ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ငါတို့သည်ကိုယ်တော်ကိုထောမနာပြုရကြ ပေမည်။ ငါတို့သည်ကိုယ်တော်အားအခြားဘုရားများ ထက် ပို၍ကြောက်ရွံ့ရိုသေရကြပေမည်။
ဆာလံ 76:7 - Common Language Bible သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်အားလူအပေါင်းတို့သည် ကြောက်လန့်ကြပါ၏။ ကိုယ်တော်ရှင်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ရှေ့တော်တွင် ရပ်တည်နိုင်ပါမည်နည်း။ Garrad Bible ကိုယ် တော် တစ် ပါး တည်း သာ လျှင်၊ ကြောက် ရွံ့ ဖွယ် ဖြစ် တော် မူ ၏။ အ မျက် တော် ထွက် သော အ ခါ၊ ရှေ့ တော်၌ မည် သူ ခံ ရပ် နိုင် ပါ မည် နည်း။ Judson Bible ကိုယ်တော်တစ်ပါးတည်းသာလျှင် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ အမျက်ထွက်တော်မူသောအခါ၊ ရှေ့တော်၌ အဘယ်သူရပ်နေနိုင်ပါမည်နည်း။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်တစ်ပါးတည်းသာလျှင် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူသောအခါ မည်သူသည် ကိုယ်တော်၏ရှေ့တွင် ရပ်နေနိုင်ပါမည်နည်း။ |
ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ငါတို့သည်ကိုယ်တော်ကိုထောမနာပြုရကြ ပေမည်။ ငါတို့သည်ကိုယ်တော်အားအခြားဘုရားများ ထက် ပို၍ကြောက်ရွံ့ရိုသေရကြပေမည်။
အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်ဖြောင့်မတ်တော် မူသောအရှင်ဖြစ်တော်မူပါ၏။ သို့ရာတွင် ကိုယ်တော်သည် အကျွန်ုပ်တို့အားအသက်ကို ချမ်းသာပေးတော်မူပါပြီ။ အကျွန်ုပ်တို့သည် မိမိတို့၏အပြစ်ကိုဖော်ပြဝန်ခံကြပါ၏။ ဤအပြစ်ကြောင့်ရှေ့တော်မှောက်သို့ ဝင်ရောက် နိုင်သူတစ်ယောက်မျှမရှိပါ'' ဟုတောင်း လျှောက်လေ၏။
အကယ်၍ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုရေးမှတ်ထားမည်ဆိုပါက အဘယ်သူသည်အပြစ်ဒဏ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်ပါမည်နည်း။
တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။ ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့် သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။ ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။
ကိုယ်တော်ရှင်သည်သန့်ရှင်းသူတို့၏ကောင်စီတွင် ရိုသေလေးမြတ်ခြင်းကိုခံရပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားလွန်စွာ ကြောက်ရွံ့ရိုသေကြပါ၏။
အဘယ်သူသည်ကိုယ်တော်ရှင်၏အမျက်တော် အရှိန် အပြည့်အဝကိုခံဖူးပါသနည်း။ ကိုယ်တော်ရှင်၏အမျက်တော်သည်မည်မျှ ကြောက်လန့်ဖွယ်ကောင်းကြောင်းကို အဘယ်သူသည်သိရှိပါသနည်း။
ထိုနောက်မောရှေနှင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားအောက်ပါ ထောမနာပြုသီချင်းကိုဆိုကြသည်။ ``ထာဝရဘုရားသည်အောင်ပွဲကြီးခံရ ပြီဖြစ်၍ ကိုယ်တော်၏ဂုဏ်တော်ကိုထောမနာပြု ပါမည်။ ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲတို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ။
``ကိုယ်တော်သည်အီဂျစ်ဘုရင်၏ရထား တပ်နှင့် စစ်တပ်ကိုပင်လယ်ထဲသို့ပစ်ချတော်မူ၏။ သူ၏လက်ရွေးစင်စစ်ဗိုလ်တို့သည်ပင်လယ် နီထဲ၌ ရေနစ်သေဆုံးကုန်၏။
ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။
ကိုယ်ခန္ဓာကိုဖျက်ဆီးနိုင်သော်လည်းဝိညာဉ်ကို မဖျက်ဆီးနိုင်သောသူများအားမကြောက်ကြ နှင့်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုငရဲတွင်ဖျက်ဆီး နိုင်သောဘုရားသခင်ကိုသာလျှင်ကြောက်ကြ လော့။-
ငါတို့သည်သခင်ဘုရားအားဆန့်ကျင်ဖက် ပြုလိုကြသလော။ ငါတို့သည်သခင်ဘုရား ထက်ပို၍တန်ခိုးကြီးကြသလော။
ထိုကောင်းကင်တမန်က``ဘုရားသခင်တရား စီရင်တော်မူရာနေ့ရက်သည်ကျရောက်၍လာ လေပြီ။ ထိုကြောင့်ကိုယ်တော်ကိုကြောက်ရွံ့ရိုသေ ကြလော့။ ဂုဏ်တော်ကိုချီးကူးကြလော့။ ကောင်း ကင်နှင့်ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ပင်လယ် နှင့်စမ်းပေါက်များကိုလည်းကောင်းဖန်ဆင်း တော်မူသောအရှင်ကိုရှိခိုးကြလော့'' ဟု အသံကျယ်စွာကြွေးကြော်လေ၏။
အို ဘုရားသခင်၊ကိုယ်တော်ရှင်အားမကြောက်ရွံ့ မရိုသေဘဲအဘယ်သူနေနိုင်ပါမည်နည်း။ ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် သန့်ရှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် တရားမျှတကြောင်းပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာတို့သည်ရှေ့တော်သို့လာ၍ ပျပ်ဝပ်ရှိခိုးကြပါလိမ့်မည်'' ဟူ၍ဘုရားသခင်၏အစေခံမောရှေ၏ သီချင်းနှင့် သိုးသူငယ်တော်၏သီချင်းကို သီဆိုလျက်နေကြ၏။