ငါလိုသမျှသောအရာတို့ကိုပေးတော် မူသော၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင် အား ငါသည်တောင်းလျှောက်ပါ၏။
တမန်တော်ဝတ္ထု 16:17 - Common Language Bible ထိုကျွန်မသည်ပေါလုနှင့်ကျွန်ုပ်တို့နောက် သို့လိုက်လျက် ``ဤသူတို့ကားအမြင့်ဆုံး သောဘုရား၏အစေခံများဖြစ်၍ သင်တို့ အားကယ်တင်ခြင်းတရားကိုဟောပြော သူများတည်း'' ဟုဟစ်အော်လေ၏။- Garrad Bible ပေါ လု နှင့် ငါ တို့ နောက် က လိုက် လျက် ဤ သူ တို့ ကား သင် တို့ အား ကယ် တင် တော် မူ ရာ လမ်း ကို ကြော် ငြာ၍ မြင့် မြတ် သော ဘု ရား သ ခင်၏ ကျွန် များ ဖြစ် ကြ သည် ဟု ဟစ် ကြော် ၏။ Judson Bible ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့နောက်သို့လိုက်၍၊ ဤသူတို့ကား အကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသော ဘုရားသခင်၏ကျွန်ဖြစ်ကြ၏ဟု ဟစ်ကြော်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုမိန်းမသည် ပေါလုနှင့်ငါတို့နောက်သို့ လိုက်လာ၍ “ဤသူတို့သည် အမြင့်ဆုံးသောဘုရားသခင်၏အစေအပါးများဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းတရားလမ်းကိုဟောပြောနေသူများဖြစ်ကြ၏”ဟု အော်ဟစ်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ပေါလုနှင့် ကျွန်ုပ်တို့နောက်သို့ လိုက်၍ “ဤသူတို့သည် အမြင့်မြတ်ဆုံးသော ဘုရားသခင်၏အစေအပါးများဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းတရားလမ်းကို ဟောပြောရန် ရောက်ရှိလာကြပြီ” ဟု အော်ဟစ်ပြောဆိုလေ၏။ |
ငါလိုသမျှသောအရာတို့ကိုပေးတော် မူသော၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင် အား ငါသည်တောင်းလျှောက်ပါ၏။
ဘုရားသခင်သည်မိမိတို့အား ကွယ်ကာစောင့်ရှောက်တော်မူသော ကျောက်တောင်သဖွယ်ဖြစ်ကြောင်းကိုလည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်သည် မိမိတို့အားကူမရန်ကြွလာတော်မူကြောင်း ကိုလည်းကောင်းသူတို့သည်သတိရကြကုန်၏။
သို့ဖြစ်၍နေဗုခဒ်နေဇာမင်းသည် ပြင်းစွာ အလျှံထလျက်နေသောမီးဖိုကြီးအဝ သို့ချဉ်းကပ်ပြီးလျှင်``အမြင့်မြတ်ဆုံးသော ဘုရားသခင်၏အစေခံရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၊ မီးဖိုထဲမှထွက်လာ ကြလော့'' ဟုမိန့်တော်မူ၏။ ထိုအခါသူတို့ သည်ချက်ချင်းပင်ထွက်လာကြ၏။-
မင်းကြီးက``ရှာဒရက်၊ မေရှက်နှင့်အဗေဒ နေဂေါတို့ကိုးကွယ်သောဘုရားသခင်ကို ထောမနာပြုကြလော့။ ကိုယ်တော်သည်ကောင်း ကင်တမန်ကိုစေလွှတ်တော်မူ၍ မိမိကိုယုံ ကြည်ကိုးစားကြသောဤသူသုံးဦးတို့ အားကယ်တင်တော်မူ၏။ သူတို့သည်မိမိ တို့၏ဘုရားမှတစ်ပါးအခြားဘုရားကို ဦးညွှတ်ရှိခိုးမည့်အစား မိမိတို့အသက် ဘေးကိုပင်ပမာဏမပြုဘဲငါ၏အမိန့် ကိုဖီဆန်ခဲ့ကြ၏။
ငါ့အားအမြင့်မြတ်ဆုံးသောဘုရားသခင် ပြတော်မူသော အံ့သြဖွယ်ရာများနှင့်နိမိတ် လက္ခဏာများအကြောင်းကိုနားထောင်ကြ လော့။
``အမြင့်မြတ်ဆုံးသောဘုရားသခင်သည် အရှင့်ခမည်းတော်နေဗုခဒ်နေဇာမင်းအား အုပ်စိုးခွင့်အာဏာနှင့်ကြီးမြတ်သည့်ဘုရင် တစ်ပါးဖြစ်စေတော်မူလျက် ဂုဏ်အသရေ နှင့်လည်းကောင်း၊ အာနုဘော်နှင့်လည်းကောင်း ပြည့်စုံစေတော်မူပါ၏။-
သူသည်လူ့အသိုင်းအဝိုင်းမှနှင်ထုတ်ခြင်း ကိုခံရကာတိရစ္ဆာန်စိတ်ပေါက်၍လာလေ သည်။ မြည်းရိုင်းတို့နှင့်အတူနေထိုင်၍နွား ကဲ့သို့မြက်ကိုစားခဲ့ရပါ၏။ အကွယ် အကာမရှိဘဲဆီးနှင်းတောတွင်စက်တော် ခေါ်ခဲ့ရလေသည်။ နောက်ဆုံး၌အမြင့်မြတ် ဆုံးသောဘုရားသခင်သည်လောကီနိုင်ငံ တို့ကိုအစိုးရတော်မူ၍ မိမိအလိုရှိသူ မည်သူအားမဆိုဤနိုင်ငံများကိုပေး တော်မူနိုင်ကြောင်းကိုမင်းကြီးဝန်ခံတော် မူခဲ့ပါ၏။-
ထို့ကြောင့်မင်းကြီး၏အမိန့်အရဒံယေလ အားခြင်္သေ့လှောင်ရာတွင်းထဲသို့ပစ်ချလိုက် ကြ၏။ မင်းကြီးကဒံယေလအား``သင်သစ္စာ ရှိစွာကိုးကွယ်သောဘုရားသည်သင့်ကို ကယ်ဆယ်တော်မူပါစေသော'' ဟုမိန့်တော် မူ၏။-
ခြင်္သေ့တွင်းသို့ရောက်သောအခါစိုးရိမ်ပူ ပန်သောအသံနှင့်``အသက်ရှင်တော်မူသော ဘုရား၏အစေခံ၊ ဒံယေလ၊ သင်သစ္စာရှိ စွာကိုးကွယ်သောဘုရားသခင်သည်သင့် အားခြင်္သေ့များ၏ဘေးမှကယ်တော်မူ နိုင်ပါ၏လော'' ဟုမေးတော်မူ၏။
ယောနက``ငါသည်ဟေဗြဲအမျိုးသားဖြစ်၏။ ကုန်းမြေနှင့်ပင်လယ်ကိုဖန်ဆင်းတော်မူသောကောင်းကင်ဘုံရှင်ထာဝရဘုရားကိုကိုးကွယ်သူဖြစ်သည်'' ဟုဖြေကြား၏။-
ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရ ဘုရားထံတော်သို့ဝတ်ပြုကိုးကွယ်ရန်လာ သောအခါ ငါသည်မည်သည့်ပူဇော်သကာကို ယူဆောင်ခဲ့ရပါမည်နည်း၊ ဆူဖြိုးသောနွား ကလေးကိုမီးရှို့ပူဇော်ရန်ယူဆောင်ခဲ့ရ ပါမည်လော၊-
သူတို့သည်မိမိတို့၏တပည့်များကိုဟေရုဒ် ၏ပါတီဝင်အချို့နှင့်အတူအထံတော်သို့ စေလွှတ်ပြီးလျှင် ``ဆရာတော်၊ အရှင်သည်သစ္စာ ရှိတော်မူ၍ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်သည်အတိုင်းသွန်သင်တော်မူပါ၏။ လူ တို့အဘယ်သို့ထင်မြင်ကြသည်ကိုအမှုမ ထားပါ။ လူ့မျက်နှာကိုလည်းထောက်တော်မမူပါ။-
ထိုသူတို့က ``ဘုရားသခင်၏သားတော်၊ အရှင် သည်အကျွန်ုပ်တို့ကိုမည်သို့ပြုလိုတော်မူပါ သနည်း။ အချိန်မကျမီအကျွန်ုပ်တို့အားဒဏ် ခတ်ရန်ဤအရပ်သို့ကြွလာတော်မူပါသလော'' ဟုဟစ်အော်လျှောက်ထားကြ၏။
ထိုသူက ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ် တို့အားအဘယ်သို့ပြုလိုတော်မူပါသနည်း။ အကျွန်ုပ် တို့အားဖျက်ဆီးရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူပေတည်း'' ဟုဟစ်အော်၏။
ထိုသူတို့သည်အထံတော်သို့လာ၍ ``ဆရာတော်၊ အရှင်သည်မှန်သောစကားကိုသာပြောတတ် ပါ၏။ လူတို့အဘယ်သို့ထင်မှတ်ကြသည်ကို အရေးမစိုက်။ လူ့မျက်နှာကိုမထောက်ဘဲဘုရား သခင်၏တရားလမ်းကိုဟုတ်မှန်သည့်အတိုင်း သွန်သင်တော်မူကြောင်းအကျွန်ုပ်တို့သိပါ၏။ ရောမဧကရာဇ်မင်းအားအခွန်ဆက်အပ်ပါ သလော၊ မဆက်အပ်ပါသလော။ အကျွန်ုပ်တို့ သည်အခွန်ဆက်ရမည်လော၊ မဆက်ရမည် လော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
ကိုယ်တော်၏လူစုတော်အားအပြစ်ဖြေလွှတ်၍ ကယ်တင်တော်မူမည်ဖြစ်ကြောင်းပြောကြားလိမ့်မည်။
သေမင်း၏အရိပ်တွင်နေထိုင်သူများအပေါ် ထွန်းလင်းစေလိမ့်မည်။ ထို့အပြင်ငါတို့အားငြိမ်းချမ်းရေးလမ်းသို့ ပို့ဆောင်စေလိမ့်မည်'' ဟူ၍တည်း။
သူလျှိုတို့က ``ဆရာတော်၊ အရှင်ဟောပြော သွန်သင်တော်မူသောအရာများမှန်ကန်ကြောင်း ကိုအကျွန်ုပ်တို့သိပါ၏။ အရှင်သည်မျက်နှာ ကြီးငယ်မလိုက်၊ ဘုရားသခင်၏တရားလမ်း ကိုသာဟုတ်မှန်သည်အတိုင်းသွန်သင်တော် မူပါ၏။-
ညစ်ညမ်းသောနတ်က ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ်တို့နှင့်အဘယ်သို့သက်ဆိုင် တော်မူပါသနည်း။ အကျွန်ုပ်တို့အားသေကြေ ပျက်စီးစေရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူဖြစ်ပါသည်'' ဟုကျယ်စွာ ဟစ်အော်၏။
နတ်မိစ္ဆာများသည် ``အရှင်သည်ဘုရားသခင် ၏သားတော်ဖြစ်၏'' ဟုဟစ်အော်လျက်မိမိတို့ ပူးဝင်နေသူများထံမှထွက်ခွာသွားကြ၏။ ကိုယ်တော်သည်နတ်မိစ္ဆာများထိုသို့ဟစ်အော် သည်ကိုဟန့်တားတော်မူပြီးလျှင် သူတို့အား စကားပြောခွင့်ပေးတော်မမူ။ အဘယ်ကြောင့် ဆိုသော်သူတို့သည်ကိုယ်တော်မေရှိယဖြစ် ကြောင်းကိုသိကြသောကြောင့်ဖြစ်သည်။
သခင်ယေရှုကိုမြင်လျှင်သူသည်အော်ဟစ်ပြီး လျှင်ရှေ့တော်မှာပျပ်ဝပ်လျက် ``အမြင့်မြတ်ဆုံး သောဘုရား၏သားတော်ယေရှု၊ အရှင်သည် အကျွန်ုပ်အားညှဉ်းဆဲတော်မမူပါနှင့်'' ဟု ကျယ်စွာလျှောက်ထား၏။-
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
သူသည်တရားဇရပ်တွင်ရဲရင့်စွာဟောပြော လေ၏။ သူ၏ဟောပြောချက်ကိုကြားရသော ပြစ်ကိလနှင့်အာကုလတို့သည် သူ့ကိုအိမ် သို့ခေါ်ဖိတ်၍ ဘုရားသခင်၏လမ်းစဉ်တော် အကြောင်းကိုပိုမိုတိကျစွာရှင်းလင်းပေး ကြ၏။-
ယုဒအမျိုးသားနယ်လှည့်ပယောဂဆရာ အချို့တို့သည် သခင်ယေရှု၏နာမတော်အား ဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်ရန်ကြိုးစားကြ ၏။ သူတို့က ``ပေါလုဟောပြောသောယေရှု၏ နာမကိုတိုင်တည်၍သင့်ကိုငါနှင်ထုတ်၏'' ဟုလူကိုပူးဝင်နေသောနတ်မိစ္ဆာအားဆို ကြ၏။-
သင်တို့သည်လွတ်လပ်သူများအနေဖြင့်ပြုမူ နေထိုင်ကြလော့။ သို့ရာတွင်ဆိုးညစ်မှု၊ တစ်စုံ တစ်ရာကိုဖုံးကွယ်ရန်အတွက်မိမိတို့၏ လွတ်လပ်မှုကိုအသုံးမပြုကြနှင့်။ သို့ရာ တွင်သင်တို့သည်ဘုရားသခင်၏ကျွန်များ အဖြစ်ဖြင့်ပြုမူနေထိုင်ကြလော့။-
ဤသို့ဖြစ်လင့်ကစားလူအများပင်ထိုသူ တို့၏ညစ်ညမ်းသောလမ်းစဉ်ကိုလိုက်ကြလိမ့် မည်။ သူတို့၏အပြုအမူကြောင့်အခြားလူ တို့သည်သမ္မာတရားလမ်းစဉ်ကိုရှုတ်ချပြော ဆိုကြလိမ့်မည်။-