နားညောင်းတော်မူပါ၊ ကောင်းကင်ဘုံကနေ၍ နားထောင်တော်မူလျက် သူတို့အားအောင်ပွဲကို ပေးတော်မူပါ။''
ဆာလံ 9:4 - Common Language Bible ကိုယ်တော်ရှင်သည်ပလ္လင်တော်ပေါ်တွင်စံတော်မူ၍ ဖြောင့်မှန်စွာတရားစီရင်တော်မူ၏။ ကျွန်တော်မျိုး၏အကျိုးကိုထောက်လျက် တရားစီရင်တော်မူပါပြီ။ Garrad Bible တ ရား ပလ္လင် သို့ တက် လျက်၊ ဖြောင့် မှန် စွာ ဆုံး ဖြတ် တော် မူ သော ကိုယ် တော် သည်၊ အ ကျွန်ုပ် အ မှု ကို စီ ရင် ဆုံး ဖြတ် တော် မူ ပါ၏။ Judson Bible ကိုယ်တော်သည် အကျွန်ုပ်ဘက်မှာ တရားဆုံးဖြတ်တော်မူပြီ။ ပလ္လင်တော်ပေါ်မှာထိုင်၍ ဖြောင့်မတ်စွာ စီရင်တော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေး၍ အကျွန်ုပ်၏အမှုကိစ္စကို ဆောင်ရွက်ပေးတော်မူပြီ။ ပလ္လင်တော်ပေါ်တွင်ထိုင်လျက် ဖြောင့်မတ်စွာတရားစီရင်တော်မူပြီ။ |
နားညောင်းတော်မူပါ၊ ကောင်းကင်ဘုံကနေ၍ နားထောင်တော်မူလျက် သူတို့အားအောင်ပွဲကို ပေးတော်မူပါ။''
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဆင်းရဲသူတို့၏အကျိုးနှင့် ချို့တဲ့နွမ်းပါးသူတို့၏အခွင့်အရေးများကို ကွယ်ကာတော်မူကြောင်းကျွန်တော်မျိုးသိပါ၏။
အို ထာဝဘုရား၊ ကျွန်တော်မျိုးမှီခိုရာကိုယ်တော်ရှင်တစ်ပါး သာလျှင် ရှိပါ၏။ ကျွန်တော်မျိုးလိုသောအရာရှိသမျှတို့ကိုလည်း ကိုယ်တော်ရှင်ပေးတော်မူပါ၏။ ကျွန်တော်မျိုး၏အနာဂတ်သည်ကိုယ်တော်၏ လက်ဝယ်ရှိပါ၏။
ဘုရားသခင်သည်သန့်ရှင်းမြင့်မြတ်သော ရာဇပလ္လင်တော်ပေါ်တွင်ထိုင်တော်မူ၏။ တိုင်းနိုင်ငံအပေါင်းကိုအုပ်စိုးတော်မူ၏။
ကိုယ်တော်ရှင်၏နိုင်ငံတော်သည်အမှန်တရားနှင့် တရားမျှတမှုအပေါ်တွင်အခြေခံပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသမျှသော အမှုအရာတို့တွင်မေတ္တာတော်နှင့်သစ္စာတော် ပေါ်လွင်ထင်ရှားပါ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုအုပ်စိုးရန် ကြွလာတော်မူပြီဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည်ကမ္ဘာသူကမ္ဘာသားတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။
ဆင်းရဲသားတို့အားဖြောင့်မှန်စွာတရားစီရင်၍ နိမ့်ကျသူတို့၏ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်လိမ့်မည်။ သူပေးသည့်ရာဇသံဖြင့်ပြည်သူတို့သည် ဒဏ်သင့်ကြလိမ့်မည်။ ဆိုးညစ်သူတို့သည်လည်း သေရကြလိမ့်မည်။
မိမိအားပုတ်ခတ်ပြောဆိုသောအခါတုံ့ပြန် ပုတ်ခတ်ပြောဆိုမှုပြုတော်မမူ။ ဝေဒနာခံ တော်မူရသောအခါခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မှန်စွာတရားစီရင်တော်မူသောဘုရား သခင်၏လက်တော်သို့မိမိ၏အမှုကိုအပ် တော်မူ၏။-