အာဗြဟံက `သင်၏ညီများအားသတိပေးရန် မောရှေနှင့်ပရောဖက်များရှိချေသည်။ ထိုသူတို့ ၏စကားကိုနားထောင်ကြပါစေ' ဟုဆို၏။-
တမန်တော်ဝတ္ထု 15:21 - Common Language Bible အဘယ်ကြောင့်ဆိုသော်ရှေးကာလမှစ၍ မောရှေ၏ပညတ်တရားကိုတရားဇရပ်များ တွင်ဥပုသ်နေ့တိုင်းဖတ်ခြင်း၊ သူ၏တရားကို ဟောပြောခြင်းရှိသောကြောင့်ဖြစ်၏'' ဟုဆို လေသည်။ Garrad Bible အ သို့ ဆို သော် ရှေး ကာ လ က စ၍ မြို့ ရွာ ခပ် သိမ်း ရှိ ဓ မ္မာ ရုံ များ တွင် မော ရှေ၏ ပ ည တ္တိ ကျမ်း ကို ဥ ပုသ် နေ့ တိုင်း ဖတ် ရွတ် ဟော ပြော သူ များ ရှိ သည် ဟု ပြော ဆို၏။ Judson Bible အကြောင်းမူကား၊ မောရှေ၏ပညတ္တိကျမ်းကို တရားဇရပ်၌ ဥပုသ်နေ့တိုင်း ဖတ်ရွတ်သဖြင့်၊ မောရှေ၏တရားကို ရှေးကာလမှစ၍ ခပ်သိမ်းသောမြို့တို့၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ရှေးအခါကပင် မြို့တိုင်း၌ မောရှေ၏ပညတ်တရားကို ဟောပြောသောသူရှိ၍ ထိုကျမ်းကို ဥပုသ်နေ့တိုင်း ဝတ်ပြုစည်းဝေးကျောင်းများတွင် ဖတ်လေ့ရှိကြ၏”ဟု ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ရှေးကာလမှစ၍ မောရှေ၏ပညတ်တရားကို ဂျူးဝတ်ပြုဆောင်များတွင် ဥပုသ်နေ့တိုင်းဖတ်ခြင်း၊ ထိုပညတ်တရားကို ဟောပြောခြင်း ရှိသောကြောင့်ဖြစ်၏” ဟု ပြောဆိုလေ၏။ |
အာဗြဟံက `သင်၏ညီများအားသတိပေးရန် မောရှေနှင့်ပရောဖက်များရှိချေသည်။ ထိုသူတို့ ၏စကားကိုနားထောင်ကြပါစေ' ဟုဆို၏။-
ကိုယ်တော်သည်နာဇရက်မြို့သို့ကြွတော်မူ၏။ နာဇရက်မြို့ကားကိုယ်တော်ကြီးပြင်းရာမြို့ ဖြစ်၏။ ဥပုသ်နေ့၌ကိုယ်တော်သည်အလေ့တော် ရှိသည်အတိုင်းတရားဇရပ်သို့ဝင်တော်မူ၏။ ကျမ်းစာကိုဖတ်ရန်ထတော်မူလျှင်၊-
ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းကိုဖတ်ပြီး သောအခါ တရားဇရပ်အမှုဆောင်လူကြီး များသည်သူတို့အား ``ညီအစ်ကိုတို့၊ လူတို့ အားတိုက်တွန်းအားပေးစကားပြောကြား ရန်ရှိပါလျှင်ပြောကြပါ'' ဟုလူလွှတ်၍ အကြောင်းကြားကြ၏။-
ယေရုရှလင်မြို့သားများနှင့်သူတို့၏ခေါင်း ဆောင်များကား ထိုအရှင်သည်ကယ်တင်ရှင် ဖြစ်သည်ကိုမသိမမြင်ကြ။ ဥပုသ်နေ့တိုင်း မိမိတို့ဖတ်ကြသည့်ပရောဖက်ကျမ်းစကား ကိုလည်းနားမလည်ကြ။ သို့သော်ထိုသူတို့ သည်ပရောဖက်များ၏ဟောကြားချက်အတိုင်း ဖြစ်ပျက်စေရန် ထိုအရှင်ကိုသေဒဏ်စီရင် ကြ၏။-