ဆာလံ 78:3 - Common Language Bible အတိတ်ကာလမှလျှို့ဝှက် နက်နဲသောအရာများအကြောင်းကို သင်တို့အားငါစကားပုံများဖြင့်ရှင်း ပြမည်။ Garrad Bible ဘိုး ဘေး တို့ ကြား ပြော၍၊ ငါ တို့ ကြား သိ သော အ ရာ များ ကို၊ Judson Bible ဘိုးဘေးတို့သည်ပြော၍ ငါတို့သည် ကြားသိရသော ထိုအရာများကို၊ မြန်မာ့စံမီသမ္မာကျမ်း ထိုအရာတို့သည် ငါတို့ကြား၍ သိထားသောအရာများ၊ ငါတို့၏ဘိုးဘေးများက ငါတို့ကိုပြောပြသောအရာများဖြစ်ကြ၏။ |
ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်ကို လူတို့သည်သားစဉ်မြေးဆက်ထောမနာပြု ပါလိမ့်မည်။ သူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုထုတ်ဖော်ကြေညာ ကြပါလိမ့်မည်။
အို ဘုရားသခင်၊ ရှေးကာလကဘိုးဘေးတို့လက်ထက်၌ ကိုယ်တော်ပြုတော်မူခဲ့သောအမှုအရာများ အကြောင်းကိုသူတို့ပြောပြသဖြင့် ကျွန်တော်မျိုးတို့ကိုယ်တိုင်ကြားကြရပါပြီ။
ကိုယ်တော်ပြုတော်မူသောအမှုအရာများကို ငါတို့ကြားဖူးကြ၏။ ယင်းသို့ကြားဖူးကြသည့်အတိုင်းအနန္တတန်ခိုးရှင် ထာဝရဘုရားတည်းဟူသောငါတို့ဘုရား၏ မြို့တော်တွင်ယခုငါတို့တွေ့မြင်ကြရလေပြီ။ ကိုယ်တော်သည်ထိုမြို့တော်ကိုကာလအစဉ်အဆက် ဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။
ထိုပွဲတော်စတင်ကျင်းပသောနေ့တွင်သင် ၏သားတို့အား`အီဂျစ်ပြည်မှငါတို့ထွက် ခွာလာစဉ်က ထာဝရဘုရားပြုတော်မူ သောကျေးဇူးတော်ကိုအောက်မေ့သည့်အထိမ်း အမှတ်ပွဲတော်ဖြစ်သည်' ဟုရှင်းပြရမည်။-
ယခုကိုယ်တော်ရှင်အားကျွန်တော်မျိုး ထောမနာပြုသကဲ့သို့၊ အသက်ရှင်သူများသာလျှင်ကိုယ်တော်ရှင်အား ထောမနာပြုကြပါ၏။ ဖခင်တို့သည်သားသမီးများအားကိုယ်တော် ရှင်၏ သစ္စာတော်အကြောင်းကိုပြောကြားကြပါ၏။