Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇာ​ခ​ရိ 5:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထိုအခါ ကောင်းကင်တမန်​က ငါ့​အား “​သင် မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​လျှင် ငါ​က “​အလျား​အတောင်​နှစ်ဆယ်​၊ အနံ​ဆယ်​တောင်​ရှိ​သော​စာလိပ်​တစ်လိပ် ပျံဝဲ​နေ​သည်​ကို မြင်​ရ​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ကောင်း​ကင်​တ​မန်​က``သင်​အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း'' ဟု​မေး​လျှင်​ငါ​သည်​လည်း``လေ ထဲ​တွင်​ပျံ​နေ​သော​စာ​လိပ်​တစ်​ခု​ကို​မြင် ပါ​၏။ ထို​စာ​လိပ်​သည်​အ​လျား​ပေ​သုံး​ဆယ် အ​နံ​တစ်​ဆယ့်​ငါး​ပေ​ရှိ​ပါ​သည်'' ဟု​ပြန် လည်​ဖြေ​ကြား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 စေ တ မန် တော် က၊ မည် သည့် အ ရာ ကို မြင် ရ သ နည်း ဟု မေး လျှင်၊ အ လျား အ တောင် နှစ် ဆယ်၊ အ နံ ဆယ် တောင် ကျယ် သော စာ လိပ် ပျံ ဝဲ သည် ကို၊ မြင် ပါ သည် ဟု ပြန် လျှောက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ကောင်း​ကင်​တ​မန်​က​လည်း၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​လျှင်၊ ပျံ​ဝဲ​လျက်​ရှိ​သော စာ​စောင်​ကို မြင်​ပါ၏။ အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​နံ အ​တောင်​တစ်​ဆယ်​ရှိ​ပါ​သည်​ဟု လျှောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 5:2
8 ပူးပေါင်းရင်းမြစ်များ  

“​သင်​သည် စာလိပ်​တစ်​လိပ်​ကို ယူ​ပြီးလျှင် ယောရှိ​မင်းကြီး​လက်ထက်​မှစ၍ ယနေ့​တိုင်အောင် အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​အပါအဝင်​လူမျိုး​အပေါင်း​တို့​နှင့်​ပတ်သက်၍ သင့်​အား ငါ​မိန့်မှာ​ခဲ့​သော​စကား​အလုံးစုံ​တို့​ကို ရေးမှတ်​လော့​။


ထာဝရဘုရား​က ငါ့​အား “အာမုတ်​၊ သင် မည်သည့်​အရာ​ကို မြင်​သနည်း”​ဟု မေး​တော်မူ​လျှင် ငါ​က “ချိန်ကြိုး​ကို မြင်​ပါ​သည်”​ဟု လျှောက်​၏​။ ထိုအခါ ဘုရားရှင်​က “ကြည့်ရှု​လော့​။ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​အလယ်​တွင် ချိန်ကြိုး​ကို ငါ​ချ​မည်​။ သူ​တို့​ကို နောက်တစ်ဖန် အလွတ်​ပေး​မည် မ​ဟုတ်​။


ထာဝရဘုရား​၏​နေ့ရက်​တော်​ကြီး ရောက်လုနီး​ပြီ​၊ ရောက်လုနီး​ပြီ​။ အလျင်အမြန်​ရောက်လာ​တော့​မည်​။ ထာဝရဘုရား​၏​နေ့ရက်​တော်​တွင် အော်ဟစ်သံ​သည် ခါးသီး​၏​။ စစ်သူရဲ​တို့​ပင် ကျယ်လောင်​စွာ​အော်ဟစ်​ကြ​လိမ့်မည်​။


ငါ့​အား “​သင်​မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​သော် ငါ​က​လည်း “ထိပ်​တွင် ဖလား​တစ်​ခု​ပါ​ပြီး ရွှေ​အတိ​ဖြစ်​သော​ဆီမီးခုံ​ကို မြင်​ရ​ပါ​၏​။ ထို​ဆီမီးခုံ​တွင် အလက်​ခုနစ်​ခု​ပါ​၏​။ ထို​အလက်​များ​ထိပ်​တွင် မီးခွက် ခုနစ်​ခု​ပါရှိ​၏​။


သူ​တို့​သည် လောဘ​စိတ်​ဖြင့် လုပ်ကြံ​ဖန်တီး​သော​စကား​များ​ကို​ပြောဆို​လျက် သင်​တို့​အပေါ် အမြတ်ထုတ်​ကြ​လိမ့်မည်။ သူ​တို့​ခံရ​မည့် ပြစ်ဒဏ်​စီရင်​ခြင်း​သည် ရှေးယခင်​က​ပင် ဖင့်နှေး​ခြင်း​မ​ရှိ။ သူ​တို့​၏​ပျက်စီး​ခြင်း​သည်​လည်း ငိုက်မျဉ်း​ခြင်း​မ​ရှိ။


အဘယ်ကြောင့်​ဆိုသော် သူ​၏​အပြစ်​တို့​သည် ကောင်းကင်​အထိ စုပုံ​လျက်​ရှိ​၍ သူ​၏​မတရားမှု​များ​ကို ဘုရားသခင်​မှတ်မိ​တော်မူ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ