကိုဆောင်ရွက်၍မပြီးမချင်း ငါသည်စိတ် ဒုက္ခရောက်လှ၏။-
တမန်တော်ဝတ္ထု 20:22 - Common Language Bible ယခုမှာငါသည်ဝိညာဉ်တော်၏အမိန့်ကို နာခံ၍ ယေရုရှလင်မြို့သို့သွားရမည်။ ထို မြို့တွင်အဘယ်သို့ဖြစ်မည်ကိုငါမသိ။- Garrad Bible ယ ခု မှာ ကြည့် ကြ လော့။ မြို့ ရွာ တိုင်း တွင် သန့် ရှင်း သော ဝိ ညာဉ် တော် သက် သေ ခံ သည့် အ လျောက်၊ ချည် နှောင် ခြင်း၊ ညှဉ်း ပန်း ခြင်း များ ကို ခံ ရ သည့် ပြင် ငါ၌ မည် သို့ ဖြစ် ပျက် မည် ကို မ သိ ဘဲ စိတ် ချည် နှောင် လျက် ယေ ရု ရှ လင် မြို့ သို့ ငါ သွား ရ၏။ Judson Bible ယခုမှာငါသည် ဝိညာဉ်တော်အားဖြင့် ချည်နှောင်ခြင်းကိုခံ၍၊ ယေရုရှလင်မြို့သို့သွားရ၏။ ထိုမြို့၌ အဘယ်အမှုရောက်မည်ကို မသိ။- မြန်မာ့စံမီသမ္မာကျမ်း ယခု ငါသည် ဝိညာဉ်တော်၏နှောင်ဖွဲ့ခြင်းကိုခံရ၍ ဂျေရုဆလင်မြို့သို့ သွားနေခြင်းဖြစ်၏။ ထိုမြို့တွင် မည်သည့်အရာနှင့်ငါကြုံတွေ့ရမည်ကို ငါမသိ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခု ကျွန်ုပ်သည် သန့်ရှင်းသောဝိညာဉ်တော်နိုးဆော်တော်မူသည့်အတိုင်း ဂျေရုဆလင်မြို့သို့ သွားမည်။ ထိုမြို့၌ မည်သို့ဖြစ်ပျက်မည်ကို ကျွန်ုပ်မသိ။ |
ငါခံယူရမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှု ကိုဆောင်ရွက်၍မပြီးမချင်း ငါသည်စိတ် ဒုက္ခရောက်လှ၏။-
ကောင်းကင်ဘုံသို့တက်ကြွရန်အချိန်နီးလာ သောအခါ ကိုယ်တော်သည်ယေရုရှလင်မြို့သို့ ကြွတော်မူရန်စိတ်ပိုင်းဖြတ်လျက်-
အခါကားပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ သခင်ယေရှုသည်ဤလောကမှထွက် ခွာ၍ ခမည်းတော်ထံသို့ကြွတော်မူရမည့် အချိန်ကျရောက်လာကြောင်းကိုသိတော်မူ ၏။ ကိုယ်တော်သည်ဤလောကရှိမိမိ၏တပည့် သားရင်းများကိုအစဉ်ပင်ချစ်တော်မူ၏။ သူတို့အားဆုံးခန်းတိုင်အောင်ချစ်တော် မူပေသည်။
သခင်ယေရှုသည်မိမိကြုံတွေ့ရမည့်အမှု အရာအလုံးစုံတို့ကိုသိတော်မူပြီးဖြစ်သည် အလျောက် ထိုသူတို့၏ထံသို့ကြွတော်မူလျက် ``သင်တို့မည်သူ့ကိုရှာကြသနည်း'' ဟုမေး တော်မူ၏။
ပေါလုသည်အာသင်မြို့တွင် သိလနှင့်တိမောသေ တို့ကိုစောင့်ဆိုင်းလျက်နေစဉ် ထိုမြို့တွင်ရုပ်တု များနှင့်ပြည့်နှက်လျက်ရှိသည်ကိုမြင်သဖြင့် စိတ်မချမ်းမသာဖြစ်၏။-
ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ပေါလု သည်မာကေဒေါနိပြည်နှင့်အခါယပြည်မှ တစ်ဆင့် ယေရုရှလင်မြို့သို့သွားရန်စိတ်ပိုင်း ဖြတ်၏။ သူက ``ထိုမြို့သို့ငါသွားပြီးနောက် ရောမမြို့သို့လည်းသွားရမည်'' ဟုဆို၏။-
ပေါလုသည်အာရှနယ်တွင်အချိန်မကုန်စေ လိုသဖြင့် ဧဖက်မြို့အနီးမှဖြတ်၍သင်္ဘော လွှင့်ရန်စိတ်ပိုင်းဖြတ်ထား၏။ ဖြစ်နိုင်ပါက ပင်တေကုတ္တေပွဲတော်အမီယေရုရှလင်မြို့ သို့ရောက်ရှိရန် သူသည်အလျင်အမြန်ခရီး ပြုလျက်နေ၏။
တစ်ယောက်သောသူသည်လူအပေါင်းတို့ အတွက်အသေခံသဖြင့် လူအပေါင်းတို့ သည်ထိုသူနှင့်အတူအသေခံကြကြောင်း ကိုငါတို့ယခုသိကြပြီဖြစ်၍ ငါတို့ကို ခရစ်တော်၏မေတ္တာတော်သည်အုပ်စိုးလေ ပြီ။-
သင်တို့သည်နက်ဖြန်နေ့၌မည်သို့ဖြစ်မည်ကို ပင်မသိနိုင်ကြ။ လူ့ဘဝဟူသည်ခေတ္တခဏ မျှသာပေါ်လာပြီးနောက်ပျောက်ကွယ်သွား တတ်သည့်မီးခိုးနှင့်တူ၏။-
အဘယ်ကြောင့်ဆိုသော်ငါသည်မကြာမီပင် ဤပျက်စီးတတ်သည့်ကိုယ်ခန္ဓာကိုစွန့်ပစ်ရလိမ့် မည်ဖြစ်ကြောင်းသိသောကြောင့်ဖြစ်ပေသည်။ ငါ တို့အရှင်သခင်ယေရှုခရစ်ကလည်းယင်းသို့ ဖြစ်မည်ဟုငါ့အားအတိအလင်းမိန့်ကြား ထား၏။-