နာဇရိဂိုဏ်းဝင်သည်တဲတော်တံခါးဝ တွင် မိမိ၏ဆံပင်ကိုရိတ်၍ မိတ်သဟာယ ယဇ်မီးရှို့ရာမီးထဲတွင်ထည့်ရမည်။
တမန်တော်ဝတ္ထု 18:18 - Common Language Bible ပေါလုသည်ကောရိန္သုမြို့တွင်ရက်ပေါင်းများ စွာနေ၏။ ထိုနောက်ညီအစ်ကိုတို့ကိုနှုတ်ဆက်၍ ပြစ်ကိလ၊ အာကုလတို့နှင့်အတူရှုရိပြည် သို့သင်္ဘောလွှင့်လေ၏။ ကင်ခြေမြို့မှသင်္ဘော မထွက်မီ သူသည်ဘုရားသခင်အားသစ္စာ ကတိပြုခဲ့သဖြင့်မိမိ၏ဦးခေါင်းကို ရိတ်၏။- Garrad Bible ထို နောက် ပေါ လု သည် နေ့ ရက် အ တန် ကြာ နေ ထိုင် ပြီး လျှင် ညီ အစ် ကို တို့ ကို နှုတ် ဆက်၍ သ စ္စာ ဝတ် ထား ခဲ့ သည့် အ တိုင်း၊ ကင် ခြေ မြို့ တွင် ဦး ဆံ ပယ် ပြီး မှ ပြစ် ကိ လ၊ အာ ကု လ တို့ နှင့် ရှု ရိ ပြည် သို့ သင်္ဘော စီး လျက် ဧ ဖက် မြို့ သို့ ရောက် သော်၊ Judson Bible ထိုနောက်မှပေါလုသည် တာရှည်စွာနေပြီးမှ ညီအစ်ကိုတို့ကို အခွင့်တောင်း၍ ထိုမြို့မှထွက်သွား၏။ အထက်က သစ္စာကတိပြုသည်နှင့်အညီ ကင်ခြေမြို့၌ ခေါင်းရိတ်ခြင်းကိုခံပြီးလျှင်၊ ပြစ်ကိလနှင့် အာကုလကို ခေါ်၍ ရှုရိပြည်သို့ သင်္ဘောနှင့် လွှင့်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ပေါလုသည် ရက်ပေါင်းများစွာဆက်၍နေပြီးမှ ညီအစ်ကိုများကိုနှုတ်ဆက်ကာ ဆီးရီးယားပြည်သို့ ရွက်လွှင့်သွားလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည်လည်း သူနှင့်အတူလိုက်ပါကြ၏။ ပေါလုသည် အဓိဋ္ဌာန်ပြုထားသည်ဖြစ်၍ ရွက်မလွှင့်မီ ကင်ခြေမြို့တွင် မိမိဦးခေါင်းကိုရိတ်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေါလုသည် ကောရိန္သုမြို့၌ ရက်ပေါင်းများစွာ နေပြီးနောက် ယုံကြည်သူတို့အား နှုတ်ဆက်ကာ ကင်ခြေမြို့သို့ သွားလေ၏။ ပေါလုသည် ယခင်က သစ္စာပြုထားခဲ့သည် ဖြစ်၍ ရွက်မလွှင့်မီ ကင်ခြေမြို့တွင် ဆံပင်ရိတ်လေ၏။ ထို့နောက် ပြစ်ကိလ၊ အာကုလတို့နှင့်အတူ ဆီးရီးယားပြည်သို့ ရွက်လွှင့်ကြ၏။ |
နာဇရိဂိုဏ်းဝင်သည်တဲတော်တံခါးဝ တွင် မိမိ၏ဆံပင်ကိုရိတ်၍ မိတ်သဟာယ ယဇ်မီးရှို့ရာမီးထဲတွင်ထည့်ရမည်။
ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ၊ နာဇရိဂိုဏ်း ဝင်အဖြစ်ဖြင့်အထူးအဋ္ဌိဋ္ဌာန်ပြု၍ မိမိ ကိုယ်ကိုထာဝရဘုရားအားဆက်ကပ်လျှင်၊-
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
ကိုယ်တော်သည်လူအပေါင်းတို့ကိုနှုတ်ဆက်တော် မူပြီးလျှင် ဆုတောင်းပတ္တနာပြုရန်တောင်ပေါ်သို့ တက်တော်မူ၏။-
ရက်အနည်းငယ်ကြာသောအခါတစ်ရာ့နှစ်ဆယ် ခန့်သောတပည့်တော်ညီအစ်ကိုတို့သည်စုဝေး လျက်ရှိကြ၏။ ထိုအချိန်၌ပေတရုသည်ထ၍၊-
ထိုသူနှစ်ဦး၏လက်ဖြင့်စာတစ်စောင်ပို့လိုက် ကြ၏။ ထိုစာတွင်၊ ``သင်တို့၏ညီအစ်ကိုများဖြစ်ကြသောတမန် တော်များ၊ အသင်းတော်လူကြီးများကအန္တိ အုတ်မြို့နှင့်ရှုရိပြည်၊ ကိလိကိပြည်ရှိလူမျိုး ခြားသားများဖြစ်ကြသောညီအစ်ကိုများ အား နှုတ်ခွန်းဆက်သလိုက်ပါသည်။-
ပေါလုသည်ထိုအရပ်မှရှုရိပြည်နှင့်ကိလိ ကိပြည်သို့သွားရောက်၍အသင်းတော်ကို ခိုင်ခံ့စေ၏။
ထိုမြို့တွင်ပုန္တုပြည်သားအာကုလနာမည်ရှိ သော ယုဒအမျိုးသားတစ်ယောက်နှင့်သူ၏ဇနီး ပြစ်ကိလကိုတွေ့၏။ ယုဒအမျိုးသားအပေါင်း တို့ရောမမြို့မှထွက်ခွာသွားရန် ကလောဒိဘုရင် အမိန့်ထုတ်ဆင့်သဖြင့် သူတို့သည်မကြာမီက ပင်ဣတလိပြည်မှထွက်ခွာလာခဲ့ကြသူများ ဖြစ်၏။-
သူသည်တရားဇရပ်တွင်ရဲရင့်စွာဟောပြော လေ၏။ သူ၏ဟောပြောချက်ကိုကြားရသော ပြစ်ကိလနှင့်အာကုလတို့သည် သူ့ကိုအိမ် သို့ခေါ်ဖိတ်၍ ဘုရားသခင်၏လမ်းစဉ်တော် အကြောင်းကိုပိုမိုတိကျစွာရှင်းလင်းပေး ကြ၏။-
သူသည်အခါယပြည်သို့သွားလိုသဖြင့် ဧဖက် မြို့ရှိညီအစ်ကိုများသည်သူ၏အတွက် အခါ ယပြည်ရှိတပည့်တော်တို့ထံသို့မိတ်ဆက် စာရေးခြင်းအားဖြင့်ကူညီကြ၏။ သူသည် အခါယပြည်သို့ရောက်သောအခါ ဘုရား သခင်၏ကျေးဇူးတော်အားဖြင့်ယုံကြည် လာသူများအားများစွာအကူအညီ ပေး၏။-
ထို့ကြောင့်ငါတို့ဆိုသည့်အတိုင်းပြုပါလော့။ ငါတို့တွင်သစ္စာကတိပြုထားသောလူလေး ယောက်ရှိ၏။-
ထိုသူတို့ကိုခေါ်သွားပြီးလျှင်သန့်စင်ခြင်း မင်္ဂလာကိုသူတို့နှင့်အတူပြုပါလော့။ သူတို့ အတွက်ဦးခေါင်းရိတ်ခငွေကိုသင်ကျခံပါ။ ဤသို့ပြုပါမူသင့်အကြောင်းလူတို့ကြားခဲ့ ကြသည့်သတင်းစကားများမှာ အခြေအမြစ် မရှိကြောင်းကိုလည်းကောင်း၊ သင်ကိုယ်တိုင်ပင် လျှင်ပညတ်တရားကိုတိကျစွာစောင့်ထိန်း ကြောင်းကိုလည်းကောင်းလူတိုင်းသိရှိပါ လိမ့်မည်။-
ကျွန်ုပ်တို့သည်ကုပရုကျွန်းကိုမြင်ရသောအခါ ထိုကျွန်း၏တောင်ဘက်မှဖြတ်၍ရှုရိပြည်သို့ သင်္ဘောလွှင့်ကြလေသည်။ တုရုမြို့တွင်ကုန်ပစ္စည်း များကိုချရမည်ဖြစ်၍ ထိုမြို့တွင်သင်္ဘောကို ဆိုက်ကပ်ကြ၏။-
ကင်ခြေမြို့အသင်းတော်တွင်ကူညီမစသူ၊ ငါ တို့၏ညီမဖြစ်သူဖိဗေ၏အကြောင်းကိုငါ ထောက်ခံပြောဆိုလို၏။-
ငါသည်ယုဒအမျိုးသားတို့ထံတွင်အမှု တော်ဆောင်စဉ် သူတို့ကိုကယ်တင်နိုင်ရန်ယုဒ အမျိုးသားကဲ့သို့နေထိုင်၏။ ထိုသူတို့ကို ကယ်တင်နိုင်ရန်ငါသည်ပညတ်တရားစောင့် ထိန်းသူမဟုတ်သော်လည်း ပညတ်တရား စောင့်ထိန်းသူကဲ့သို့ငါနေထိုင်၏။-