ဒါဝိဒ်က``ဤအမှုသည်သင်ပြုသောအမှု ပင်ဖြစ်၏။ သင်သည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ကိုသတ်ခဲ့ပါသည် ဟုဖြောင့်ချက်ပေးခြင်းအားဖြင့် မိမိကိုယ် ကိုသေဒဏ်သင့်စေပြီတကား'' ဟုဆို၏။
တမန်တော်ဝတ္ထု 18:6 - Common Language Bible ယုဒအမျိုးသားတို့သည်သူ့ကိုအတိုက်အခံ ပြု၍ ပုတ်ခတ်ပြောဆိုသောအခါပေါလုသည် မိမိအဝတ်မှဖုံများကိုခါချ၍ ``သင်တို့ သေကြေပျက်စီးကြလျှင်သင်တို့၏တာဝန် ပင်ဖြစ်၏။ ငါ့မှာတာဝန်မရှိတော့ပြီ။ ယခု မှအစပြု၍ငါသည်လူမျိုးခြားတို့အား တရားဟောတော့အံ့'' ဟုဆို၏။- Garrad Bible ခု ခံ ပုတ် ခတ် ကြ သ ဖြင့် ဝတ် လုံ ကို ခါ၍ ချင်း တို့ အ သွေး သည် ချင်း တို့ ခေါင်း ပေါ်၌ တည် စေ။ ငါ နှင့် ကား ကင်း ရှင်း၏။ ယ ခု က စ၍ လူ မျိုး ခြား တို့ ထံ ငါ သွား တော့ မည် ဟု ဆို လျက်၊ Judson Bible ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည်ရှိသော်၊ ပေါလုသည် မိမိအဝတ်ကိုခါလိုက်လျက်၊ သင်တို့၏ အသွေးသည် သင်တို့၏ ခေါင်းပေါ်၌တည်စေ။ ငါမူကား ကင်းလွတ်၏။ ယခုမှစ၍ တစ်ပါးအမျိုးသားတို့ဆီသို့ သွားမည်ဟု ဆိုပြီးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဂျူးလူမျိုးတို့သည် သူ့ကိုဆန့်ကျင်၍ စော်ကားပြောဆိုကြသောအခါ သူသည် အဝတ်ကိုခါချလျက် “သင်တို့၏သွေးသည် သင်တို့ခေါင်းပေါ်၌တည်စေ။ ငါမူကား ၎င်းနှင့်ကင်းရှင်း၏။ ယခုမှစ၍ ငါသည် လူမျိုးခြားတို့ထံသွားမည်”ဟု ဆိုပြီးလျှင် ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးတို့သည် သူ့ကို ဆန့်ကျင်၍ ရှုတ်ချပြောဆိုကြသောအခါ ပေါလုသည် မိမိအဝတ်ပေါ်မှ ဖုန်မှုန့်ကို ခါချ၍ “သင်တို့၏အပြုအမှုအတွက် သင်တို့ပင် တာဝန်ခံရမည်။ ငါသည် ထိုအရာနှင့်ကင်းရှင်းပါ၏။ ယခုမှစ၍ လူမျိုးခြားတို့ထံ သွားမည်” ဟု ပြောလေ၏။ |
ဒါဝိဒ်က``ဤအမှုသည်သင်ပြုသောအမှု ပင်ဖြစ်၏။ သင်သည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ကိုသတ်ခဲ့ပါသည် ဟုဖြောင့်ချက်ပေးခြင်းအားဖြင့် မိမိကိုယ် ကိုသေဒဏ်သင့်စေပြီတကား'' ဟုဆို၏။
ထိုလူသတ်မှုများအတွက်ယွာဘနှင့်သူ၏ သားမြေးတို့သည် ထာဝစဉ်အပြစ်ဒဏ်ခံရ ကြလတ္တံ့။ သို့ရာတွင်ဒါဝိဒ်၏အရိုက်အရာ ဆက်ခံကြသောသားမြေးတို့ကိုမူကား ထာဝရဘုရားသည်အစဉ်အမြဲအောင်ပွဲ ခံစေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုနောက်ငါပတ်ထားသည့်ခါးစည်း ကိုချွတ်၍ခါပြီးလျှင်``ကတိမတည်သူသင် တို့ရှိသမျှကိုဘုရားသခင်သည်ဤသို့ ခါတော်မူလိမ့်မည်။ သင်တို့၏အိမ်များနှင့်သင် တို့ပိုင်ပစ္စည်းဥစ္စာဟူသမျှကိုသိမ်းယူတော် မူမည်ဖြစ်၍သင်တို့အတွက်အဘယ်အရာ မျှကျန်ရှိလိမ့်မည်မဟုတ်'' ဟုဆို၏။ ထိုအရပ်တွင်ရှိသောသူအပေါင်းတို့ က``အာမင်'' ဟုဝန်ခံပြီးလျှင်ထာဝရ ဘုရားကိုထောမနာပြုကြကုန်၏။ ထို နောက်ခေါင်းဆောင်တို့သည်မိမိတို့၏ ကတိအတိုင်းဆောင်ရွက်ကြလေသည်။
သူသည်အတိုးအမြတ်ရအောင်ငွေကိုချေး ၏။ ထိုသူသည်အသက်ရှင်နိုင်မည်လော။ အသက် ရှင်နိုင်မည်မဟုတ်။ သူသည်ယင်းသို့စက်ဆုပ် ဖွယ်ကောင်းသောအမှုတို့ကိုပြုသဖြင့်သေ ရလိမ့်မည်။ သူ၏သွေးသည်သူ့ခေါင်းပေါ် တင်လျက်ရှိ၏။
အကယ်၍တစ်စုံတစ်ယောက်သောသူသည် ယင်းသို့အချက်ပေးသံကိုကြားလျက်နှင့် ဂရုမစိုက်ဘဲနေပါမူရန်သူသည်လာ ၍သူ့ကိုဋ္ဌားဘေးသင့်စေလျှင် ထိုသူအသက် ဆုံးရှုံးရမှုသည်သူ၏အပြစ်ပင်ဖြစ်၍ သူ့ သွေးသည်သူ၏ခေါင်းပေါ်ရောက်လေပြီ။-
သို့ရာတွင်အကယ်၍ကင်းစောင့်သည်ရန်သူ လာသည်ကိုမြင်လျက်နှင့် အချက်ပေးတံပိုး ခရာကိုမမှုတ်ဘဲနေခဲ့သော် ရန်သူလွန်လာ ၍တစ်စုံတစ်ယောက်သတ်ဖြတ်ခံရလျှင်ထို သူသည်မိမိအပြစ်ကြောင့်သေရသော်လည်း ထိုသို့သေဆုံးသူ၏သွေးအတွက်ကင်းစောင့် မှာတာဝန်ရှိစေမည်။''
ထာဝရဘုရားသည် အောက်ပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ မိမိ၏မိဘတို့ကိုကျိန်ဆဲသောသူအားသေဒဏ်စီရင်ရမည်။ သူသည်မိဘကိုကျိန်ဆဲသောကြောင့်သေဒဏ်ကိုခံထိုက်၏။
သင်တို့ကိုလက်မခံလို၊ သင်တို့ဟောပြောသည့် တရားကိုလည်းမနာယူလိုသည့်အိမ်၊ သို့မဟုတ် မြို့မှထွက်ခွာခဲ့ကြလော့။ ထိုနောက်သင်တို့ခြေ ဖဝါးမှမြေမှုန့်ကိုခါချခဲ့ကြလော့။-
လူတို့က ``ဥယျာဉ်ရှင်သည်ထိုဆိုးသွမ်းသော သူတို့ကိုအမှန်ပင်သတ်ပစ်ပါလိမ့်မည်။ ဥယျာဉ် ကိုလည်းစပျစ်သီးပေါ်ချိန်၌သီးစားခမှန်မှန် ပေးမည့်အခြားခြံသမားတို့အားပေးအပ်ပါ လိမ့်မည်'' ဟုဖြေကြားကြ၏။
``သို့ဖြစ်၍သင်တို့အားငါဆိုသည်ကားဘုရား သခင်၏နိုင်ငံတော်ကိုသင်တို့ထံမှရုပ်သိမ်း၍ နိုင်ငံတော်နှင့်ထိုက်လျောက်သည့်အကျင့်သီလ ရှိသောလူမျိုးအားပေးလိမ့်မည်။-
မင်းစေတို့သည်လမ်းများသို့သွား၍တွေ့ရှိသမျှ သောလူဆိုးလူကောင်းတို့ကိုခေါ်ဆောင်ခဲ့ကြ၏။ သို့ဖြစ်၍မင်္ဂလာဆောင်ပွဲခန်းမသည်ဧည့်သည် များဖြင့်ပြည့်၍နေလေ၏။''
လူအပေါင်းတို့က ``ထိုသူသေရခြင်းအတွက် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏သားမြေးများ ၏တာဝန်ဖြစ်ပါစေ'' ဟုဆိုကြ၏။
``အမှန်အကန်သင်တို့အားငါဆိုသည်ကား ဤ ကဲ့သို့သောယုံကြည်ခြင်းကိုဣသရေအမျိုးသား တို့တွင်ငါမတွေ့မကြုံဘူးသေး။ လူအမြောက် အမြားပင်အရှေ့အရပ်နှင့်အနောက်အရပ်မှ လာ၍ကောင်းကင်နိုင်ငံတော်တွင်အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်အတူစားသောက်ကြလိမ့်မည်။-
သင်တို့အားလက်မခံသူများကိုမူသတိ ပေးသည့်အနေဖြင့် ထိုမြို့မှထွက်ခွာချိန်၌ သင်တို့ခြေဖဝါးမှမြေမှုန့်ကိုခါချခဲ့ကြ လော့'' ဟုမိန့်တော်မူ၏။
ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့၏စိတ် သဘောကိုမနှစ်သက်သည့်အနေဖြင့် မိမိ တို့ခြေမှမြေမှုန့်ကိုခါချခဲ့ပြီးလျှင် ဣကောနိမြို့သို့ထွက်သွားကြ၏။-
တရားဇရပ်များတွင်သူတို့အားကြိမ်ဖန် များစွာအပြစ်ဒဏ်ပေးစေပြီးလျှင် သူတို့ ၏အယူဝါဒကိုစွန့်လွှတ်ကြစေရန်ကြိုး စားဆောင်ရွက်ခဲ့ပါ၏။ သူတို့အပေါ်၌ ဒေါသစိတ်မွှန်၍နေသဖြင့် အကျွန်ုပ်သည် နိုင်ငံရပ်ခြားမြို့များသို့ပင်သွားရောက် ၍သူတို့ကိုညှဉ်းဆဲခဲ့ပါ၏။''
ဦးစွာဒမာသက်မြို့၊ ထိုနောက်ယေရုရှလင်မြို့ မှစ၍ ယုဒပြည်တစ်ပြည်လုံးရှိလူတို့အား လည်းကောင်း၊ လူမျိုးခြားတို့အားလည်းကောင်း အကျွန်ုပ်ဟောပြောပါ၏။-
နိဂုံးချုပ်အနေဖြင့်ပေါလုက ``သို့ဖြစ်၍ ကယ်တင်တော်မူခြင်းဆိုင်ရာဘုရားသခင်၏ ကယ်တင်ခြင်းတရားကို လူမျိုးခြားတို့ကြား နာရန်ဟောပြောမည့်သူတို့ကိုစေလွှတ်ပြီဖြစ် ၍ သူတို့သည်ကြားနာကြလိမ့်မည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့'' ဟုဆို၏။
ဘုရားသခင်သည်ယုဒအမျိုးသားတို့၏ ဘုရားသာဖြစ်သလော။ လူမျိုးခြားတို့၏ ဘုရားလည်းမဟုတ်လော။ ဟုတ်ပေ၏။-
မည်သူ့ကိုမျှသိက္ခာတင်မင်္ဂလာပေးရန်အလျင် စလိုမရှိနှင့်။ အခြားသူတို့အပြစ်ကူးရာ တွင်သင်မပါစေနှင့်။ သင်ကိုယ်တိုင်အပြစ် ကင်းအောင်နေလော့။
မိမိအားဆန့်ကျင်ဘက်ပြုသူများကိုနူးညံ့ သိမ်မွေ့စွာဆုံးမတတ်သူဖြစ်ရမည်။ သူတို့သည် နောင်တရ၍သမ္မာတရားကိုသိရှိလာနိုင်ခွင့် ကိုဘုရားသခင်သည်သူတို့အားပေးကောင်း ပေးတော်မူလိမ့်မည်။-
သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် သောကြောင့်စော်ကားခြင်းခံရသောအခါမင်္ဂ လာရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသို့ ခံရသောအချိန်၌ ဘုရားသခင်၏ဝိညာဉ် တော်တည်းဟူသောဘုန်းအသရေတော်နှင့် ပြည့်ဝသည့်ဝိညာဉ်တော်သည် သင်တို့အပေါ် သို့သက်ရောက်လျက်နေတော်မူသောကြောင့် ဖြစ်၏။-
ယခုမှာမူသင်တို့သည်မယုံကြည်သူတို့ နှင့်အတူယင်းသို့အပျော်ကြူး၍ စည်းမဲ့ ကမ်းမဲ့သက်ရှင်လှုပ်ရှားမှုများတွင်မပါဝင် ကြတော့ပေ။ သို့ဖြစ်၍သူတို့သည်အံ့သြ လျက်သင်တို့ကိုစော်ကားပြောဆိုကြ၏။-