သို့ဖြစ်၍ရှေရှဗာဇာသည်လာရောက်ပြီးနောက် ဗိမာန်တော်အုတ်မြစ်ကိုချပါ၏။ ထိုဗိမာန်တော်တည်ဆောက်မှုမှာ ယနေ့တိုင်ဆက်လက်လုပ်ကိုင်လာခဲ့သော်လည်းမပြီးပြတ်သေးပါ' ဟုပြန်လည်ပြောကြားကြပါသည်။
ဇာခရိ 4:9 - Common Language Bible ကိုယ်တော်က၊``ဇေရုဗဗေလသည်ဗိမာန် တော်အုတ်မြစ်ကိုချထားပြီးလေပြီ။ သူ သည်ထိုအဆောက်အဦးကိုလက်စသတ် ရပေလိမ့်မည်။ ယင်းသို့လက်စသတ်သော အခါ၌ငါ၏လူမျိုးတော်သည် မိမိတို့ ထံသို့သင့်ကိုစေလွှတ်ခဲ့သူမှာ အနန္တတန်ခိုး ရှင်ငါထာဝရဘုရားပင်ဖြစ်ကြောင်းသိရှိ ကြလိမ့်မည်။- Judson Bible ဇေရုဗဗေလသည် ဤအိမ်တော်အမြစ်ကို ချထားပြီ။ သူသည်လည်း လက်စသတ်ရလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း “ဇေရုဗဗေလကိုယ်တိုင် ဤအိမ်တော်ကို အုတ်မြစ်ချခဲ့ပြီ။ သူကိုယ်တိုင်ပင် အပြီးတိုင် ဆက်လက်တည်ဆောက်လိမ့်မည်။ သို့မှ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူကြောင်းကို သင်တို့ သိရကြလိမ့်မည်။ |
သို့ဖြစ်၍ရှေရှဗာဇာသည်လာရောက်ပြီးနောက် ဗိမာန်တော်အုတ်မြစ်ကိုချပါ၏။ ထိုဗိမာန်တော်တည်ဆောက်မှုမှာ ယနေ့တိုင်ဆက်လက်လုပ်ကိုင်လာခဲ့သော်လည်းမပြီးပြတ်သေးပါ' ဟုပြန်လည်ပြောကြားကြပါသည်။
``ယခုငါ၏အနီးသို့ချဉ်းကပ်၍ငါပြောဆို သည်ကို နားထောင်ကြလော့။ အစအဦးကပင်လျှင်ငါသည်သင်တို့အား ပွင့်လင်းစွာဖော်ပြခဲ့၏။ ထိုအဖြစ်အပျက်စ၍ဖြစ်စဉ်ကပင် ငါရှိခဲ့၏ ဟုမိန့်တော်မူ၏။ (ယခုထာဝရအရှင်ဘုရားသခင်သည်ငါ့ အားတန်ခိုးတော်ကိုပေး၍စေလွှတ်တော်မူ ပြီ။)
ယနေ့သည်ဗိမာန်တော်အုတ်မြစ်ချမှုပြီး ဆုံးသည့်နေ့၊ နဝမလ၊ နှစ်ဆယ့်လေးရက် နေ့ဖြစ်၏။ ထိုနေ့မှစ၍ရှေ့တွင်မည်သို့ဖြစ် လာလိမ့်မည်ကိုသင်တို့ရှုမှတ်ကြလော့။ သေချာရှုမှတ်လော့။-
ယေရုရှလင်မြို့ကိုကရုဏာပြရန်ပြန် လာခဲ့ပေသည်။ ငါ၏ဗိမာန်တော်ကိုပြန် လည်ထူထောင်ကာယေရုရှလင်မြို့တော် ကိုလည်းပြန်လည်တည်ဆောက်ရကြလိမ့် မည်'' ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုအခါလူမျိုးပေါင်းမြောက်မြားစွာတို့ သည်ထာဝရဘုရားထံတော်သို့ချဉ်းကပ် ကြလျက် ကိုယ်တော်၏လူမျိုးတော်ဖြစ်လာ ကြလိမ့်မည်။ ကိုယ်တော်သည်သင်တို့အလယ် တွင်ကျိန်းဝပ်တော်မူလိမ့်မည်။ ငါ့အားကိုယ် တော်စေလွှတ်တော်မူလိုက်ကြောင်းကိုလည်း သင်တို့သိကြလိမ့်မည်။-
လူအပေါင်းတို့ထာဝရဘုရားသည်မိမိ ကျိန်းဝပ်တော်မူရာသန့်ရှင်းမြင့်မြတ်သည့် ဌာနတော်မှကြွလာတော်မူမည်ဖြစ်၍ ကိုယ်တော်၏ရှေ့တော်၌ဆိတ်ငြိမ်စွာနေ ကြလော့။
ထာဝရဘုရားထံတော်မှအခြားနှုတ် ကပတ်တော်တစ်ပါးသည် ငါ၏ထံတော် သို့ရောက်ရှိလာပြန်၏။-
ရပ်ဝေးဒေသတွင်နေထိုင်ကြကုန်သော လူတို့သည်လာ၍ ထာဝရဘုရား၏ဗိမာန် ကိုပြန်လည်တည်ဆောက်ရာတွင်ကူညီဆောင် ရွက်ကြလိမ့်မည်။ ထိုဗိမာန်တော်ကိုပြန်လည် တည်ဆောက်၍ပြီးသောအခါ သင်တို့သည် မိမိတို့ထံသို့ငါ့အားအနန္တတန်ခိုးရှင် ထာဝရဘုရားစေလွှတ်တော်မူခဲ့ကြောင်း သိရှိကြလိမ့်မည်။ အကယ်၍သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်တို့ကိုတိကျစွာလိုက်နာကြ ပါမူဤအမှုအရာများဖြစ်ပျက်လာ လိမ့်မည်။
ထို့ကြောင့်သင်၏နာမည်သည်ကျောက်ဟုအနက် ရှိသောပေတရုဖြစ်၍ထိုကျောက်တည်းဟူသော အုတ်မြစ်ပေါ်မှာငါ၏အသင်းတော်ကိုတည်ဆောက် မည်။ သေခြင်းတရားပင်လျှင်ထိုအသင်းတော်ကို မနိုင်ရ။-
ထိုသူအပေါင်းတို့သည်တစ်လုံးတစ်ဝတည်း ဖြစ်ကြစေရန်ဆုတောင်းပါ၏။ အို အဖ၊ ကိုယ်တော် သည်အကျွန်ုပ်၌တည်ရှိတော်မူ၍အကျွန်ုပ်သည် လည်းကိုယ်တော်၌တည်ရှိသကဲ့သို့ ထိုသူတို့သည် အကျွန်ုပ်တို့၌တည်ရှိစေတော်မူပါ။ အကျွန်ုပ် ကိုကိုယ်တော်စေလွှတ်တော်မူကြောင်းကိုလောက သားတို့ယုံကြည်ကြစေရန် ထိုသူတို့ကိုတစ် လုံးတစ်ဝတည်းဖြစ်စေတော်မူပါ။-
သားတော်ကိုလောကသို့စေလွှတ်တော်မူသည် မှာ လောကသားတို့အားအပြစ်စီရင်ရန် မဟုတ်။ လောကသားတို့ကိုကယ်တင်ရန် ဖြစ်၏။
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။