ထိုအခါဧလိရှဲသည် မိမိ၏နွားနှစ်ကောင်ကို သတ်ပြီးလျှင် နွားထမ်းပိုးကိုထင်းလုပ်၍ချက်၏။ ထိုနောက်အမဲသားဟင်းကိုလူတို့အားကျွေး မွေးပြီးလျှင် ဧလိယ၏နောက်သို့တပည့် အဖြစ်လိုက်သွားလေသည်။
တမန်တော်ဝတ္ထု 13:5 - Common Language Bible သူတို့သည်ရှာလမိမြို့သို့ရောက်သောအခါ တရားဇရပ်များတွင်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဟောပြောကြ၏။ ယောဟန်မာကုသည်သူတို့၏လက်ထောက် အဖြစ်ကူညီဆောင်ရွက်၏။ Garrad Bible လက် ထောက် ဖြစ် သူ ယော ဟန် ပါ ယု ဒ လူ မျိုး တို့ ဓ မ္မာ ရုံ များ တွင် ဘု ရား သ ခင့် တ ရား တော် ကို ကြော် ငြာ ကြ၏။ Judson Bible ရှာလမိမြို့၌ရှိနေစဉ်၊ ယုဒတရားဇရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ယောဟန်သည်လည်း ထိုသူတို့၏လက်ထောက် ဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း ရှာလမိမြို့သို့ရောက်ကြသောအခါ ဂျူးလူမျိုးတို့၏ဝတ်ပြုစည်းဝေးကျောင်းများတွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောကြ၏။ သူတို့သည်ယောဟန်ကိုလည်း အကူအညီပေးသူအဖြစ် ခေါ်သွားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှာလမိမြို့သို့ ရောက်သောအခါ ဂျူးဝတ်ပြုဆောင်များတွင် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ယောဟန်မာကုသည်လည်း သူတို့၏လက်ထောက်အဖြစ် ပါရှိလေ၏။ |
ထိုအခါဧလိရှဲသည် မိမိ၏နွားနှစ်ကောင်ကို သတ်ပြီးလျှင် နွားထမ်းပိုးကိုထင်းလုပ်၍ချက်၏။ ထိုနောက်အမဲသားဟင်းကိုလူတို့အားကျွေး မွေးပြီးလျှင် ဧလိယ၏နောက်သို့တပည့် အဖြစ်လိုက်သွားလေသည်။
ဧလိယသည်ကြောက်သဖြင့် အသက်ဘေးမှ လွတ်ရန်ထွက်ပြေးလေ၏။ သူသည်မိမိ၏ အစေခံကိုခေါ်၍ယုဒပြည်၊ ဗေရရှေဘ မြို့သို့သွား၏။ ထိုမြို့တွင်အစေခံကိုထားခဲ့ပြီးလျှင်၊-
ယောရှဖတ်မင်းက``ထာဝရဘုရားအားမေး လျှောက်ပေးမည့်ပရောဖက်တစ်ပါးမျှ ဤအရပ် တွင်မရှိပါသလော'' ဟုမေး၏။ ယောရံ၏တပ်များမှတပ်မှူးတစ်ယောက်က``ရှာ ဖတ်၏သားဧလိရှဲရှိပါသည်။ သူသည်ဧလိယ ၏လက်ထောက်ဖြစ်ခဲ့ဖူးပါ၏'' ဟုလျှောက်လေ၏။
ထို့ကြောင့်မောရှေသည်မိမိ၏လက်ထောက် ယောရှုနှင့်အတူ အသင့်ပြင်၍တောင်တော် ပေါ်သို့တက်သွားလေသည်။-
သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် သင့်။ သင်တို့အနက်အကြီးအကဲဖြစ်လိုသူ သည်သင်တို့၏အစေခံဖြစ်ရမည်။-
ဤသို့သိရှိလာသောအခါ သူသည်ယောဟန် မာကု၏အမိမာရိ၏အိမ်သို့သွား၏။ ထို အိမ်တွင်လူအမြောက်အမြားစုဝေး၍ဆု တောင်းပတ္ထနာပြုလျက်နေကြ၏။-
ဗာနဗနှင့်ရှောလုတို့သည် မိမိတို့ဆောင်ရွက် ရန်ရှိသည့်အမှုကိစ္စများကိုဆောင်ရွက်ကြ ပြီးနောက် ယောဟန်မာကုကိုခေါ်၍ယေရု ရှလင်မြို့မှပြန်ခဲ့ကြ၏။
သူတို့သည်ပေရဂေမြို့မှထွက်ခွာကြရာ ပိသိဒိပြည်အန္တိအုတ်မြို့သို့ရောက်၍ ဥပုသ် နေ့၌တရားဇရပ်သို့ဝင်၍ထိုင်ကြ၏။-
ပေါလုနှင့်ဗာနဗတို့ကယခင်ကထက်ပိုမို ရဲရင့်စွာဟောကြားသည်မှာ ``ငါတို့သည်ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဦးစွာပထမဟောပြောရပေမည်။ သို့ရာတွင် သင်တို့သည်ထိုတရားတော်ကိုပစ်ပယ်ကာ မိမိ တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်မတန် သူများဖြစ်သည်ဟုစီရင်ကြသောကြောင့် ငါတို့ သည်သင်တို့ထံမှထွက်ခွာ၍လူမျိုးခြားတို့ ထံသို့သွားကြပါမည်။-
ဣကောနိမြို့တွင်လည်းပေါလုနှင့်ဗာနဗ သည် ယုဒအမျိုးသားတို့၏တရားဇရပ်သို့ ဝင်၍ဟောပြောသွန်သင်ကြရာ ယုဒအမျိုး သားနှင့်လူမျိုးခြားအမြောက်အမြားသည် ယုံကြည်ကြ၏။-
ထို့ကြောင့်တရားဇရပ်တွင်ယုဒအမျိုးသား များ၊ ဘုရားသခင်ကိုကိုးကွယ်သူများနှင့် လည်းကောင်း၊ နေ့စဉ်နေ့တိုင်းမြို့တွင်းမြေကွက် လပ်သို့လာရောက်ကြသူများနှင့်လည်းကောင်း တရားဆွေးနွေး၏။-
ယုဒအမျိုးသားနှင့်ဂရိအမျိုးသားများ နားလည်သဘောပေါက်လာကြစေရန် သူသည် ဥပုသ်နေ့တိုင်းတရားဇရပ်တွင်တရားဆွေး နွေး၏။
သူသည်မိမိ၏လက်ထောက်နှစ်ယောက်ဖြစ် သည့်တိမောသေနှင့်ဧရတ္တုတို့ကိုမာကေ ဒေါနိပြည်သို့စေလွှတ်လိုက်၏။ မိမိမူကား အာရှပြည်တွင်ကာလအနည်းငယ်နေ၏။
တစ်မြို့လုံးဆူဆူညံညံဖြစ်လျက်လူတို့ သည် ပေါလု၏ခရီးသွားဖော်များဖြစ်သည့် မာကေဒေါနိပြည်သားဂါယုနှင့်အာရိတ္တာခု တို့ကိုဖမ်းဆီး၍ မြို့တော်ခန်းမကြီးသို့ အလျင်အမြန်ခေါ်ဆောင်သွားကြ၏။-
ပေါလုသည်သုံးလတိုင်တိုင်တရားဇရပ်တွင် အချေအတင်ဆွေးနွေးကာဘုရားသခင်၏ နိုင်ငံတော်အကြောင်း လူတို့နားလည်သဘော ပေါက်လာစေရန်မကြောက်မရွံ့ဘဲဟော ပြော၏။-
တရားဇရပ်များသို့ချက်ချင်းသွားရောက် ၍ သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းဟောပြောလေ၏။
ငါတို့နှင့်အတူအကျဉ်းခံနေရသူအာရိတ္တာခု၊ ဗာနဗ၏ညီဝမ်းကွဲတော်သူမာကုနှင့်ယုတ္တု ခေါ်ယောရှုတို့ကသင်တို့ကိုနှုတ်ဆက်လိုက် ကြ၏။ (သင်တို့ထံမာကုရောက်ရှိလာသော အခါ ကြိုဆိုကြရန်ညွှန်ကြားချက်များကို သင်တို့ရရှိကြပြီးဖြစ်၏။) ဘုရားသခင်၏ နိုင်ငံတော်အတွက်ငါနှင့်အတူလုပ်ဆောင် လျက်ရှိသောယုဒယုံကြည်သူများမှာ ထိုသူသုံးဦးသာလျှင်ဖြစ်ပေသည်။ ဤသူ တို့သည်ကားငါ့အားများစွာကူညီကြ သူများဖြစ်သည်။
လုကာတစ်ဦးတည်းသာလျှင်ငါနှင့်အတူရှိ တော့၏။ မာကုကိုရှာ၍သင်နှင့်အတူခေါ်ခဲ့ လော့။ သူသည်ငါ၏လုပ်ငန်းတွင်ကူညီနိုင်သူ ဖြစ်ပေသည်။-