တမန်တော်ဝတ္ထု 15:1 - Common Language Bible လူအချို့တို့သည်ယုဒပြည်မှအန္တိအုတ်မြို့ သို့သွားရောက်၍ ညီအစ်ကိုတို့အား ``သင်တို့ သည်မောရှေ၏ပညတ်တရားအရ အရေ ဖျားလှီးမင်္ဂလာကိုမခံယူလျှင်ကယ်တင် ခြင်းမရနိုင်'' ဟုဟောပြောသွန်သင်ကြ၏။- Garrad Bible ထို အ ခါ အ ချို့ သော သူ တို့ သည် ယု ဒ ပြည် မှ ရောက် လာ၍ ညီ အစ် ကို တို့ အား သင် တို့ သည် မော ရှေ၏ ထုံး နည်း အ တိုင်း လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ လျှင် ကယ် တင် တော် မူ ရာ သို့ မ ရောက် နိုင် ဟု သွန် သင် ကြ ရာ၊ Judson Bible ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမဩဝါဒပေးကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူအချို့တို့သည် ယုဒပြည်မှ ဆင်းလာ၍ “သင်တို့သည် မောရှေ၏ဓလေ့ထုံးစံအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင် ကယ်တင်ခြင်းမခံရနိုင်”ဟု ညီအစ်ကိုတို့အား သွန်သင်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုဒပြည်မှ ဆီးရီးယားပြည်ရှိ အန္တိအုတ်မြို့သို့ ဆင်းလာကြသောလူတချို့သည် ယုံကြည်သူတို့အား “သင်တို့သည် မောရှေ၏ပညတ်တရားနှင့်အညီ အရေပြားလှီးခြင်းမင်္ဂလာမခံယူပါက ကယ်တင်ခြင်းကို ခံစားခွင့်မရပါ” ဟု သွန်သင်ကြ၏။ |
မောရှေကသင်တို့၏ကလေးသူငယ်များအား အရေဖျားလှီးမင်္ဂလာပေးရန်ပညတ်ခဲ့၏။ သို့ ဖြစ်၍သင်တို့သည်ဥပုသ်နေ့၌ပင်လျှင် အရေ ဖျားလှီးမင်္ဂလာကိုပြုကြ၏။ (အမှန်စင်စစ် အရေဖျားလှီးမင်္ဂလာကိုစတင်စီရင်ခဲ့သူ မှာ မောရှေမဟုတ်ဘဲသင်တို့ဘိုးဘေးများ ဖြစ်ပေသည်။)-
ရက်အနည်းငယ်ကြာသောအခါတစ်ရာ့နှစ်ဆယ် ခန့်သောတပည့်တော်ညီအစ်ကိုတို့သည်စုဝေး လျက်ရှိကြ၏။ ထိုအချိန်၌ပေတရုသည်ထ၍၊-
ထိုအခါတမန်တော်များ၊ အသင်းတော်လူ ကြီးများနှင့်အသင်းတော်ဝင်အပေါင်းတို့ သည် ကိုယ်စားလှယ်များကိုရွေးချယ်၍ပေါလု၊ ဗာနဗနှင့်အတူအန္တိအုတ်မြို့သို့စေလွှတ် ရန်ဆုံးဖြတ်ကြ၏။ သူတို့သည်ယုံကြည်သူ တို့အလွန်ကြည်ညိုလေးစားကြသော ဗာရှဗခေါ်ယုဒနှင့်သိလတို့ကိုရွေး ချယ်ကြ၏။-
ထိုသူနှစ်ဦး၏လက်ဖြင့်စာတစ်စောင်ပို့လိုက် ကြ၏။ ထိုစာတွင်၊ ``သင်တို့၏ညီအစ်ကိုများဖြစ်ကြသောတမန် တော်များ၊ အသင်းတော်လူကြီးများကအန္တိ အုတ်မြို့နှင့်ရှုရိပြည်၊ ကိလိကိပြည်ရှိလူမျိုး ခြားသားများဖြစ်ကြသောညီအစ်ကိုများ အား နှုတ်ခွန်းဆက်သလိုက်ပါသည်။-
ကျွန်ုပ်တို့အထဲမှလူအချို့သည်ကျွန်ုပ်တို့၏ ညွှန်ကြားချက်မရဘဲ သင်တို့ထံသို့သွား၍ စိတ်အနှောင့်အယှက်ဖြစ်စေသည့်စကားများ ကိုပြောဆိုကာ သင်တို့အားဒုက္ခပေးခဲ့ကြ ကြောင်းသိရပါသည်။-
အသင်းတော်ဝင်တို့သည်ထိုကိုယ်စားလှယ်အဖွဲ့ အား မြို့ပြင်သို့ရောက်အောင်လိုက်ပို့ကြ၏။ ထို အဖွဲ့သည်ဖိနိတ်ပြည်နှင့်ရှမာရိပြည်တို့ကို ဖြတ်သွားစဉ် လူမျိုးခြားတို့ဘုရားသခင်ထံ သို့ပြောင်းလဲလာကြပုံကိုပြောပြကြသဖြင့် ညီအစ်ကိုအပေါင်းတို့သည်လွန်စွာဝမ်းမြောက် ကြ၏။-
ယုဒနှင့်သိလတို့သည်လည်းပရောဖက်များ ဖြစ်ကြသည့်အလျောက် သူတို့အားအချိန်ကြာ မြင့်စွာတိုက်တွန်းအားပေးသဖြင့်သူတို့အား ကြံ့ခိုင်စေကြ၏။-
သို့ရာတွင်ဖာရိရှဲအဖွဲ့ဝင်များအနက် ယုံ ကြည်သူလူအချို့တို့သည်ထ၍ ``လူမျိုးခြား တို့သည်အရေဖျားလှီးမင်္ဂလာခံရမည်။ မောရှေ ၏ပညတ်တရားကိုစောင့်ထိန်းရမည်'' ဟုဆို ကြ၏။
ထိုသို့တင်ပြသည်ကိုကြားသောအခါ ထိုသူ တို့သည်ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။ ထိုနောက်ပေါလုအား ``ငါတို့ညီ၊ ယုံကြည် သူယုဒအမျိုးသားတို့ထောင်ပေါင်းများစွာ ရှိကြောင်း၊ သူတို့အားလုံးပင်ပညတ်တရား ကိုစွဲလန်းသူများဖြစ်ကြောင်းသင်အသိ ပင်ဖြစ်သည်။-
နာဇရက်မြို့သားယေရှုသည်ဗိမာန်တော်ကို ဖျက်ဆီး၍ အကျွန်ုပ်တို့အားမောရှေပေးအပ်ခဲ့ သည့်ထုံးတမ်းစဉ်လာများကိုပြောင်းလဲစေ လိမ့်မည်ဖြစ်ကြောင်း ထိုသူပြောဆိုသည်ကို အကျွန်ုပ်တို့ကြားကြပါ၏'' ဟုထွက်ဆို ကြ၏။-
တစ်ဆယ့်လေးနှစ်မျှကြာသောအခါ ငါနှင့် ဗာနဗတို့သည် တိတုကိုခေါ်၍ယေရု ရှလင်မြို့သို့ပြန်သွား၏။-
ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ပါက အရေဖျားလှီးမင်္ဂလာခံသည်မခံ သည်မှာအရေးမကြီးပေ။ အရေးကြီးသည့် အရာမှာမေတ္တာတရားကိုပေါ်လွင်စေသည့် ယုံကြည်ခြင်းပင်ဖြစ်သတည်း။
သင်တို့အားအရေဖျားလှီးမင်္ဂလာခံရန် အနိုင် အထက်တိုက်တွန်းကြသူတို့သည် ပြင်ပအမှတ် လက္ခဏာများအတွက် ဂုဏ်ယူပြစားလိုသူများ ဖြစ်ပေသည်။ သို့ရာတွင်ဤသို့ပြုရခြင်းမှာ ခရစ်တော်၏လက်ဝါးကပ်တိုင်တရားတော် အတွက် သူတို့ကိုယ်တိုင်ညှဉ်းဆဲနှိပ်စက်ခြင်း ခံကြရမည်စိုးသောကြောင့်ဖြစ်၏။-
သို့ဖြစ်၍အစားအသောက်နှင့်ပတ်သက်၍ဖြစ် စေ၊ ဘာသာရေးပွဲနေ့၊ လဆန်းပွဲနေ့၊ ဥပုသ်နေ့ နှင့်ပတ်သက်၍ဖြစ်စေသင်တို့အတွက်အဘယ် သူမျှဥပဒေစည်းကမ်းမပြုလုပ်စေနှင့်။-
ခရစ်တော်ထံမှမဟုတ်ဘဲလူတို့၏ထုံးတမ်း စဉ်လာမှလည်းကောင်း၊ စကြဝဠာကို အစိုးရ သည့်ဝိညာဉ်များမှလည်းကောင်း၊ လက်ဆင့်ကမ်း သည့်အချည်းနှီးသောလူပညာပရိယာယ်ဖြင့် အဘယ်သူမျှသင်တို့အားကျွန်ဘဝသို့ မသက်ဆင်းစေရန်သတိပြုကြလော့။-