ထိုအရပ်တွင်ငှက်တို့သည်အသိုက်များ ပြုလုပ်ကြပါ၏။ တောငန်းတို့သည်ထင်းရှူးပင်များတွင် အသိုက်များပြုလုပ်ကြပါ၏။
ဇာခရိ 5:9 - Common Language Bible ငါသည်မော်၍ကြည့်လိုက်သောအခါငှက် ကျား၏အတောင်ကဲ့သို့ကြီးမားသည့် အတောင်များနှင့် ငါ့ထံသို့ပျံလာနေသော အမျိုးသမီးနှစ်ဦးကိုမြင်ရ၏။ သူတို့သည် ခြင်းတောင်းကိုချီယူကာအဝေးသို့ပျံ သွားကြ၏။ Garrad Bible ငါ မော် ကြည့် ပြန် သော်၊ ငှက် ကျား တောင် သ ဖွယ်၊ အ တောင် ဖြင့် ခတ် ဝဲ သော မိန်း မ နှစ် ယောက် ပေါ် လာ၍၊ ထို တင်း တောင်း ကို မိုး မြေ စပ် ကြား သို့၊ ချီ မြှောက် ကြ သည် ကို မြင် ရ လျှင်၊ Judson Bible တစ်ဖန် ငါမျှော်ကြည့်၍၊ တောငန်း၏အတောင်ကဲ့သို့၊ အတောင်ရှိသော မိန်းမနှစ်ယောက်တို့သည်၊ အတောင်တို့၌ ဝိညာဉ်ပါလျက် ထွက်လာ၍၊ ထိုဧဖာကို မြေကြီးနှင့် မိုးကောင်းကင်စပ်ကြားသို့ ချီသွားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ငါမျှော်ကြည့်လျှင် မိန်းမနှစ်ယောက် ပေါ်လာသည်ကို မြင်ရ၏။ သူတို့သည် လေဟုန်စီးပြီး ပျံဝဲလာ၏။ ထိုတောင်ပံများသည် ငှက်ကျားတောင်ပံနှင့် တူ၏။ သူတို့သည် ဧဖာကို ချီပြီး မြေကြီးနှင့် ကောင်းကင်ကြားသို့ ပျံသန်းသွားကြ၏။ |
ထိုအရပ်တွင်ငှက်တို့သည်အသိုက်များ ပြုလုပ်ကြပါ၏။ တောငန်းတို့သည်ထင်းရှူးပင်များတွင် အသိုက်များပြုလုပ်ကြပါ၏။
မိုးကောင်းကင်၌ပျံဝဲလျက်ရှိသောငှက် ကျားပင်လျှင် မိမိပြန်ရမည့်အချိန်သိ၏။ ချိုး၊ ပျံလွှားနှင့်ကြိုးကြာတို့သည်လည်း မိမိ တို့ကျက်စားရာအရပ်၊ ပြောင်းရွှေ့ချိန်ကိုသိ ကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်၊ သင် တို့သည်မိမိတို့အတွက်ထာဝရဘုရား ပြဋ္ဌာန်းထားသည့်တရားတော်ကိုမသိ ကြ။-
ထာဝရဘုရားက``တံပိုးခရာမှုတ်၍ သတိပေးလော့၊ ရန်သူများသည်သိမ်းငှက် သဖွယ် ငါ၏နိုင်ငံတော်ကိုထိုးသုတ်လျက် ရှိကြပြီ။ ငါ၏လူမျိုးတော်သည်ငါနှင့် ပြုလုပ်သောပဋိညာဉ်ကိုချိုးဖောက်၍ ငါ၏လူမျိုးတော်သည်ငါနှင့်ပညတ်ကို ပစ်ပယ်ကြပြီ။-
အောက်ဖော်ပြပါငှက်မျိုးတို့ကိုသင်တို့ သည်မစားရ။ လင်းယုန်၊ ဇီးကွက်၊ သိမ်းငှက်၊ လင်းတ၊ ကျီး၊ ငှက်ကုလားအုတ်၊ ဇင်ယော်၊ ငှက် ကျား၊ ဗျိုင်း၊ ငှက်ကြီးဝံပို၊ တင်ကျီး၊ တောင်သူ ဘီးငှက်နှင့်လင်းနို့တို့ဖြစ်သည်။
ငါသည်ကောင်းကင်တမန်အား``ထိုသူတို့ သည်ခြင်းတောင်းကိုအဘယ်အရပ်သို့ ယူဆောင်သွားကြပါသနည်း'' ဟုမေး လျှင်၊
ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-