ပေါလုသည်မိမိကိုယ်တိုင်ထိုလူပရိသတ် နှင့်ရင်ဆိုင်လို၏။ သို့သော်တပည့်တော်တို့က ထိုသို့မပြုရန်ဆီးတားကြ၏။-
ထို ကာ လ အ စု အ ရုံး သို့ ဝင် လို သော ပေါ လု ကို တ ပည့် တော် တို့ ခွင့် မ ပြု ကြ သည့် ပြင်၊
ပေါလုသည် လူစုထဲသို့ဝင်ခြင်းငှာ အလိုရှိလျှင် တပည့်တော်တို့သည် မြစ်တားကြ၏။-
ပေါလုသည် လူစုလူဝေးထဲသို့ဝင်လိုသော်လည်း တပည့်တော်တို့သည် သူ့ကိုတားမြစ်ကြ၏။
ပေါလုသည် လူအုပ်ထံ သွား၍ ရင်ဆိုင်လိုသော်လည်း တပည့်များက တားဆီးကြ၏။
ဒါဝိဒ်၏လူတို့သည်မင်းကြီးအား နောက် တစ်ဖန်မိမိတို့နှင့်အတူစစ်ပွဲသို့လိုက် တော်မမူရန်ကတိပြုစေကြ၏။ သူတို့ က``အရှင်သည်ဣသရေလအမျိုးသား တို့၏မျှော်လင့်ရာဖြစ်တော်မူပါ၏။ အကျွန်ုပ် တို့သည်အရှင့်အားဘေးမရောက်စေလိုပါ'' ဟုလျှောက်ထားကြ၏။
ပေါလု၏အဆွေဖြစ်သောနယ်အာဏာပိုင် အချို့တို့ကလည်း မြို့တော်ခန်းမကြီးထဲ သို့မဝင်ရန်လူလွှတ်၍တောင်းပန်ကြ၏။-
သို့ရာတွင်လူအချို့တို့သည်ခေါင်းမာ၍မယုံ ကြည်သဖြင့် လူအပေါင်းတို့ရှေ့တွင်သခင်ဘုရား ၏လမ်းစဉ်တော်ကိုရှုတ်ချပြောဆိုကြ၏။ သို့ ဖြစ်၍ပေါလုသည်တပည့်တော်တို့ကိုခေါ် ၍ ထိုသူတို့ထံမှထွက်ခွာပြီးလျှင် တုရန္နု ၏စာသင်ခန်းမဆောင်တွင်နေ့စဉ်နေ့တိုင်း ဆွေးနွေးပွဲများကိုကျင်းပ၏။-
ပေါလုက ``အကျွန်ုပ်သည်ယုဒအမျိုးသားဖြစ် ပါသည်။ ကိလိကိပြည်၊ တာရှုမြို့တွင်ဖွားမြင်ခဲ့ ၍ထင်ရှားသောမြို့ကြီးသားဖြစ်ပါ၏။ အကျွန်ုပ် ကိုကျေးဇူးပြု၍လူတို့အားစကားပြောခွင့် ပြုပါ'' ဟုဆို၏။