သားတော်ကိုယုံကြည်သူသည်ထာဝရအသက် ကိုရ၏။ သားတော်၏စကားကိုနားမထောင်သူ မူကားအသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်သင့်သူဖြစ်လိမ့်မည်။
တမန်တော်ဝတ္ထု 14:2 - Common Language Bible သို့သော်မယုံကြည်သည့်ယုဒအမျိုးသား များသည် လူမျိုးခြားတို့အားညီအစ်ကိုတို့ ကိုမနာလိုစိတ်ရှိစေရန်ဆွပေးကြ၏။- Garrad Bible သို့ ရာ တွင် မ နာ မ ယူ သော ယု ဒ လူ မျိုး တို့ သည် လူ မျိုး ခြား တို့ ကို နှိုး ဆော်၍ ညီ အစ် ကို တို့ အ ပေါ် တွင် ရန် ငြိုး ဖွဲ့ စေ ကြ၏။ Judson Bible မယုံကြည်သော ယုဒလူတို့သည် တစ်ပါးအမျိုးသားတို့ကို နှိုးဆော်၍၊ ညီအစ်ကိုတို့အား မနာလိုသော စိတ်ရှိစေခြင်းငှာ ချောစားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် မယုံကြည်သောဂျူးလူမျိုးတို့သည် လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ညီအစ်ကိုတို့အပေါ် မလိုမုန်းထားစိတ် ဖြစ်ပေါ်စေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ယုံကြည်သက်ဝင်မှုမရှိသောဂျူးများက လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ယုံကြည်သူများအပေါ် မုန်းတီးစိတ်ဖြစ်စေကြ၏။ |
သားတော်ကိုယုံကြည်သူသည်ထာဝရအသက် ကိုရ၏။ သားတော်၏စကားကိုနားမထောင်သူ မူကားအသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်သင့်သူဖြစ်လိမ့်မည်။
ရက်အနည်းငယ်ကြာသောအခါတစ်ရာ့နှစ်ဆယ် ခန့်သောတပည့်တော်ညီအစ်ကိုတို့သည်စုဝေး လျက်ရှိကြ၏။ ထိုအချိန်၌ပေတရုသည်ထ၍၊-
သို့သော်ယုဒအမျိုးသားတို့သည်လူပရိသတ် ကိုမြင်သောအခါ မနာလိုစိတ်ရှိသဖြင့် ပေါလု ဟောပြောသောစကားများကိုငြင်းခုံကာပုတ် ခတ်ပြောဆိုကြ၏။-
သို့သော်လည်းယုဒအမျိုးသားတို့သည် ဘုရား သခင်ကိုကိုးကွယ်သူအထက်တန်းလွှာအမျိုး သမီးများနှင့် မြို့မျက်နှာဖုံးအမျိုးသားများ ကိုလှုံ့ဆော်ကာပေါလုနှင့်ဗာနဗတို့အား ညှဉ်းပန်းနှိပ်စက်စေကြ၏။ သူတို့သည်ထိုသူ နှစ်ဦးအားမိမိတို့နယ်မှနှင်ထုတ်လိုက်ကြ၏။-
သို့ရာတွင်ယုဒအမျိုးသားအချို့သည်အန္တိ အုတ်မြို့နှင့်ဣကောနိမြို့တို့မှရောက်လာကြ ပြီးလျှင် လူပရိသတ်တို့ကိုမိမိတို့ဘက်သို့ ပါအောင်ဆွဲဆောင်ကြ၏။ ထိုနောက်ပေါလုကို ခဲဖြင့်ပေါက်၍ သေလုပြီဟုထင်သဖြင့်မြို့ ပြင်သို့ဆွဲထုတ်သွားကြ၏။-
မြို့သူမြို့သားတို့သည်နှစ်စုကွဲကြ၏။ တစ်စု ကယုဒအမျိုးသားတို့ဘက်သို့ပါ၍ အခြား တစ်စုကတမန်တော်တို့ဘက်သို့ပါကြ၏။
ယုဒအမျိုးသားနှင့်လူမျိုးခြားအချို့တို့ သည် တမန်တော်တို့ကိုညှဉ်းဆဲရန်နှင့်ခဲဖြင့် ပေါက်ရန် မိမိတို့ခေါင်းဆောင်များနှင့်ကြံစည် အားထုတ်ကြ၏။-
ဗေရိမြို့တွင်ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုပေါလုဟောပြောလျက်ရှိကြောင်းကို သက်သာလောနိတ်မြို့မှယုဒအမျိုးသားတို့ သည်ကြားသိကြသောအခါ ဗေရိမြို့သို့လာ ၍လူတို့အားဆူပူအောင်လှုံ့ဆော်ပေးကြ၏။-
သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။-
ဂါလျုန်သည်အခါယပြည်ဘုရင်ခံဖြစ်စဉ် အခါ ယုဒအမျိုးသားအပေါင်းတို့သည် စုရုံးလျက် ပေါလုကိုဖမ်းဆီးပြီးလျှင် တရားခွင်ရှေ့သို့ခေါ်ဆောင်ခဲ့ကြ၏။-
ညီအစ်ကိုတို့၊ သင်တို့၏အတွေ့အကြုံမှာ ယုဒပြည်ခရစ်ယာန်များဖြစ်သည့်ဘုရား သခင်၏အသင်းတော်ဝင်တို့အတွေ့အကြုံ နှင့်တူပေသည်။ သင်တို့သည်မိမိတို့အမျိုး သားများ၏လက်တွင်ဆင်းရဲဒုက္ခရောက် ကြသကဲ့သို့ ထိုသူတို့သည်လည်းယုဒ အမျိုးသားများ၏လက်တွင်ဆင်းရဲ ဒုက္ခရောက်ရကြ၏။-