တစ်ဖန်ဘုရားသခင်က``ရေထဲ၌သက်ရှိသတ္တ ဝါအမျိုးမျိုးဖြစ်ပွားစေ၊ လေထဲ၌လည်းငှက် များပျံဝဲစေ'' ဟုအမိန့်ပေးသည့်အတိုင်းရေ သတ္တဝါနှင့်ငှက်သတ္တဝါများဖြစ်ပွားလာ ကြ၏။-
ဆာလံ 69:34 - Common Language Bible ကောင်းကင်နှင့်မြေကြီး၊ပင်လယ်နှင့်ပင်လယ်ရှိ သတ္တဝါအပေါင်းတို့၊ ဘုရားသခင်အားထောမနာပြုကြလော့။ Garrad Bible မိုး၊ မြေ၊ သ မု ဒ္ဒ ရာ နှင့် တ ကွ၊ အ ရပ် ရပ်၌ ကျင် လည် သော သ တ္တ ဝါ အ ပေါင်း တို့ သည်၊ ကိုယ် တော် ကို ချီး မွမ်း ကြ ပါ စေ။ Judson Bible ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ်၌ ကျင်လည်သောသတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်နှင့်မြေကြီး၊ သမုဒ္ဒရာနှင့် သမုဒ္ဒရာ၌လှုပ်ရှားသွားလာတတ်သောသတ္တဝါအပေါင်းတို့သည် ကိုယ်တော်ကိုချီးမွမ်းကြပါစေသော။ |
တစ်ဖန်ဘုရားသခင်က``ရေထဲ၌သက်ရှိသတ္တ ဝါအမျိုးမျိုးဖြစ်ပွားစေ၊ လေထဲ၌လည်းငှက် များပျံဝဲစေ'' ဟုအမိန့်ပေးသည့်အတိုင်းရေ သတ္တဝါနှင့်ငှက်သတ္တဝါများဖြစ်ပွားလာ ကြ၏။-
ထာဝရဘုရားပြုတော်မူသောအမှုအရာ တို့ကို နောင်လာနောက်သားတို့အတွက် ရေးမှတ်ထားကြလော့။ သို့မှသာလျှင်သူတို့သည်ကိုယ်တော်အား ထောမနာပြုကြလိမ့်မည်။
သက်ရှိသတ္တဝါအပေါင်းတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။ ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့ရေးထားသောဆာလံကျမ်း ပြီး၏။
အချင်းကုန်းမြေနှင့်ကောင်းကင်တို့၊ရွှင်လန်း ဝမ်းမြောက်ကြလော့။ အချင်းပင်လယ်နှင့်ပင်လယ်ထဲရှိ သတ္တဝါအပေါင်းတို့၊အသံကျယ်စွာ ကြွေးကြော်ကြလော့။
အို မိုးကောင်းကင်၊သီချင်းဆိုလော့။ အို ကမ္ဘာမြေကြီး၊ ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။ တောင်ရိုးတို့သည်အသံလွှင့်၍သီချင်းဆိုကြစေ။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်ဆင်းရဲဒုက္ခရောက်လျက် ရှိသော မိမိ၏လူမျိုးတော်အားသနားတော်မူလိမ့်မည်။
``သင်တို့သည်ဗာဗုလုန်ပြည်မှဝမ်းမြောက်စွာ ထွက်ခွာရကြလိမ့်မည်။ မြို့ထဲမှငြိမ်းချမ်းစွာထုတ်ဆောင်ခေါ်ယူခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီးတောင်ငယ်တို့သည်ဟစ်အော်၍ သီချင်းဆိုကြလိမ့်မည်။ သစ်ပင်များသည်လည်းဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။