ထိုအခါပရောဖက်အိုကြီးသည်မြည်းကိုစီး ၍ထွက်သွားရာ လမ်းပေါ်တွင်သေနေသောပရော ဖက်နှင့်အနီးတွင်ရပ်နေလျက်ရှိနေသေးသည့် မြည်းနှင့်ခြင်္သေ့ကိုတွေ့လေ၏။ ခြင်္သေ့သည်လူ သေကောင်ကိုလည်းမစား၊ မြည်းကိုလည်း မကိုက်။-
တမန်တော်ဝတ္ထု 16:26 - Common Language Bible ထိုအခါရုတ်တရက်မြေငလျင်ပြင်းစွာလှုပ် သဖြင့် အကျဉ်းထောင်၏အုတ်မြစ်သည်လှုပ်ရှား သွား၏။ ထောင်တံခါးရှိသမျှသည်ချက်ချင်း ပင်ပွင့်ထွက်သွားကုန်၏။ အကျဉ်းသားအပေါင်း တို့သည် သံကြိုးအနှောင်အဖွဲ့မှလွတ်မြောက် ကြကုန်၏။- Garrad Bible ထောင့် တိုက် မြစ် ပါ ခါ၍ ချက် ခြင်း တံ ခါး ရှိ သ မျှ ပွင့် လျက် လူ တိုင်း ခြေ ချင်း လက် ထိတ် ကျွတ်၏။ Judson Bible ထိုခဏချင်းတွင် မြေကြီးသည်ပြင်းစွာလှုပ်သောကြောင့် ထောင်ခြေရင်းလည်း လှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ချင်းပွင့်၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့် လွတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရုတ်တရက် ငလျင်ပြင်းထန်စွာလှုပ်သဖြင့် ထောင်၏အုတ်မြစ်သည် တုန်ခါ၍ တံခါးရှိသမျှသည် ချက်ချင်းပွင့်သွားကာ အကျဉ်းသားအားလုံး၏သံကြိုးများသည် ပြုတ်သွားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရုတ်တရက် မြေငလျင်ပြင်းစွာလှုပ်သဖြင့် ထောင်၏အုတ်မြစ်သည် လှုပ်ခါလေ၏။ ထိုအခါ ချက်ချင်းပင် ထောင်တံခါးများ ပွင့်သွား၍ အကျဉ်းသားများကို ချည်နှောင်ထားသည့် ရှိသမျှသံကြိုးတို့သည် ပြုတ်ထွက်ကြကုန်၏။ |
ထိုအခါပရောဖက်အိုကြီးသည်မြည်းကိုစီး ၍ထွက်သွားရာ လမ်းပေါ်တွင်သေနေသောပရော ဖက်နှင့်အနီးတွင်ရပ်နေလျက်ရှိနေသေးသည့် မြည်းနှင့်ခြင်္သေ့ကိုတွေ့လေ၏။ ခြင်္သေ့သည်လူ သေကောင်ကိုလည်းမစား၊ မြည်းကိုလည်း မကိုက်။-
ကိုယ်တော်သည်ဖိနှိပ်ညှဉ်းဆဲခြင်းခံရသူ တို့အား မျက်နှာသာပေး၍စီရင်ချက်ချမှတ်တော်မူလျက် ငတ်မွတ်သူတို့ကိုကျွေးမွေးတော်မူ၏။ ထာဝရဘုရားသည်အကျဉ်းကျနေသူတို့အား လွတ်မြောက်စေတော်မူ၍
ကိုယ်တော်သည်အဖော်မဲ့သူတို့အားအိမ် ထောင်နှင့် နေထိုင်ခွင့်ကိုပေးတော်မူ၍ အကျဉ်းခံရသူတို့ကိုအနှောင်အဖွဲ့မှ လွတ်မြောက်စေတော်မူ၏။ သို့ရာတွင်ကိုယ်တော်အားပုန်ကန်ကြသူတို့ သည်ကား သွေ့ခြောက်သည့်အရပ်တွင်နေထိုင်ကြရလိမ့်မည်။
အကျဉ်းသားတို့၏ညည်းညူသံများကို နားထောင်တော်မူ၍သေဒဏ်သင့်သူတို့အား ကိုယ်တော်ရှင်၏မဟာတန်ခိုးတော်ဖြင့် လွတ်မြောက်စေတော်မူပါ။
သင်သည်မျက်မမြင်တို့အားမျက်စိပွင့်လင်း လာစေ၍ အချုပ်ထောင်အမှောင်ခန်းများရှိလူတို့အား အနှောင်အဖွဲ့မှလွတ်မြောက်စေလိမ့်မည်။
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
ထိုအချိန်၌မြေငလျင်ပြင်းစွာလှုပ်လေသည်။ ဘုရားသခင်၏ကောင်းကင်တမန်သည်ကောင်းကင် ဘုံမှဆင်းသက်လာ၍ သင်္ချိုင်းဂူဝမှကျောက်တုံး ကိုလှိမ့်ဖယ်လိုက်ပြီးလျှင်ထိုကျောက်တုံးပေါ်မှာ ထိုင်နေ၏။-
သူတို့သည်ကင်းနှစ်တန်ကိုကျော်လွန်သွားပြီး လျှင် ထောင်အထွက်သံတံခါးသို့ရောက်ကြ၏။ ထိုတံခါးသည်အလိုအလျောက်ပွင့်သဖြင့် သူတို့သည်ထွက်၍လမ်းအတိုင်းလိုက်သွား ကြ၏။ ထိုနောက်ကောင်းကင်တမန်သည်ရုတ် တရက်ပေတရုထံမှထွက်ခွာသွားလေ၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ပေတရုအနီးတွင်ရုတ်တရက်ပေါ်လာ၍ အချုပ်ခန်းသည်ထွန်းလင်းလျက်နေ၏။ ကောင်း ကင်တမန်သည်ပေတရု၏ပခုံးကိုပုတ်၍ ``မြန်မြန်ထလော့'' ဟုဆိုကာနှိုး၏။ ထိုအခါ သံကြိုးတို့သည်ပေတရု၏လက်မှကျွတ် ကျ၏။-
ထိုသို့ဆုတောင်းကြပြီးသောအခါ၌ သူတို့ စုဝေးရာအရပ်သည်တုန်လှုပ်လေ၏။ သူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်ဝ လျက် ဘုရားသခင်၏တရားတော်ကိုရဲရင့် စွာဟောပြောကြ၏။
သို့သော်ညအခါ၌သခင်ဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးများ ကိုဖွင့်၍ တမန်တော်တို့ကိုအပြင်သို့ ခေါ်ထုတ်ပြီးလျှင်၊-
ထိုခဏ၌မြေငလျင်ပြင်းစွာလှုပ်သဖြင့် မြို့ကြီး၏ဆယ်ပုံတစ်ပုံပျက်စီး၍လူပေါင်း ခုနစ်ထောင်သေကြ၏။ ကြွင်းကျန်သောသူ တို့သည်ထိတ်လန့်လျက်ကောင်းကင်ဘုံရှင် ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြ ကုန်၏။
ထိုနောက်သိုးသူငယ်တော်သည်ဆဋ္ဌမချိပ် တံဆိပ်တော်ကိုဖွင့်လေလျှင် မြေငလျင်ပြင်း စွာလှုပ်လေ၏။ နေသည်ဂုံအိတ်ထည်မည်းကဲ့ သို့မည်းနက်လာ၏။ လတစ်ဝန်းလုံးသည် လည်းသွေးကဲ့သို့နီလာ၏။-