နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲပါစေ။
ဆာလံ 74:14 - Common Language Bible ကိုယ်တော်ရှင်သည်ရေနဂါးကြီးလေဝိသန် ၏ ဦးခေါင်းများကိုချေမှုန်းတော်မူ၍ အသေကောင်ကိုတောကန္တာရရှိသားရဲ တိရစ္ဆာန်တို့အားစားရန်ပေးအပ်တော်မူ ပါ၏။ Garrad Bible တော တိ ရ စ္ဆာန် တို့ စား ရန် အပ် ပေး ခြင်း၊ Judson Bible လဝိသန်၏ဦးခေါင်းတို့ကို နှိပ်စက်၍ တောတွင်းသားတို့ စားစရာဖို့ အပ်ပေးတော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လဝိသန်၏ဦးခေါင်းတို့ကို ကြေမွစေ၍ ကန္တာရသတ္တဝါတို့အား စားစရာအဖြစ်ပေးတော်မူ၏။ |
နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲပါစေ။
သဲကန္တာရရှိလူမျိုးအပေါင်းတို့သည် မင်းကြီး၏ ရှေ့တော်၌ဦးညွှတ်ကြပါလိမ့်မည်။ မင်းကြီး၏ရန်သူများသည်ခြေတော်ရင်းတွင် ပျပ်ဝပ်ကြပါလိမ့်မည်။
ထိုနေ့တွင်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကိုအီဂျစ်အမျိုးသားတို့ ၏လက်မှကယ်တင်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် အီဂျစ်အမျိုးသားတို့ ၏အလောင်းများကိုပင်လယ်ကမ်းပေါ်၌ အတုံးအရုံးရှိသည်ကိုတွေ့မြင်ကြ လေ၏။-
ထိုကာလ၌ထာဝရဘုရားသည်ကြီးမား ထက်မြက်သောဋ္ဌားတော်ဖြင့် တွန့်လိမ်လျက်နေ သည့်မြွေကြီးလဝိသန်ကိုအပြစ်ဒဏ်ခတ် တော်မူ၍၊ ပင်လယ်နဂါးကြီးကိုလည်းသတ် တော်မူလိမ့်မည်။
ထာဝရဘုရားကိုမပုန်ကန်ကြပါနှင့်။ ခါနာန်ပြည်သားတို့ကိုလည်းမကြောက်ရွံ့ ကြပါနှင့်။ ငါတို့သည်သူတို့ကိုလွယ်ကူ စွာတိုက်ခိုက်အောင်မြင်နိုင်ပါမည်။ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၍ သူတို့ကိုကွယ်ကာစောင့်ရှောက်သောဘုရား များကိုလည်း နှိမ်နင်းအောင်မြင်တော်မူပြီး ဖြစ်၍မကြောက်ရွံ့ကြပါနှင့်'' ဟုလူတို့ အားပြောကြ၏။-
သူသည်ရှေးမြွေနဂါးကြီးကိုဖမ်းဆီးပြီးလျှင် သံကြိုးဖြင့်အနှစ်တစ်ထောင်ချည်နှောင်၍ထား ၏။ ထိုနဂါးကားနတ်မိစ္ဆာဘုရင်သို့မဟုတ် စာတန်ပင်ဖြစ်၏။-