ထိုနောက်သူသည်အခြားကျန်ရှိသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုထုလုပ်ပြီးလျှင် ဦးချဝတ်ပြု၍ ထိုရုပ်တုအား``အရှင်သည် ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကယ်မတော်မူပါ'' ဟု ဆုတောင်းပတ္ထနာပြုတတ်၏။
တမန်တော်ဝတ္ထု 19:27 - Common Language Bible လူတို့သည်ငါတို့၏အတတ်ကိုကဲ့ရဲ့ပြောဆို မည်သာမကအာရှပြည်နှင့်တကွ ကမ္ဘာတစ်ဝန်း လုံးကိုးကွယ်သည့်အာတေမိနတ်သမီးကြီး၏ ဂုဏ်အသရေညှိုးနွမ်းလျက် သူ၏နတ်ကွန်းသည် လည်းမရေမရာဖြစ်ရတော့မည့်ဘေးနှင့်ရင် ဆိုင်နေရ၏'' ဟုပြော၏။ Garrad Bible ငါ တို့ အ လုပ် ယုတ် ညံ့ သည့် ပြင် အာ ရှိ ပြည် မှ စ၍ တစ် လော က လုံး ကြည် ညို သော မ ဟာ ဘု ရား မ အာ တေ မိ၏ ဘုံ ဗိ မာန် တော် မ ရေ ရ ဖြစ် လျက် ထို ဘု ရား မ ပင် မြင့် မြတ် သော အ ခြေ အ နေ မှ နိမ့် ကျ မည် စိုး ရိမ် ရန် ရှိ သည် ဟု ပြော ဆို၏။ ထို စ ကား ကို ကြား ကြ သော် အ မျက် ထွက်၍ ဧ ဖက် မြို့ သူ မြို့ သား တို့၏ ဘု ရား မ အာ တေ မိ သည် ကြီး မြတ် စွ တ ကား ဟု အော် ဟစ် ကြ ရာ၊ Judson Bible ထိုသို့လူများတို့သည် ငါတို့၏အတတ်ကို ကဲ့ရဲ့သည်သာမက၊ ကြီးမြတ်သော နတ်သမီးအာတေမိ၏ ဗိမာန်တော်ကို ပမာဏမပြုသဖြင့်၊ အာရှိပြည် တစ်လျှောက်လုံးမှစ၍ လောကီနိုင်ငံသားတို့ ကိုးကွယ်သော ဘုန်းအသရေတော်သည် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ဤအမှုအရာသည် ငါတို့၏လုပ်ငန်းကို နာမည်ပျက်စေမည်ဟု စိုးရိမ်ရသည်သာမက ကြီးမြတ်သောအာတေမိနတ်ဘုရားမ၏ဗိမာန်သည် ပမာဏပြုစရာမရှိတော့ဘဲ အာရှပြည်နှင့် ကမ္ဘာတစ်ဝန်းလုံးကိုးကွယ်သည့် နတ်ဘုရားမ၏ခန့်ညားထည်ဝါမှုသည်လည်း ကွယ်ပျောက်သွားတော့မည်ဟု စိုးရိမ်ရ၏”ဟု ပြောဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ဖြင့် ကျွန်ုပ်တို့၏စီးပွားလုပ်ငန်းသည် နာမည်ပျက်နိုင်ချေရှိမည်။ ထိုမျှမက ကြီးမြတ်သောအာတေမိနတ်ဘုရားမ၏ဗိမာန်ကျောင်းကို ဂရုမပြုတော့ဘဲ အာရှပြည်တစ်ပြည်လုံးနှင့် ကမ္ဘာတစ်ဝန်းလုံးရှိသူများ ယုံကြည်ကိုးကွယ်သော ထိုနတ်ဘုရားမ၏ထည်ဝါမှုပင် ကျဆင်းနိုင်ချေရှိမည်ကိုလည်း စိုးရိမ်ဖွယ်ရှိပါသည်” ဟု ပြောလေ၏။ |
ထိုနောက်သူသည်အခြားကျန်ရှိသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုထုလုပ်ပြီးလျှင် ဦးချဝတ်ပြု၍ ထိုရုပ်တုအား``အရှင်သည် ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကယ်မတော်မူပါ'' ဟု ဆုတောင်းပတ္ထနာပြုတတ်၏။
ထာဝရဘုရားသည်သူတို့အားထိတ်လန့် တုန်လှုပ်စေတော်မူလိမ့်မည်။ ကိုယ်တော်သည် လောကီဘုရားများကိုဆိတ်သုဉ်းစေတော် မူမည်ဖြစ်၍လူမျိုးတကာတို့သည် မိမိ တို့ပြည်အသီးသီးတွင်ကိုယ်တော်ကိုဝတ် ပြုကိုးကွယ်ကြလိမ့်မည်။
``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတို့ကောင်းကင် နိုင်ငံတော်သို့ဝင်မည်ပြုသောအခါသင်တို့သည် တံခါးပိတ်လိုက်ကြ၏။ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်ရန်ကြိုးစားသူများကိုလည်းဝင်ခွင့်မပြုကြ။
နိုင်ငံတော်ဆိုင်ရာသတင်းကောင်းအကြောင်းကို ကမ္ဘာတစ်ဝန်းလုံးရှိလူမျိုးအပေါင်းတို့အား သက်သေခံဟောပြောပြီးမှကပ်ကမ္ဘာကုန်ဆုံး ချိန်ရောက်လိမ့်မည်။
ဤသို့နှစ်နှစ်တိုင်တိုင်ကျင်းပရာအာရှပြည် တွင် နေထိုင်သူယုဒအမျိုးသားများနှင့်ဂရိ အမျိုးသားအပေါင်းတို့သည် သခင်ဘုရား ၏နှုတ်ကပတ်တရားတော်ကိုကြားနာရ ကြ၏။
ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ပေါလု သည်မာကေဒေါနိပြည်နှင့်အခါယပြည်မှ တစ်ဆင့် ယေရုရှလင်မြို့သို့သွားရန်စိတ်ပိုင်း ဖြတ်၏။ သူက ``ထိုမြို့သို့ငါသွားပြီးနောက် ရောမမြို့သို့လည်းသွားရမည်'' ဟုဆို၏။-
အစဉ်မပြတ်အငြင်းပွားမှုတို့ကိုပေါ် ပေါက်စေ၏။ ဤအမှုများကိုပြုကျင့်တတ် သူတို့သည်ကား စိတ်မမှန်၍သမ္မာတရား ကိုမသိသူများဖြစ်ပေသည်။ ဘာသာရေး မှစီးပွားရေးအမြတ်အစွန်းရရှိသည် ဟုသူတို့ထင်မှတ်ကြ၏။
ကမ္ဘာလောကတစ်ခုလုံးတွင်မာရ်နတ်၏တန်ခိုး လွှမ်းမိုးလျက်ရှိနေသော်လည်း ငါတို့သည် ဘုရားသခင်၏ဘက်တော်သားများဖြစ် ကြောင်းကိုငါတို့သိကြ၏။
သူ၏ဦးခေါင်းတစ်လုံးမှာသေလောက်သည့် ဒဏ်ရာရထားသကဲ့သို့ရှိသော်လည်း ထို ဒဏ်ရာမှာပျောက်ကင်းလျက်နေလေပြီ။ ကမ္ဘာ သူကမ္ဘာသားအပေါင်းတို့သည်ထိုသားရဲ အားအံ့သြလျက်သူ၏နောက်သို့လိုက်ကြ ကုန်၏။-
အသေသတ်ခြင်းခံရသည့်သိုးသူငယ်တော် ၏အသက်စာစောင်တွင် ကမ္ဘာလောကကိုဖန် ဆင်းတော်မမူမီကပင် စာရင်းဝင်သူတို့မှ တစ်ပါးကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ထိုသားရဲအားရှိခိုးကြလိမ့်မည်။
ထိုနောက်တတိယကောင်းကင်တမန် ပေါ်လာ လျက် ``သားရဲနှင့်သူ၏ရုပ်တုကိုရှိခိုး၍ မိမိ ၏နဖူးသို့မဟုတ်လက်တွင် ထိုသားရဲ၏ အမှတ်တံဆိပ်ကိုရိုက်နှိပ်ထားသောသူသည်၊-