ဧဖက်မြို့သို့ရောက်သောအခါပေါလုသည် ပြစ်ကိလနှင့်အာကုလတို့ကိုမြို့တွင်ထား ခဲ့၏။ သူသည်တရားဇရပ်သို့ဝင်ပြီးလျှင် ယုဒအမျိုးသားတို့နှင့်တရားစကား ဆွေးနွေး၏။-
တမန်တော်ဝတ္ထု 20:18 - Common Language Bible ထိုသူတို့ရောက်ရှိကြသောအခါပေါလုက ``ငါ သည်အာရှနယ်သို့ရောက်သည့်နေ့မှစ၍ သင်တို့ နှင့်အတူရှိနေသည့်အချိန်ကာလတစ်လျှောက် လုံးတွင် မည်သို့ပြုမူကျင့်ကြံခဲ့သည်ကိုသင် တို့အသိပင်ဖြစ်၏။- Garrad Bible ငါ သည် အာ ရှိ ပြည် ကို ဦး စွာ ရောက် သည့် နေ့ မှ စ၍ သင် တို့ နှင့် အ တူ နေ ထိုင် သ မျှ ကာ လ အ တွင်း၊ Judson Bible သူတို့သည် ရောက်ကြသောအခါ၊ ပေါလုက၊ ငါသည် အာရှိပြည်သို့ရောက်သော နေ့မှစ၍ ယခုတိုင်အောင် သင်တို့ရှေ့မှာ အဘယ်သို့ ကျင့်နေသည်ကို သင်တို့သိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့ရောက်လာကြသောအခါ ပေါလုက “ငါသည် အာရှပြည်၌ ပထမဦးဆုံးခြေချသည့်နေ့မှစ၍ သင်တို့နှင့်အတူရှိခဲ့သည့်ကာလတစ်လျှောက် မည်ကဲ့သို့အသက်ရှင်ခဲ့သည်ကို သင်တို့သိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့ ရောက်လာကြသောအခါ ပေါလုက “ကျွန်ုပ်သည် အာရှပြည်တွင် ပထမဦးဆုံးရောက်သည့်နေ့မှစ၍ သင်တို့နှင့် ရှိနေသော အချိန်တိုင်းတွင် မည်သို့ပြုမူနေထိုင်သည်ကို သင်တို့သိကြပါ၏။ |
ဧဖက်မြို့သို့ရောက်သောအခါပေါလုသည် ပြစ်ကိလနှင့်အာကုလတို့ကိုမြို့တွင်ထား ခဲ့၏။ သူသည်တရားဇရပ်သို့ဝင်ပြီးလျှင် ယုဒအမျိုးသားတို့နှင့်တရားစကား ဆွေးနွေး၏။-
ကောရိန္သုမြို့တွင်အာပေါလုရှိနေစဉ်ပေါလု သည် အထက်ပါဒေသတစ်လျှောက်သို့လှည့်လည် ပြီးနောက် ဧဖက်မြို့သို့ရောက်ရှိလာ၏။ ထိုမြို့တွင် တပည့်တော်အချို့တို့ကိုတွေ့၍၊-
ဤသို့နှစ်နှစ်တိုင်တိုင်ကျင်းပရာအာရှပြည် တွင် နေထိုင်သူယုဒအမျိုးသားများနှင့်ဂရိ အမျိုးသားအပေါင်းတို့သည် သခင်ဘုရား ၏နှုတ်ကပတ်တရားတော်ကိုကြားနာရ ကြ၏။
ပေါလုသည်အာရှနယ်တွင်အချိန်မကုန်စေ လိုသဖြင့် ဧဖက်မြို့အနီးမှဖြတ်၍သင်္ဘော လွှင့်ရန်စိတ်ပိုင်းဖြတ်ထား၏။ ဖြစ်နိုင်ပါက ပင်တေကုတ္တေပွဲတော်အမီယေရုရှလင်မြို့ သို့ရောက်ရှိရန် သူသည်အလျင်အမြန်ခရီး ပြုလျက်နေ၏။
ဗေရိမြို့သားပုရု၏သားဖြစ်သူသောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့်သေကန္ဒု၊ ဒေရဗေမြို့သားဖြစ် သူဂါယု၊ အာရှနယ်သားများဖြစ်ကြသော တုခိတ်နှင့်တရောဖိမ်တို့သည်လည်းကောင်း၊ တိမောသေသည်လည်းကောင်းသူနှင့်အတူ လိုက်သွားကြ၏။-
ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
သို့ရာတွင်သင်သည်ငါ၏သြဝါဒ၊ ငါ၏ အကျင့်အကြံနှင့်ငါ၏ဘဝရည်မှန်းချက်ကို သိမြင်ခဲ့ပြီ။ ငါ၏ယုံကြည်ခြင်း၊ ငါ၏သည်း ညည်းခံခြင်း၊ ငါ၏မေတ္တာ၊ ငါ၏ခံနိုင်ရည်၊-