ကိုယ်တော်ရှင်ကိုထောမနာပြုနိုင်ရန် ကွန်တော်မျိုးအား အသက်ရှင်စေတော်မူပါ။ စီရင်ဆုံးဖြတ်တော်မူခက်မားသည် ကွန်တော်မျိုးအား ကူမတော်မူပါစေသော။
ဆာလံ 67:3 - Common Language Bible အို ဘုရားသခင်၊ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။ Garrad Bible အို ဘု ရား သ ခင်၊ လူ မျိုး တို့ သည် ကိုယ် တော် ကို ချီး မွမ်း လျက်၊ လူ မျိုး အ ပေါင်း တို့ ချီး မွမ်း ကြ ပါ စေ သော။ Judson Bible အို ဘုရားသခင်၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ လူတို့သည် ကိုယ်တော်ကိုချီးမွမ်းကြပါစေသော။ လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးမွမ်းကြပါစေသော။ |
ကိုယ်တော်ရှင်ကိုထောမနာပြုနိုင်ရန် ကွန်တော်မျိုးအား အသက်ရှင်စေတော်မူပါ။ စီရင်ဆုံးဖြတ်တော်မူခက်မားသည် ကွန်တော်မျိုးအား ကူမတော်မူပါစေသော။
ကျွန်တော်မျိုးအားဆင်းရဲဒုက္ခထဲမှလွတ်မြောက် စေတော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ယင်းသို့ကျေးဇူးပြုတော်မူသောကြောင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ လူစုတော်အလယ်တွင် ကိုယ်တော်ရှင်အားထောမနာပြုပါမည်။
ကျွန်တော်မျိုး၏သီချင်းသည်အရှင်မင်း ကြီးအား ထာဝစဉ်ထင်ပေါ်ကျော်ကြားစေပါလိမ့်မည်။ လူအပေါင်းတို့သည်လည်းအရှင်မင်းကြီးအား ကာလအစဉ်အဆက်ချီးမွမ်းကြပါလိမ့်မည်။
အို ဘုရားသခင်၊ လူမျိုးတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုပါစေသော။
ဖိစီးနှိပ်စက်ခြင်းခံရသူတို့အားအရှက်ကွဲ စေတော်မမူပါနှင့်။ ယင်းဆင်းရဲသူများသည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။
ထာဝရဘုရားကငါ့အား``ငါ၏အစေခံ၊ သင့်အားငါသည်ပိုမိုကြီးမြတ်သည့်အမှုကို ဆောင်ရွက်စေမည်။ မသေဘဲကျန်ရှိနေသူဣသရေလအမျိုးသား တို့ ပြန်လည်တန်ခိုးကြီးမားလာကြစေရန်သာမက ကမ္ဘာတစ်ဝှမ်းလုံးပင်ကယ်တင်ခြင်းခံရကြစေရန် ငါသည်သင့်အားလူမျိုးတကာတို့၏အလင်း ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍မိခင်သားဖွားသည့်အချိန်တိုင် အောင် ထာဝရဘုရားသည်မိမိ၏လူမျိုး တော်ကို ရန်သူတို့၏လက်တွင်း၌စွန့်ပစ် ထားတော်မူလိမ့်မည်။ ထိုနောက်ပြည်နှင် ဒဏ်သင့်သူတို့သည် မိမိတို့၏သားချင်း တို့နှင့်ပြန်လည်ပေါင်းစည်းရကြလိမ့် မည်။-