အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 19:12 - Common Language Bible

လူ​တို့​သည်​ပေါ​လု​ကိုင်​တွယ်​အ​သုံး​ပြု​သည့် ပ​ဝါ၊ အ​ဝတ်​အ​ထည်​စ​သည်​တို့​ကို​ပင်​သူ​နာ များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ထံ​ဆောင်​ယူ သွား​သ​ဖြင့် သူ​နာ​တို့​သည်​ရော​ဂါ​များ​ပျောက် ကင်း​၍​နတ်​မိစ္ဆာ​တို့​သည် မိ​မိ​တို့​ပူး​ဝင်​သူ​ထံ မှ​ထွက်​ခွာ​သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ပေါ လု ထိ ကိုင် ပြီး သော ပု ဆိုး၊ ပု ဝါ များ ကို သူ နာ တို့ ထံ ယူ သွား ကြ သော် ရော ဂါ ကင်း ပျောက်၍ နတ် ဆိုး များ ထွက် ခွာ ရ ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ပေါ​လု​သုံး​သော​ပ​ဝါ၊ ခါး​ပန်း​တစ်​ခု​ခု​ကို အ​နာ​ရော​ဂါ​ရှိ​သော​သူ​တို့​ဆီ​သို့၊ ပေး​လိုက်၍၊ သူ​တို့​သည် အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ကြ၏။ နတ်​ဆိုး​တို့​လည်း ထွက်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ့​ကိုယ်​ပေါ်မှ ပဝါ​၊ သို့မဟုတ် ခါးစည်း​အဝတ်​ကို​ယူသွား​၍ နာမကျန်း​ဖြစ်​သူ​များ​အပေါ်​တင်​လျှင် သူ​တို့​၏​ရောဂါ​များ​ပျောက်ကင်း​၍ နတ်​ဆိုး​များ​လည်း ထွက်သွား​ကြ​၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ပေါလု​သုံးသော လက်ကိုင်ပဝါ၊ သို့မဟုတ် ခါးစည်းအဝတ်​ကို ဖျားနာသူများ​အပေါ် တင်​သောအခါ သူတို့​၏​အနာရောဂါများ ပျောက်ကင်းကြ၏။ နတ်ဆိုးများ​လည်း ထွက်သွားကြကုန်၏။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 19:12
5 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​၏​သ​တင်း​သည်​ရှု​ရိ​ပြည်​တစ်​ဝှမ်း​လုံး တွင်​ပျံ့​နှံ့​၍​သွား​သ​ဖြင့်​လူ​တို့​သည်​နတ်​ပူး​ဝင် သူ၊ ဝက်​ရူး​နာ​စွဲ​ကပ်​သူ၊ ခြေ​လက်​သေ​သူ​မှ​စ​၍ အ​မျိုး​မျိုး​သော​အ​နာ​ရောဂါ​စွဲ​ကပ်​သူ​ဝေ​ဒ​နာ ရှင်​များ​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​အား​ရော​ဂါ ပျောက်​ကင်း​စေ​တော်​မူ​၏။-


ယုံကြည်သူတို့သည်အံ့သြဖွယ်နိမိတ်လက္ခဏာများ ကိုပြနိုင်ကြလိမ့်မည်။ ငါ၏နာမကိုအမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ကြလိမ့်မည်။ ထူးခြား သောဘာသာစကားများကိုပြောဆိုကြလိမ့်မည်။-


လူ​တို့​သည်​သူ​နာ​များ​ကို​ယူ​ဆောင်​လာ​ကြ ၏။ ပေ​တ​ရု​လျှောက်​လာ​သော​အ​ခါ​ယုတ်​စွ အ​ဆုံး၊ အ​ချို့​သော​သူ​နာ​တို့​အ​ပေါ်​သို့ ပေ​တ​ရု​၏​အ​ရိပ်​လွှမ်း​မိ​စေ​ရန်​အိပ်​ရာ များ၊ ထမ်း​စင်​များ​ဖြင့်​သူ​နာ​များ​ကို​လမ်း ပေါ်​တွင်​ချ​ထား​ကြ​၏။-