ကောင်းကင်တမန်က``သင်အဘယ်အရာကို မြင်သနည်း'' ဟုမေးလျှင်ငါသည်လည်း``လေ ထဲတွင်ပျံနေသောစာလိပ်တစ်ခုကိုမြင် ပါ၏။ ထိုစာလိပ်သည်အလျားပေသုံးဆယ် အနံတစ်ဆယ့်ငါးပေရှိပါသည်'' ဟုပြန် လည်ဖြေကြား၏။
စေ တ မန် တော် က၊ မည် သည့် အ ရာ ကို မြင် ရ သ နည်း ဟု မေး လျှင်၊ အ လျား အ တောင် နှစ် ဆယ်၊ အ နံ ဆယ် တောင် ကျယ် သော စာ လိပ် ပျံ ဝဲ သည် ကို၊ မြင် ပါ သည် ဟု ပြန် လျှောက် ၏။
ကောင်းကင်တမန်ကလည်း၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးလျှင်၊ ပျံဝဲလျက်ရှိသော စာစောင်ကို မြင်ပါ၏။ အလျား အတောင်နှစ်ဆယ်၊ အနံ အတောင်တစ်ဆယ်ရှိပါသည်ဟု လျှောက်၏။
ထိုအခါ ကောင်းကင်တမန်က ငါ့အား “သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးလျှင် ငါက “အလျားအတောင်နှစ်ဆယ်၊ အနံဆယ်တောင်ရှိသောစာလိပ်တစ်လိပ် ပျံဝဲနေသည်ကို မြင်ရပါ၏”ဟု ပြန်လျှောက်လေ၏။
``သင်သည်စာလိပ်တစ်ခုကိုယူ၍ဣသရေလ ပြည်၊ ယုဒပြည်နှင့်နိုင်ငံတကာတို့ကိုရည်မှတ် ၍ ငါမိန့်မှာတော်မူခဲ့သမျှသောစကားတို့ ကိုရေးမှတ်လော့။ ယောရှိမင်းလက်ထက်၌ငါ ၏ဗျာဒိတ်တော်ကိုစတင်ခံယူရချိန်မှ အစပြု၍ ယနေ့တိုင်အောင်သင့်အားငါမိန့် ကြားခဲ့သမျှသောစကားတို့ကိုရေးမှတ် လော့။-
ကိုယ်တော်က``အာမုတ်၊ အဘယ်အရာကို မြင်သနည်း'' ဟုငါ့အားမေးသဖြင့်၊ ငါကလည်း``ချိန်ကြိုးတစ်ချောင်းကို မြင်ရပါသည်ဘုရား'' ဟုလျှောက်ဆို၏။ ကိုယ်တော်ရှင်ကလည်း၊``ငါ၏လူမျိုးသည် ရွေ့စောင်းနေသောနံရံသဖွယ်ဖြစ်နေသည် ကို ဤချိန်ကြိုးဖြင့်ပြဆိုရပြီ။ သူတို့ကို ဒဏ်ခတ်ရန်နောက်တစ်ဖန်စိတ်ပြောင်းတော့ မည်မဟုတ်။-
ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ကြီးသည်နီးကပ်၍အလွန်နီးကပ်၍ လာလေပြီ။ ထိုနေ့ရက်ကာလသည်လျင် မြန်စွာသက်ရောက်လာတော့အံ့။ ထိုနေ့ရက် သည်ခါးသီးလွန်းသောကြောင့်ရဲစွမ်းသတ္တိ အရှိဆုံးစစ်သူရဲပင်လျှင်စိတ်ပျက်စွာ အော်ဟစ်လိမ့်မည်။
``အဘယ်အရာကိုသင်မြင်ပါသနည်း'' ဟုမေး၏။ ငါကလည်း``ရွှေမီးတင်ခုံတစ်ခု ကိုမြင်ပါသည်။ မီးတင်ခုံတိုင်ထိပ်တွင်ဆီ ခွက်တစ်ခုရှိပါသည်။ မီးတင်ခုံပေါ်တွင် မီးစာခုနစ်စစီရှိသောမီးခွက်ခုနစ်လုံး ရှိပါသည်။-
ဤမိစ္ဆာဆရာတို့သည်လောဘကူးလျက် မဟုတ်မမှန်လုပ်ကြံပြောဆိုကာအမြတ် ထုတ်ကြလိမ့်မည်။ ရှေးကာလကပင်လျှင်သူတို့ အားတရားစီရင်မည့်အရှင်သည်အသင့်ရှိနေ တော်မူလေပြီ။ သူတို့အားသုတ်သင်ဖျက်ဆီး တော်မူမည့်အရှင်သည်အိပ်ပျော်လျက်နေ တော်မမူ။
အဘယ်ကြောင့်ဆိုသော်သူ၏အပြစ်သည် မိုးကောင်းကင်တိုင်အောင်မြင့်မား၍ သူ၏ဆိုးယုတ်သောအပြုအမူများကို ဘုရားသခင်သတိရတော်မူလေပြီ ဖြစ်သောကြောင့်တည်း။