ဗျာဒိတ် 11:1 - Common Language Bible1 ထိုနောက်ကောင်းကင်တမန်သည်ငါ့အား တိုင်းတာရန် ကူရိုးတစ်ချောင်းကိုပေးပြီး လျှင်``ထ၍ဘုရားသခင်၏ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကိုတိုင်းလော့။ ထိုအရပ်တွင်ဝတ် ပြုကိုးကွယ်နေသူတို့ကိုလည်းရေတွက် လော့။- အခန်းကိုကြည့်ပါ။Garrad Bible1 တောင် ဝှေး နှင့် တူ သော တာ ဝါး တစ် လုံး ကို ငါ ခံ ယူ ပြီး လျှင်၊ ကြား နာ ရ သည် မှာ ထ၍ ဘု ရား သ ခင့် ဗိ မာန် တော် မှ စ သော ပူ ဇော် ရာ ပ လ္လင် တော် နှင့် အ တွင်း ဝတ် ပြု သူ လူ ပ ရိတ် သတ် ကို တိုင်း လော့။ အခန်းကိုကြည့်ပါ။Judson Bible1 တစ်ဖန် လှံတံနှင့်တူသော ကျူပင်တစ်လုံးကို ငါ့အားပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော်၌ ကိုးကွယ်သော သူတို့ကိုလည်း ရေတွက်လော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ထို့နောက် တောင်ဝှေးနှင့်တူသော တိုင်းတာစရာကျူရိုးတစ်ချောင်းကို ငါ့အားပေးပြီးလျှင် “ထ၍ ဘုရားသခင်၏ဗိမာန်တော်နှင့် ယဇ်ပလ္လင်တို့ကိုတိုင်းတာပြီး ထိုနေရာ၌ ဝတ်ပြုကိုးကွယ်နေသောသူတို့ကို ရေတွက်လော့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ထို့နောက် တောင်ဝှေးနှင့်တူသော တိုင်းတာစရာကျူရိုးတစ်ချောင်းကို ကျွန်ုပ်အား ပေး၍ “ထလော့။ ဘုရားသခင်၏ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းထွာ၍ ထိုနေရာ၌ ဝတ်ပြုနေသောသူတို့ကို ရေတွက်လော့။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
ထိုအုတ်မြစ်အတွက်တရားမျှတမှုကို တံမျဉ်းကြိုး၊ ရိုးသားဖြောင့်မှန်မှုကိုချိန် သီးကြိုးအဖြစ်အသုံးပြုမည်။ ထိုကြောင့်ငါသည်မိုးသီးမုန်တိုင်းသဖွယ် သင်တို့၏အမှီသဟဲဖြစ်သည့်လိမ်လည် မှုများကို သိမ်းကျုံးဖယ်ရှားကာမြစ်လျှံ ရေကဲ့သို့ သင်တို့၏လုံခြုံမှုကိုလည်းလွှမ်း မိုးပျက်ပြားစေတော်မူမည်။
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-
ဘုရားသခင်၏ဗိမာန်တော်သည်ရုပ်တုများ နှင့်မည်သို့သဘောတူညီချက်ရှိနိုင်ပါအံ့ နည်း။ ငါတို့သည်အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ ``ငါသည်ငါ၏လူစုတော်တွင်ကျိန်းဝပ်မည်။ သူတို့ထံတွင်စံတော်မူမည်။ ငါသည်သူတို့၏ဘုရားဖြစ်၍သူတို့သည် လည်း ငါ၏လူစုတော်ဖြစ်လိမ့်မည်''
အမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်တို့သည် ကမ္ဘာမြေပေါ်ရှိနိုင်ငံအပေါင်းတို့၏တန်ခိုးအာဏာနှင့်ဘုန်းအသရေကိုခံယူရရှိကြလိမ့်မည်။ သူတို့၏အာဏာစက်သည်အဘယ်အခါ၌မျှပပျောက်ရလိမ့်မည်မဟုတ်။ ကမ္ဘာပေါ်ရှိဘုရင်အပေါင်းတို့သည်လည်းသူတို့၏အစေကိုခံ၍သူတို့၏အမိန့်ကိုနာခံရကြလိမ့်မည်'' ဟုရှင်းပြ၏။