အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ ဆုတောင်းပတ္ထနာပြုပါ၏။ ကျွန်တော်မျိုးအားအရှက်ကွဲစေတော်မမူ ပါနှင့်။ သူယုတ်မာတို့သည်အရှက်ကွဲရကြပါစေသော။ သူတို့သည်မရဏာနိုင်ငံတွင်ဆိတ်ဆိတ် နေရကြပါစေသော။
ဆာလံ 80:4 - Common Language Bible အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်မျှကာလပတ်လုံး မိမိ၏လူစုတော်ပြုသည့်ဆုတောင်းပတ္ထနာ များကို အမျက်ထွက်၍နေတော်မူပါမည်နည်း။ Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ လူ မျိုး တော် ပ ဌ နာ ပြု ရာ တွင်၊ မည် မျှ ကြာ အ မျက် ထွက် တော် မူ ပါ မည် နည်း။ Judson Bible ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ပြုသော ပတ္ထနာစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း။ မြန်မာ့စံမီသမ္မာကျမ်း အို ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော့်လူမျိုးတော်၏ဆုတောင်းခြင်းအပေါ် မည်မျှကြာအောင် တငွေ့ငွေ့လောင်တော်မူမည်နည်း။ |
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ ဆုတောင်းပတ္ထနာပြုပါ၏။ ကျွန်တော်မျိုးအားအရှက်ကွဲစေတော်မမူ ပါနှင့်။ သူယုတ်မာတို့သည်အရှက်ကွဲရကြပါစေသော။ သူတို့သည်မရဏာနိုင်ငံတွင်ဆိတ်ဆိတ် နေရကြပါစေသော။
သို့ရာတွင်ကျွန်တော်မျိုးအားကိုယ်တော် ပေးတော်မူသောဝမ်းမြောက်ခြင်းသည် ဂျုံစပါးနှင့်စပျစ်ရည်ပေါများသူတို့ရရှိသည့် ဝမ်းမြောက်ခြင်းထက်သာလွန်ပါ၏။
အို အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ နိုးထတော်မူ၍ကျွန်တော်မျိုးအားကူမရန် ကြွတော်မူပါ။ ဣသရေလအမျိုးသားတို့၏ဘုရား၊ ကိုယ်တော်တိုင် ရှုကြည့်တော်မူပါ။ နိုးထတော်မူ၍ဘုရားမဲ့သူတို့ကို အပြစ်ဒဏ်ခတ်တော်မူပါ။ ဆိုးယုတ်၍သစ္စာဖောက်သူတို့အား သနားတော်မမူပါနှင့်။
ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အတိဒုက္ခရောက်စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့အားသေသောက်ကူး သူများသဖွယ်ယိမ်းယိုင်စေတော်မူပါပြီ။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားဤသို့စွန့်ပစ်၍ ထားတော်မူပါသနည်း။ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အစဉ်အမြဲ အမျက်ထွက်၍နေတော်မူပါမည်လော။
အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးတို့အားထာဝစဉ် အမျက်ထွက်လျက်နေတော်မူပါမည်လော။ အမျက်တော်သည်မပြေဘဲမီးကဲ့သို့တောက်လောင် နေပါမည်လော။
ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက်ထွက်၍ နေတော်မူပါမည်လော။ အမျက်တော်သည်အဘယ်အခါ၌မျှ ပြေတော်မမူတော့ပြီလော။
အို ကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်၏ ကျွန်တို့၏ဆုတောင်းပတ္ထနာနှင့်အသနား ခံချက်ကိုနားထောင်တော်မူပါ။ ကိုယ်တော် သည်ဘုရားသခင်ဖြစ်တော်မူကြောင်း လူ တိုင်းသိကြစေရန် ဖြိုဖျက်ခြင်းခံရသည့် ကိုယ်တော်၏ဗိမာန်တော်ကိုပြန်လည်တည် ဆောက်တော်မူပါ။-
ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။-