ဣသရေလပြည်ကိုအုပ်စိုးခဲ့သောတရားသူ ကြီးများ၏လက်ထက်မှစ၍ အဘယ်ဣသရေလ ဘုရင်သို့မဟုတ်ယုဒဘုရင်မျှ ဤပသခါပွဲ မျိုးကိုကျင်းပခဲ့ဖူးသည်မရှိ။-
တမန်တော်ဝတ္ထု 13:20 - Common Language Bible မိမိလူစုတော်အားပိုင်ဆိုင်ခွင့်ကိုပေး တော်မူ၏။ ဤအဖြစ်အပျက်အထိနှစ် ပေါင်းလေးရာ့ငါးဆယ်ကြာခဲ့၏။ ထိုနောက်ပရောဖက်ရှမွေလပေါ်ထွန်းချိန် အထိ တရားသူကြီးများကိုပေါ်ထွန်းစေ တော်မူ၏။- Garrad Bible ပ ရော ဖက် ရှ မွေ လ တိုင် အောင် တ ရား မင်း များ ကို ပေး တော် မူ၏။ Judson Bible ထိုနောက်မှ ပရောဖက်ရှမွေလမပေါ်မရှိမီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး၊ တရားသူကြီးတို့ကို ပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤအရာတို့သည် နှစ်ပေါင်းလေးရာငါးဆယ်ခန့်ကြာ၏။ ထို့နောက် ပရောဖက်ရှမွေလခေတ်တိုင်အောင် သူတို့အား တရားသူကြီးများကို ပေးတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာတို့သည် နှစ်ပေါင်းလေးရာငါးဆယ်ခန့် ကြာ၏။ ထိုပြည်တို့ကို တရားသူကြီးများအား အုပ်ချုပ်ခွင့်ပေးတော်မူသည်မှာ ပရောဖက်ရှမွေလအချိန်ထိတိုင်ဖြစ်၏။ |
ဣသရေလပြည်ကိုအုပ်စိုးခဲ့သောတရားသူ ကြီးများ၏လက်ထက်မှစ၍ အဘယ်ဣသရေလ ဘုရင်သို့မဟုတ်ယုဒဘုရင်မျှ ဤပသခါပွဲ မျိုးကိုကျင်းပခဲ့ဖူးသည်မရှိ။-
ဣသရေလပြည်သားတို့နှင့်အတူလှည့်လည် သွားလာလေသမျှသောအရပ်တို့တွင် ငါသည် မိမိခန့်ထားသောမည်သည့်ခေါင်းဆောင်ကို မျှ`သင်တို့သည်ငါ၏အတွက်အာရစ်သား ဗိမာန်တော်ကို အဘယ်ကြောင့်မတည်မဆောက် သနည်း' ဟုမေးမြန်းခဲ့ဖူးသည်မရှိ။''
ရှမွေလမှစ၍ဗျာဒိတ်တော်အားဖြင့်ဟော ပြောကြသည့်အခြားပရောဖက်အပေါင်း တို့က ယခုနေ့ရက်ကာလတွင်ဖြစ်ပျက်မည့် အကြောင်းအရာများကိုဟောပြောကြေညာ ခဲ့ကြ၏။-
ထိုအခါထာဝရဘုရားသည်သူတို့အား လုယက်တိုက်ခိုက်သူတို့၏လက်မှကယ်ဆယ် မည့်ခေါင်းဆောင်များကိုပေါ်ထွန်းစေတော် မူ၏။-
ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ အပေါ်သို့သက်ရောက်သဖြင့် သူသည် ဣသရေလအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သြသံယေလသည်စစ် ချီတိုက်ခိုက်ရာထာဝရဘုရားသည်သူ့ အားမေသောပေါတာမိဘုရင်ကိုနှိမ်နင်း အောင်မြင်စေတော်မူ၏။-
ရှေးအခါကဣသရေလနိုင်ငံတွင် ဘုရင် မရှိသေးမီအချိန်၌ငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်သဖြင့် ယုဒပြည်ဗက်လင်မြို့ သားဧလိမလက်သည် မိမိ၏ဇနီးနှင့်သား နှစ်ယောက်တို့ကိုခေါ်၍မောဘပြည်တွင်ခေတ္တ သွားရောက်နေထိုင်လေသည်။ သားနှစ်ယောက် တို့၏နာမည်များမှာမဟာလုန်နှင့်ခိလျှုန် ဖြစ်၏။ သူတို့သည်ဧဖရတ်သားချင်းစု ဝင်များတည်း။ မောဘပြည်တွင်သူတို့နေ ထိုင်လျက်ရှိစဉ်၊-
ထို့ကြောင့်ထာဝရဘုရားသည်ဂိဒေါင်၊ ထို နောက်ဗာရက်၊ ထိုနောက်ယေဖသ၊ နောက်ဆုံး ၌ငါ့အားစေလွှတ်တော်မူ၏။ ငါတို့အသီး သီးသည်သင်တို့အားရန်သူများလက်မှ ကယ်ခဲ့ကြသဖြင့် သင်တို့သည်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြ၏။-
သို့ဖြစ်၍ရှမွေလသည်ထာဝရဘုရား၏ ပရောဖက်အမှန်ပင်ဖြစ်ကြောင်းကို တိုင်းပြည် တစ်စွန်းမှတစ်စွန်းတိုင်အောင်ဣသရေလ အမျိုးသားအပေါင်းတို့သိကြ၏။-