ဖာရိရှဲနှင့်ဇဒ္ဒုကဲအမြောက်အမြားပင်ဗတ္တိဇံ မင်္ဂလာခံယူရန်လာကြသည်ကိုမြင်လျှင် ယောဟန် က ``အချင်းမြွေဆိုးတို့၊ သက်ရောက်လတ္တံ့သောဘုရား သခင်၏အမျက်တော်မှလွတ်မြောက်နိုင်သည်ဟု သင်တို့အားအဘယ်သူပြောသနည်း။-
တမန်တော်ဝတ္ထု 15:5 - Common Language Bible သို့ရာတွင်ဖာရိရှဲအဖွဲ့ဝင်များအနက် ယုံ ကြည်သူလူအချို့တို့သည်ထ၍ ``လူမျိုးခြား တို့သည်အရေဖျားလှီးမင်္ဂလာခံရမည်။ မောရှေ ၏ပညတ်တရားကိုစောင့်ထိန်းရမည်'' ဟုဆို ကြ၏။ Garrad Bible ဖာ ရိ ရှဲ ဂိုဏ်း သား အ နက် ယုံ ကြည် သူ အ ချို့ သည် ထ၍ ထို သူ တို့ အား လှီး ဖြတ် ခြင်း မင်္ဂ လာ ပေး ရ မည့် ပြင် မော ရှေ၏ ပ ညတ် တ ရား ကို စောင့် ရှောက် ရန် မှာ ထား ရ မည် ဟု ဆို ကြ၏။ Judson Bible ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် ထလျက်၊ တစ်ပါးအမျိုးသားတို့အား အရေဖျားလှီးခြင်းကို ပေးရမည်။ မောရှေ၏တရားကို ကျင့်စေခြင်းငှာ ဆုံးမရမည်ဟုဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဖာရိရှဲဂိုဏ်းထဲမှ ယုံကြည်သူအချို့တို့သည်ထ၍ “လူမျိုးခြားတို့ကို အရေဖျားလှီးခြင်းပေးကြရန်နှင့် မောရှေ၏ပညတ်တရားကို စောင့်ထိန်းကြရန် ညွှန်ကြားရမည်”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဖာရိရှဲဂိုဏ်းဝင်ဖြစ်သော ယုံကြည်သူတချို့သည် ထ၍ “ထိုလူမျိုးခြားတို့အား အရေပြားလှီးခြင်းပြုပေးရမည်။ မောရှေ၏ပညတ်တရားကို လိုက်နာရန် ညွှန်ကြားရမည်” ဟု ပြောဆိုကြ၏။ |
ဖာရိရှဲနှင့်ဇဒ္ဒုကဲအမြောက်အမြားပင်ဗတ္တိဇံ မင်္ဂလာခံယူရန်လာကြသည်ကိုမြင်လျှင် ယောဟန် က ``အချင်းမြွေဆိုးတို့၊ သက်ရောက်လတ္တံ့သောဘုရား သခင်၏အမျက်တော်မှလွတ်မြောက်နိုင်သည်ဟု သင်တို့အားအဘယ်သူပြောသနည်း။-
လူအချို့တို့သည်ယုဒပြည်မှအန္တိအုတ်မြို့ သို့သွားရောက်၍ ညီအစ်ကိုတို့အား ``သင်တို့ သည်မောရှေ၏ပညတ်တရားအရ အရေ ဖျားလှီးမင်္ဂလာကိုမခံယူလျှင်ကယ်တင် ခြင်းမရနိုင်'' ဟုဟောပြောသွန်သင်ကြ၏။-
ကျွန်ုပ်တို့အထဲမှလူအချို့သည်ကျွန်ုပ်တို့၏ ညွှန်ကြားချက်မရဘဲ သင်တို့ထံသို့သွား၍ စိတ်အနှောင့်အယှက်ဖြစ်စေသည့်စကားများ ကိုပြောဆိုကာ သင်တို့အားဒုက္ခပေးခဲ့ကြ ကြောင်းသိရပါသည်။-
ထိုသို့တင်ပြသည်ကိုကြားသောအခါ ထိုသူ တို့သည်ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။ ထိုနောက်ပေါလုအား ``ငါတို့ညီ၊ ယုံကြည် သူယုဒအမျိုးသားတို့ထောင်ပေါင်းများစွာ ရှိကြောင်း၊ သူတို့အားလုံးပင်ပညတ်တရား ကိုစွဲလန်းသူများဖြစ်ကြောင်းသင်အသိ ပင်ဖြစ်သည်။-
သို့သော်လည်းထိုသူတို့ကလွဲမှားသည်ဟု ယူဆသည့်လမ်းစဉ်တော်အရ အကျွန်ုပ်သည် ဘိုးဘေးများ၏ဘုရားသခင်ကိုကိုးကွယ် ကြောင်းကိုမူအရှင်အားဝန်ခံပါ၏။ သို့ရာ တွင်အကျွန်ုပ်သည်မောရှေ၏ပညတ်ကျမ်း နှင့်ပရောဖက်ကျမ်းများတွင်ဖော်ပြပါရှိ သမျှသောအရာတို့ကိုယုံကြည်ပါသည်။-
ဤသူသည်အနှောင့်အယှက်အလွန်ပေးတတ် သူ၊ တိုင်းပြည်အတွက်အန္တရာယ်ရှိသူဖြစ်ကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်။ သူသည်ကမ္ဘာ အရပ်ရပ်ရှိယုဒအမျိုးသားအပေါင်းတို့ ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပေး ပါ၏။ နာဇရက်ဂိုဏ်းသားတို့၏ခေါင်းဆောင် တစ်ယောက်ဖြစ်ပါ၏။-
သို့ရာတွင်ဤဂိုဏ်းအကြောင်းကိုမူဆန့်ကျင် ၍ နေရာတကာတွင်ပြောဆိုနေကြသည်ကို ငါတို့သိရှိပါ၏။ သို့ဖြစ်၍သင်၏အယူ ဝါဒကိုသင့်ထံမှငါတို့ကြားနာလိုပါ ၏'' ဟုဆိုကြ၏။
ထိုအခါယဇ်ပုရောဟိတ်မင်းနှင့်သူ၏နောက် လိုက်များဖြစ်သော ဒေသဆိုင်ရာဇဒ္ဒုကဲဂိုဏ်း ဝင်များသည် တမန်တော်တို့ကိုလွန်စွာမနာ လိုဝန်တိုစိတ်ရှိလာကြသဖြင့် သူတို့ကို အရေးယူရန်ဆုံးဖြတ်ကြ၏။-
အရေဖျားလှီးမင်္ဂလာကိုခံယူပြီးသူသည် ရွေးကောက်တော်မူခြင်းခံရလျှင် အရေဖျားလှီး မင်္ဂလာဆိုင်ရာအမှတ်အသားများကိုစွန့်ပယ် ရန်မလို။ အရေဖျားလှီးမင်္ဂလာမခံယူခဲ့သူ သည်ရွေးကောက်တော်မူခြင်းခံရလျှင်အရေ ဖျားလှီးမင်္ဂလာခံယူရန်မလို။-
အန္တိအုတ်မြို့သို့ပေတရုရောက်ရှိလာသော အခါ သူ၏အပြုအမူသည်မှားလျက်နေ သည်မှာသိသာထင်ရှားသဖြင့် ငါသည် သူ့အားလူတို့ရှေ့တွင်ပြစ်တင်ပြောဆို၏။-
သို့ရာတွင်သူတို့၏အပြုအမူသည်သတင်း ကောင်းဆိုင်ရာသစ္စာတရားနှင့်ကိုက်ညီမှုမရှိ ကြောင်းကို ငါသိမြင်သောအခါ ပေတရုအား လူအပေါင်းတို့ရှေ့တွင်``သင်သည်ယုဒအမျိုး သားဖြစ်ပါလျက် ယုဒအမျိုးသားကဲ့သို့ မဟုတ်ဘဲ လူမျိုးခြားကဲ့သို့ပြုမူနေထိုင် လျက်ရှိရာ သင်သည်အဘယ်ကြောင့်လူမျိုး ခြားတို့အားယုဒအမျိုးသားတို့ကဲ့သို့ ပြုမူနေထိုင်စေရန်အနိုင်အထက်ပြုပါ သနည်း'' ဟုမေး၏။