ဆာလံ 66:11 - Common Language Bible ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ထောင်ချောက်တွင်ကျစေတော်မူ၍ လေးလံသောဝန်ကိုထမ်းစေတော်မူပါ၏။ Garrad Bible ကျော ပေါ် မှာ လေး လံ သော ဝန် ကို တင် ခြင်း၊ Judson Bible ကျော့ကွင်းထဲမှာ ကျော့မိစေ၍၊ ကျောကုန်းပေါ်မှာ လေးသောဝန်ကို တင်တော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အကျွန်ုပ်တို့ကို ပိုက်ကွန်ထဲသို့ကျစေ၍ အကျွန်ုပ်တို့၏ကျောပေါ်တွင် ဝန်ထုပ်ကိုတင်တော်မူပြီ။ |
``ကိုယ်တော်သည်အထက်မှမီးကို စေလွှတ်တော်မူသဖြင့်ထိုမီးသည်ငါ၏ကိုယ်ခန္ဓာ အတွင်း၌တောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်သည်ငါ့အားထောင်ချောက်ထောင်၍ ဖမ်းပြီးလျှင်မြေပေါ်သို့လှဲချတော်မူပါ၏။ ထိုနောက်စွန့်ပစ်တော်မူကာတစ်နေ့လုံး ဝေဒနာခံ၍နေစေတော်မူပါ၏။''
ငါသည်ပိုက်ကွန်ကိုဖြန့်၍သူ့အားအုပ်မိကာ ငါ၏ထောင်ချောက်တွင်မိစေလျက်ခါလဒဲ ပြည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်သွားမည်။ သူသည်ထိုမြို့ကိုမမြင်ရဘဲထိုမြို့၌ ပင်သေရလိမ့်မည်။-
သို့ရာတွင်အကူအညီတောင်းရန်သွားနေ စဉ်ငှက်များကိုပိုက်အုပ်၍ဖမ်းသကဲ့သို့ ငါသည်သူတို့ကိုဖမ်းမည်။ သူတို့၏အပြစ် ဒုစရိုက်အတွက်ငါသည်သူတို့အားဒဏ် ခတ်မည်။
အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
အို ထာဝရဘုရားသူတို့၏အနွယ်ကို ကြီးပွားစေတော်မူပါ။ သူတို့ဆောင်ရွက်သမျှကိုလက်ခံတော် မူပါ။ သူတို့၏ရန်သူရှိသမျှကိုနာလန်မထူ နိုင်အောင် ချေမှုန်းတော်မူပါ။''