သူတို့သည်အစဉ်ပင်မကောင်းမှုပြုရန် ကြံစည်လျက်အစဉ်ပင်ခိုက်ရန်ဖြစ်ပွား စေရန် လှုံ့ဆော်ပေးကြပါ၏။
ဇာခရိ 7:10 - Common Language Bible မုဆိုးမများ၊ မိဘမဲ့များ၊ တစ်ကျွန်းတစ် နိုင်ငံသားများသို့မဟုတ်ဆင်းရဲနွမ်းပါး သူများအားမညှင်းဆဲမနှိပ်စက်ကြနှင့်၊ တစ်ဦးကိုတစ်ဦးဘေးဒုက္ခရောက်အောင် မကြံစည်ကြနှင့်'' ဟုမိန့်မှာခဲ့၏။ Garrad Bible မု ဆိုး မ၊ ဖ သက် ဆိုး၊ ဝင် နေ သူ၊ ဆင်း ရဲ သား တို့ အား နှိပ် စက် ခြင်း၊ အ ချင်း ချင်း မ ကောင်း ကြံ စည် ခြင်း များ ကို မ ပြု ကြ လင့် ဟု၊ ဗိုလ်ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ခဲ့ သော် လည်း၊ Judson Bible မိဘမရှိသောသူ၊ မုဆိုးမ၊ တစ်ကျွန်းတစ်နိုင်ငံသား၊ ဆင်းရဲသားကို မညှဉ်းဆဲကြနှင့်။ တစ်ယောက်ကို တစ်ယောက် မကောင်းသောအကြံကို မကြံကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသော်လည်း၊ မြန်မာ့စံမီသမ္မာကျမ်း မုဆိုးမ၊ ဖတဆိုး၊ တိုင်းတစ်ပါးသားနှင့် ဆင်းရဲသားတို့ကို မနှိပ်စက်ရ။ သင်တို့စိတ်နှလုံးထဲ၌ တစ်ဦးကိုတစ်ဦး မကောင်းသောအကြံ မကြံစည်ရ’ဟု မိန့်တော်မူ၏။ |
သူတို့သည်အစဉ်ပင်မကောင်းမှုပြုရန် ကြံစည်လျက်အစဉ်ပင်ခိုက်ရန်ဖြစ်ပွား စေရန် လှုံ့ဆော်ပေးကြပါ၏။
သူတို့သည်မင်းကြီးကိုလုပ်ကြံရန်မသမာ သော အကြံအစည်များကိုပြုကြ၏။ သို့ရာတွင်အောင်မြင်ကြလိမ့်မည်မဟုတ်။
သူသည်အိပ်ရာပေါ်တွင်လဲလျောင်းစဉ် မကောင်းမှုများကိုကြံစည်တတ်၏။ သူပြုကျင့်လေသမျှသည်မကောင်းမှု သာဖြစ်၏။ သူသည်ဆိုးညစ်မှုကိုအဘယ်အခါမျှမပစ် ပယ်။
မင်းကြီးသည်ဆင်းရဲသူတို့အားမျှတစွာ တရားစီရင်ဆုံးဖြတ်ပါစေသော။ ချို့တဲ့နွမ်းပါးသူတို့အားကူမတော်မူပါ စေသော။ ဖိစီးနှိပ်စက်သူတို့အားနှိမ်နင်းတော်မူပါ စေသော။
``သင်တို့သည်အီဂျစ်ပြည်တွင်ဧည့်သည်အဖြစ် နှင့် နေထိုင်ခဲ့ဖူး၍ဧည့်သည်၏ခံစားချက်ကို သိသည်ဖြစ်သောကြောင့် သင်တို့၏ပြည်တွင် ဧည့်သည်ဖြစ်သောအခြားအမျိုးသားတို့ ကိုမညှဉ်းဆဲနှင့်။
မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
သင်တို့၏မိဘမဲ့ကလေးများကိုငါနှင့် ထားခဲ့ကြလော့။ သူတို့အားငါကြည့်ရှု ပြုစုမည်။ သင်တို့၏မုဆိုးမများသည် ငါ့ကိုမှီခိုအားကိုးနိုင်၏။
ဝဝလင်လင်စားသောက်ရ၍ဆူဖြိုးလျက်နေကြ၏။ သူတို့သည်မကောင်းမှုများကိုအတောမသတ်ပြုကျင့်ကြ၏။ မိဘမဲ့သူတို့အားရပိုင်ခွင့်များကိုမပေးကြ။ ညှင်းပန်းနှိပ်စက်ခြင်းခံရသူတို့အားလည်းတရားမျှတမှုကိုမပြုကြ။
တိုင်းတစ်ပါးသားများ၊ မိဘမဲ့သူများနှင့် မုဆိုးမများအပေါ်တွင်အခွင့်ကောင်းမယူ ကြနှင့်တော့။ ဤသန့်ရှင်းရာဌာနတော်တွင် အပြစ်မဲ့သူတို့အားသတ်ဖြတ်မှုမပြုကြ နှင့်တော့။ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်မှုသည်သင်တို့အားအကျိုးယုတ်စေ မည်ဖြစ်၍ထိုအမှုကိုရပ်စဲလိုက်ကြလော့။-
သူသည်ဆင်းရဲချို့တဲ့သူတို့အားလိမ်လည် လှည့်စား၏။ သူတစ်ပါး၏ဥစ္စာကိုအနိုင် အထက်လုယူ၏။ အပေါင်ခံပစ္စည်းကိုလည်း ပြန်၍မပေး။ ရုပ်တုတို့ကိုကိုးကွယ်၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုကိုပြု၏။-
သင့်အထဲ၌သင်၏လူအချို့တို့သည်ကြေး စားလူသတ်သမားများဖြစ်ကြ၏။ အချို့ မှာမိမိတို့ဣသရေလအမျိုးသားများ အားငွေချေး၍ အတိုးကိုယူကာမိမိတို့ ကိုယ်ကိုကြွယ်ဝချမ်းသာစေကြ၏။ သူတို့ သည်ငါ့အားမေ့လျော့သွားကြလေကုန် ပြီ'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာ ဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
ထိုဒေသတွင်နေထိုင်သူတို့သည် အနိုင်အထက် လုယူ၍ လုယက်မှုတို့ကိုပြုကြ၏။ သူတို့သည် ဆင်းရဲချို့တဲ့သူတို့အားနှိပ်စက်၍ လူမျိုးခြား တို့အားမတရားသဖြင့်နိုင်ထက်စီးနင်းပြု ကြ၏။-
သင့်အထဲတွင်အဘယ်သူမျှမိဘကိုရို သေမြတ်နိုးမှုမပြုကြ။ သင့်အထဲတွင်သင် သည်လူမျိုးခြားတို့အား လိမ်လည်လှည့်စား ၍မုဆိုးမများနှင့်မိဘမဲ့သူတို့အား ညှဉ်းဆဲနှိပ်စက်၏။-
အားနွဲ့သူများကိုညှင်းဆဲပြီးဆင်းရဲ သူများကိုဖိနှိပ်၍ မိမိလင်တို့အားငါ တို့သောက်ဖို့အရက်ယူခဲ့ဟုအမိန့်ပေး လျက်၊ အစားကောင်းစားရသောဗာရှန် နွားမများကဲ့သို့ ဝဖီးနေကြသည့်ရှမာရိ မိန်းမတို့ဤစကားကိုနားထောင်လော့။-
သင်တို့သည်အချင်းချင်းဘေးအန္တရာယ်ဖြစ် စေမည့်အကြံအစည်ကိုမပြုကြနှင့်။ ကျိန် ဆိုခြင်းကိုပြုလျက်မမှန်သောသက်သေကို မခံကြနှင့်။ လိမ်လည်ပြောဆိုမှု၊ မတရား သည့်အမှုနှင့် အကြမ်းဖက်မှုတို့ကိုငါမုန်း ၏'' ဟုမိန့်တော်မူ၏။
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတို့ကောင်းကင် နိုင်ငံတော်သို့ဝင်မည်ပြုသောအခါသင်တို့သည် တံခါးပိတ်လိုက်ကြ၏။ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်ရန်ကြိုးစားသူများကိုလည်းဝင်ခွင့်မပြုကြ။
သူခိုးများ၊ လောဘလွန်ကူးသူများ၊ သေ သောက်ကြူးသူများ၊ ဆဲရေးတိုင်းထွာသူများ နှင့်လုယက်တိုက်ခိုက်သူများသည် ဘုရား သခင်၏နိုင်ငံတော်သားဖြစ်ကြရလိမ့်မည် မဟုတ်။-
`` `လူမျိုးခြားများ၊ မိဘမဲ့ကလေးများ နှင့်မုဆိုးမများရထိုက်သောအခွင့်အရေး ကိုဆုံးရှုံးစေသောသူသည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆို သောအခါ။ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။
သင်တို့အသီးအနှံများကိုရိတ်သိမ်းပေး သူတို့၏လုပ်အားခများကိုမပေးကြ။ သူ တို့၏တိုင်တန်းခြင်းကိုနားထောင်ကြလော့။ သူ တို့ကျယ်စွာဟစ်အော်တောင်းခံသံကိုအနန္တ တန်ခိုးရှင်ထာဝရဘုရားသခင်ကြားတော် မူလေပြီ။-
မိမိ၏ညီအစ်ကိုကိုမုန်းသောသူသည်သူ သတ်သမားဖြစ်၏။ သူသတ်သမားသည် ထာဝရအသက်ကိုမရကြောင်းသင်တို့ သိကြ၏။-