လေဝိအနွယ်ဝင်တို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။
တမန်တော်ဝတ္ထု 13:16 - Common Language Bible ပေါလုသည်နေရာမှထ၍လက်ရိပ်ပြ ပြီးနောက် ``ဣသရေလအမျိုးသားတို့နှင့် ဘုရားသခင်အားကိုးကွယ်သူအခြား အမျိုးသားတို့၊ နားထောင်ကြလော့။- Garrad Bible ပေါ လု ထ၍ လက် ရိပ် ပြ ပြီး လျှင် ဟော ပြာ သည် မှာ ဣ သ ရေ လ အ မျိုး သား တို့ မှ စ၍ ဘု ရား သ ခင် ကို ခန့် ညား သော သူ တို့၊ ကြား နာ ကြ ကုန်၊ Judson Bible ထိုအခါပေါလုသည်ထ၍ မိမိလက်နှင့် အမှတ်ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ နားထောင်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေါလုသည်ထ၍ လက်ရိပ်ပြလျက် “အစ္စရေးအမျိုးသားတို့နှင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောသူတို့၊ နားထောင်ကြပါ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပေါလုသည် ထ၍ လက်ရိပ်ပြပြီးလျှင် “အစ္စရေးလူမျိုးတို့မှစ၍ ဘုရားသခင်ကိုကိုးကွယ်ကြသောလူမျိုးခြားတို့… နားထောင်ကြလော့။ |
လေဝိအနွယ်ဝင်တို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။
ဘုရားသခင်သည်ငါတို့အားကောင်းချီး ပေးတော်မူပြီ။ ကမ္ဘာအရပ်ရပ်ရှိလူအပေါင်းတို့သည်ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြပါစေသော။
ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသော သူတို့ကိုကယ်တော်မူရန်အမှန်ပင် အသင့်ရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည်လည်း ငါတို့ပြည်တွင်ကျိန်းဝပ်လျက်နေလိမ့်မည်။
ဇာခရိသည်ဗိမာန်တော်ကထွက်လာသောအခါ စကားမပြောနိုင်တော့သဖြင့် ဗိမာန်တော်ထဲ တွင်ဗျာဒိတ်ရူပါရုံကိုမြင်ခဲ့ကြောင်းသူတို့ ရိပ်မိကြ၏။ ဇာခရိသည်စကားအ၍လက် ရိပ်ခြေရိပ်ပြလျက်သာနေ၏။
ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့အား သားစဉ်မြေးဆက်ကရုဏာထားတော်မူ၏။
အခြားရာဇဝတ်သင့်သူကထိုသူ့အား ``သင် သည်ဘုရားသခင်ကိုမကြောက်ပါသလော။ ငါ တို့သည်ဤသူကဲ့သို့ပင်ဒဏ်စီရင်ခြင်းကို ခံရသော်လည်း၊-
သူနှင့်တကွသူ၏အိမ်ထောင်စုသားတို့သည် ဘုရားတရားကြည်ညို၍ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူများဖြစ်ကြ၏။ သူသည် ဆင်းရဲသောယုဒအမျိုးသားတို့အား ရက် ရောစွာလှူဒါန်းတတ်၏။ သူသည်ဘုရား သခင်ထံအချိန်မှန်မှန်ပတ္ထနာပြုလေ၏။-
ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေ၍ အမှန်တရားကိုကျင့်သုံးသူမှန်သမျှအား လူမျိုးခွဲခြားမှုမပြုဘဲနှစ်သက်လက်ခံ တော်မူ၏။-
ပေတရုကဆိတ်ဆိတ်နေကြရန်လက်ရိပ်ပြ ပြီးလျှင် မိမိအားသခင်ဘုရားသည်အဘယ် သို့ထောင်ထဲမှထုတ်ဆောင်လာကြောင်းကိုပြော ပြလေ၏။ ထိုနောက် ``ဤအကြောင်းကိုယာကုပ် နှင့်အခြားညီအစ်ကိုတို့အားပြောပြကြပါ'' ဟုမှာကြားပြီးလျှင်အခြားအရပ်သို့ထွက် ခွာသွား၏။
``အာဗြဟံ၏သားမြေးဖြစ်သူငါ့ညီအစ်ကို တို့နှင့် ဘုရားသခင်ကိုကိုးကွယ်သူအခြား အမျိုးသားတို့၊ ဤကယ်တင်ခြင်းဆိုင်ရာ တရားကိုငါတို့ထံသို့ရောက်ရှိလာစေ၏။-
ပေါလုနှင့်ဗာနဗတို့ကယခင်ကထက်ပိုမို ရဲရင့်စွာဟောကြားသည်မှာ ``ငါတို့သည်ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဦးစွာပထမဟောပြောရပေမည်။ သို့ရာတွင် သင်တို့သည်ထိုတရားတော်ကိုပစ်ပယ်ကာ မိမိ တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်မတန် သူများဖြစ်သည်ဟုစီရင်ကြသောကြောင့် ငါတို့ သည်သင်တို့ထံမှထွက်ခွာ၍လူမျိုးခြားတို့ ထံသို့သွားကြပါမည်။-
လူများစုသည်မိမိတို့အဘယ်ကြောင့်စုဝေး လျက်နေကြသည်ကိုမသိကြ။ ယုဒအမျိုး သားတို့သည်အာလေဇန္ဒြုကိုလူပရိသတ်ရှေ့ သို့သွားစေသဖြင့် လူထုအထဲမှလူအချို့ တို့ကထိုသူသည်ဖြစ်ပေါ်လျက်ရှိသည့်အရေး အခင်းနှင့်ပတ်သက်သူဖြစ်မည်ဟုယူဆ ကြ၏။ အာလေဇန္ဒြုသည်ပရိသတ်အား ဆိတ်ငြိမ်ရန်လက်ရိပ်ပြ၏။ ချေပပြောဆို ရန်ကြိုးစား၏။-
ပေတရုသည်တစ်ကျိပ်တစ်ပါးတို့နှင့်အတူ ရပ်လျက်အသံကျယ်စွာဖြင့် ``ယုဒအမျိုးသား များနှင့်ယေရုရှလင်မြို့သားအပေါင်းတို့ငါ့ စကားကိုနားထောင်ကြလော့။ ဤအမှုအရာ အကြောင်းကိုငါရှင်းပြမည်။-
``အို ဣသရေလအမျိုးသားတို့၊ ငါ့စကား ကိုနားထောင်ကြလော့။ ဘုရားသခင်သည်ထူး ဆန်းအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များကို နာဇရက်မြို့သားယေရှုအားဖြင့်ပြ တော်မူခဲ့၏။ သို့ဖြစ်၍ထိုအရှင်သည်ဘုရား သခင်၏တန်ခိုးအာဏာတော်နှင့်ပြည့်ဝသူ ဖြစ်ကြောင်းသိသာထင်ရှားပေသည်။ ထိုအဖြစ် အပျက်များမှာသင်တို့ရှေ့မှောက်တွင်ဖြစ်ပျက် ခဲ့သဖြင့် ယင်းတို့ကိုသင်တို့ကိုယ်တိုင်သိရှိ ကြသည်။-
တပ်မှူးကခွင့်ပြုသဖြင့်ပေါလုသည်လှေခါး ထစ်ပေါ်တွင်ရပ်လျက် လူတို့အားလက်ရိပ်ပြ၏။ ထိုသူတို့တိတ်ဆိတ်နေကြသောအခါ သူသည် ဟေဗြဲဘာသာစကားဖြင့်မြွက်ဆိုလျက်၊
လူတို့သည်ဤမျှကြာအောင်နားထောင်နေ ကြပြီးနောက် ဤသို့ပေါလုပြောဆိုသည်ကို ကြားသောအခါ ``ဤသူအားကမ္ဘာမြေကြီး ပေါ်မှသုတ်သင်ပယ်ရှင်းလော့။ သူ့အားသတ် လော့။ သူသည်အသက်ရှင်ရန်မသင့်'' ဟု အသံကုန်ဟစ်အော်ကြ၏။-
ပေတရုသည်လူတို့ကိုမြင်လျှင်``ဣသရေလ အမျိုးသားတို့၊ အဘယ်ကြောင့်ငါတို့ကိုစူး စိုက်၍ကြည့်နေကြသနည်း။ ငါတို့၏တန်ခိုး၊ ငါတို့၏အကျင့်သီလအားဖြင့် ဤသူကို လမ်းလျှောက်စေနိုင်သည်ဟုထင်မှတ်ကြသလော။-
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိသူ တို့ကြားပါစေ။ ``အောင်မြင်သောသူသည်ဒုတိယသေ ခြင်းဘေးနှင့်ကင်းလွတ်လိမ့်မည်။
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။
အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော် မူသောစကားများကိုကြားတတ်သော နားရှိသူတို့ကြားပါစေ။
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ ``အောင်မြင်သောသူအားဘုရားသခင်၏ဥယျာဉ် တော်ရှိအသက်ပင်၏အသီးကိုစားခွင့်ငါ ပေးမည်။