ကိုယ်တော်ရှင်သည်အချိန်ကာလကို သတ်မှတ်ရန်အတွက်လကိုဖန်ဆင်းတော်မူပါ၏။ နေသည်မိမိဝင်ရမည့်အချိန်ကိုသိပါ၏။
ဆာလံ 74:16 - Common Language Bible နေ့နှင့်ညကိုဖန်ဆင်းတော်မူ၍နေနှင့်လကို နေရာချတော်မူပါ၏။ Garrad Bible နေ့ နှင့် ညဉ့် သည် ပိုင် ရာ တော် ဖြစ် သည့် အ လျောက်၊ လ မင်း နှင့် နေ မင်း ကို တည် ၍၊ Judson Bible နေ့နှင့် ညကို ပိုင်တော်မူ၏။ နေမှစ၍ အလင်းအိမ်တို့ကို ဖန်ဆင်းတော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း နေ့ကို ကိုယ်တော်ပိုင်တော်မူသကဲ့သို့ ညကိုလည်း ကိုယ်တော်ပိုင်တော်မူ၏။ ကိုယ်တော်သည် အလင်းအိမ်နှင့်တကွ နေကိုတည်စေတော်မူ၏။ |
ကိုယ်တော်ရှင်သည်အချိန်ကာလကို သတ်မှတ်ရန်အတွက်လကိုဖန်ဆင်းတော်မူပါ၏။ နေသည်မိမိဝင်ရမည့်အချိန်ကိုသိပါ၏။
ကိုယ်တော်ရှင်သည်ညဥ့်ကိုဖန်ဆင်းတော်မူသဖြင့် မှောက်မိုက်ချိန်တွင်တောတိရစ္ဆာန်အပေါင်းတို့ ထွက်လာကြပါ၏။
ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော မိုးကောင်းကင်ကိုလည်းကောင်း၊ စီမံထားရှိတော်မူသော လနှင့်ကြယ်တာရာများကိုလည်းကောင်း ကျွန်တော်မျိုးတွေ့မြင်ရပါ၏။
ငါသည်အလင်းနှင့်အမှောင်ကိုဖန်ဆင်း၏။ ကောင်းကြီးမင်္ဂလာနှင့်ဘေးအန္တရာယ်ကိုပါ ဆောင်ယူပေး၏။ ဤအမှုအရာအပေါင်းကိုငါထာဝရဘုရား ပြုတော်မူပေသည်။
သို့ရာတွင်ငါထာဝရဘုရားသည်နေ့နှင့် ညဥ့်တို့နှင့်ပဋိညာဉ်ပြုကာ ကမ္ဘာမိုးမြေကို ထိန်းချုပ်ရန်အတွက်ဋ္ဌမ္မတာတရားကို ဖန်တီး၍ထား၏။-
သို့မှသာသင်တို့သည်ကောင်းကင်ဘုံရှင်သင်တို့ အဖ၏သားများဖြစ်ကြလိမ့်မည်။ ကိုယ်တော်သည် လူဆိုးလူကောင်းများအပေါ်၌နေရောင်ခြည် ကိုသက်ရောက်စေတော်မူ၏။ သူတော်ကောင်း၊ သူ ယုတ်မာများအပေါ်၌မိုးကိုရွာစေတော်မူ၏။-