နယ်နိမိတ်သတ်မှတ်သည့်မျဉ်းသည်ထိုအရပ်မှ အစပြု၍ အနောက်ဘက်ဂါရက်တောင်ကုန်းသို့ တိုင်အောင်ရောက်ရှိလျက်ဂေါသတောင်ကိုဝိုင်း မိလိမ့်မည်။-
ဇာခရိ 2:2 - Common Language Bible သူ့အား``သင်သည်အဘယ်အရပ်သို့သွားမည် နည်း'' ဟုမေးသောအခါ၊ ထိုသူက``ယေရုရှလင်မြို့သို့သွားပါမည်။ ထို မြို့သည်အလျားအနံမည်မျှရှိသည်ကိုတိုင်း ထွား၍ကြည့်ရန်ဖြစ်ပါ၏'' ဟု ပြန်ပြောလေသည်။ Garrad Bible အ ဘယ် သို့ သွား မည် နည်း ဟု မေး လျှင်၊ ယေ ရု ရှ လင် မြို့ ရာ အ နံ အ လျား ကို၊ တိုင်း တာ သိ မှတ် ရန် သွား မည် ဟု ပြန် ဆို သည့် ကာ လ၊ Judson Bible အဘယ်အရပ်သို့ သွားမည်နည်းဟု ထိုသူအားမေးသော်၊ ယေရုရှလင်မြို့ အလျားအနံကိုသိလို၍ မြို့ကို တိုင်းခြင်းငှာသွားသည်ဟု ပြန်ပြော၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ငါက “အဘယ်အရပ်သို့ သွားမည်နည်း”ဟု မေးလျှင် သူက “ဂျေရုဆလင်မြို့၏အလျားအနံမည်မျှရှိသည်ကို သိနိုင်ရန် သွား၍တိုင်းမည်”ဟု ငါ့အား ဖြေ၏။ |
နယ်နိမိတ်သတ်မှတ်သည့်မျဉ်းသည်ထိုအရပ်မှ အစပြု၍ အနောက်ဘက်ဂါရက်တောင်ကုန်းသို့ တိုင်အောင်ရောက်ရှိလျက်ဂေါသတောင်ကိုဝိုင်း မိလိမ့်မည်။-
ကိုယ်တော်သည်ငါ့အားထိုမြို့အနီးသို့ခေါ်ဆောင်သွားတော်မူသောအခါ ငါသည်ကြေးဝါကဲ့သို့တောက်ပြောင်လျက်နေသောလူတစ်ယောက်ကိုမြင်ရ၏။ သူသည်ပေကြိုးနှင့်တိုင်းတာရန် ကူလုံးတို့ကိုကိုင်ကာမြို့တံခါးဝတွင်ရပ်လျက်နေ၏။
မြို့တစ်မြို့တည်ရန်အတွက်အလျားရှစ်မိုင်၊ အနံရှစ်မိုင်ရှိသောမြေယာကိုလည်းဖယ် ထားရမည်။ ထိုမြေယာသည်သန့်ရှင်းမြင့် မြတ်သည့်နယ်မြေနှင့်ကပ်လျက်နေပြီးလျှင် ဣသရေလအမျိုးသားတို့နေထိုင်ရန် အတွက်ဖြစ်ရမည်။
ယေရုရှလင်မြို့ကိုကရုဏာပြရန်ပြန် လာခဲ့ပေသည်။ ငါ၏ဗိမာန်တော်ကိုပြန် လည်ထူထောင်ကာယေရုရှလင်မြို့တော် ကိုလည်းပြန်လည်တည်ဆောက်ရကြလိမ့် မည်'' ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါသည်ကောင်းကင်တမန်အား``ထိုသူတို့ သည်ခြင်းတောင်းကိုအဘယ်အရပ်သို့ ယူဆောင်သွားကြပါသနည်း'' ဟုမေး လျှင်၊
ယခုမှာမူငါ့ကိုစေလွှတ်တော်မူသောအရှင် ထံသို့ငါသွားတော့မည်။ သို့ရာတွင်ငါအဘယ် အရပ်သို့သွားမည်ကိုသင်တို့မည်သူမျှ မမေးကြ။-
ထိုနောက်ကောင်းကင်တမန်သည်ငါ့အား တိုင်းတာရန် ကူရိုးတစ်ချောင်းကိုပေးပြီး လျှင်``ထ၍ဘုရားသခင်၏ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကိုတိုင်းလော့။ ထိုအရပ်တွင်ဝတ် ပြုကိုးကွယ်နေသူတို့ကိုလည်းရေတွက် လော့။-