သတိနှင့်နေကြလော့။ လူတို့သည်သင်တို့အား တရားခုံရုံးသို့ပို့အပ်ကြလိမ့်မည်။ တရား ဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။-
တမန်တော်ဝတ္ထု 16:22 - Common Language Bible လူပရိသတ်ကလည်း ပေါလုနှင့်သိလတို့ ကိုဝိုင်း၍စွပ်စွဲကြ၏။ အရာရှိတို့သည်ထိုသူနှစ်ဦး၏အဝတ်များကို ဆွဲဖြဲ၍ ကြိမ်ဒဏ်ပေးစေရန်အမိန့်ချမှတ်ကြ၏။- Garrad Bible ပေါ လု နှင့် သိ လ တို့ တစ် ဘက်၌ လူ ပ ရိ သတ် လုံး ထ ရပ် ကြ ရာ မြို့ ဝန် တို့ သည် သူ တို့ အ ဝတ် ကို ချွတ်၍ ကြိမ် ဒဏ် ပေး ရန် အ မိန့် ရှိ လျက်၊ Judson Bible စုဝေးသောလူတို့သည် သူတို့တစ်ဖက်၌ တစ်ပြိုင်နက်ထကြ၏။ စစ်ကဲမင်းတို့လည်း သူတို့၏ အဝတ်ကိုချွတ်၍ ကြိမ်လုံးနှင့်ရိုက်စေခြင်းငှာ စီရင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူထုပရိသတ်ကလည်း သူတို့နှင့်အတူထလျက် ပေါလုနှင့်သိလတို့ကို ဆန့်ကျင်ကြ၏။ ထိုအခါ အုပ်ချုပ်ရေးအရာရှိတို့သည် ပေါလုနှင့်သိလတို့၏အဝတ်ကိုဆွဲဖြဲ၍ သူတို့ကိုရိုက်နှက်ရန် အမိန့်ပေးကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူထုကလည်း ပေါလုနှင့် သိလတို့အား စွပ်စွဲပြောဆိုကြ၏။ ထိုအခါ အာဏာပိုင်တို့သည် ပေါလုနှင့် သိလတို့၏အဝတ်အစားများကို ချွတ်စေ၍ ကြိမ်ဒဏ်ပေးရန် အမိန့်ချမှတ်ကြ၏။ |
သတိနှင့်နေကြလော့။ လူတို့သည်သင်တို့အား တရားခုံရုံးသို့ပို့အပ်ကြလိမ့်မည်။ တရား ဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။-
ထိုအခါပိလတ်မင်းသည်ဗာရဗ္ဗကိုလွတ်ငြိမ်းချမ်း သာခွင့်ပေး၍သခင်ယေရှုကိုကြိမ်ဒဏ်ခတ်စေပြီး လျှင် လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန်အပ်လိုက်၏။
``လူတို့သည်သင်တို့ကိုတရားဇရပ်များသို့ လည်းကောင်း၊ မင်းများအာဏာပိုင်များရှေ့သို့ လည်းကောင်း ခေါ်ဆောင်လာကြသောအခါ အဘယ်သို့ပြောဆိုရမည်ကိုမစိုးရိမ်ကြ နှင့်။-
သို့ရာတွင်ပေါလုက ``ရောမနိုင်ငံသားများ ဖြစ်သောငါတို့အားစစ်ကြောစီရင်ခြင်းမ ပြုဘဲ ငါတို့ကိုလူပရိသတ်ရှေ့တွင်ရိုက်နှက် ၍အကျဉ်းချထားခဲ့ကြ၏။ ယခုငါတို့ကို တိတ်တဆိတ်လွှတ်လိုကြပါသလော။ ထိုသို့ မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ငါတို့ကို ထောင်မှထုတ်ကြပါစေ'' ဟုရဲအရာရှိ တို့အားပြော၏။
သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။-
ဂါလျုန်သည်အခါယပြည်ဘုရင်ခံဖြစ်စဉ် အခါ ယုဒအမျိုးသားအပေါင်းတို့သည် စုရုံးလျက် ပေါလုကိုဖမ်းဆီးပြီးလျှင် တရားခွင်ရှေ့သို့ခေါ်ဆောင်ခဲ့ကြ၏။-
တမန်တော်တို့ကိုခေါ်ယူကြ၏။ ထိုနောက်သူ တို့အားကြိမ်ဒဏ်ခတ်ကာ``ယေရှု၏နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းကိုနောက် တစ်ဖန်မပြုရ'' ဟုအမိန့်ပေးပြီးနောက် လွှတ်လိုက်ကြ၏။-
ငါတို့သည်အရိုက်ခံခဲ့ရ၏။ ထောင်ကျခဲ့ ကြ၏။ လူတို့ရုန်းရင်းဆန်ခတ်ပြုလုပ်ခြင်း တို့ကိုခံကြရ၏။ ငါတို့မှာအလုပ်မှနား ခွင့်မရှိ။ အိပ်ရသည်စားရသည်ဟူ၍ပင်မရှိ။-
ငါတို့သည်သင်တို့ရှိရာသက်သာလောနိတ် မြို့သို့မလာမီ ဖိလိပ္ပိမြို့တွင်ညှဉ်းပန်းစော် ကားမှုတို့ကိုခံခဲ့ရကြောင်းသင်တို့သိကြ၏။ ယင်းသို့အတိုက်အခံပြုခြင်းခံရသော်လည်း သင်တို့အားဘုရားသခင်၏သတင်းကောင်း ကိုကြေညာဟောပြောနိုင်ရန်စွမ်းရည်သတ္တိ ကို ငါတို့အားဘုရားသခင်ပေးတော်မူ၏။-
အချို့သောသူတို့သည်ကဲ့ရဲ့ရိုက်နှက်ခြင်းကို ခံကြရ၏။ အချို့သူတို့သည်ကားသံကြိုးဖြင့် ချည်နှောင်ကာအကျဉ်းချခြင်းကိုခံရကြ၏။-
ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-